ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1088
Bay-Din

၂၉-၇-၂၀၁၉ မှ ၄-၈-၂၀၁၉ထိ

တနင်္ဂနွေ

လုပ်ငန်းထဲ၌ စိတ်ပင်ပန်းနေရတတ်သည်။ မိမိ၏ အခက်အခဲကို ကူညီမည့်သူများ ပေါ်လာမည်။ စပ်တူ ရှယ်ယာကိစ္စများ အဆင်ပြေမည်။ လက်စွပ်၊ လက်ဝတ်လက်စားများ ယခုကာလ၌ မ၀ယ်ပါနှင့်။ ကျောင်းသား၊ ကျောင်းသူများ ပညာရေး အခွင့်အလမ်း ကောင်းမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ဂရုစိုက်သင့်သည်။ မေတ္တာရေးသည်ကား သင်ဇွဲမလျှော့ပါနှင့်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်            – အရှေ့မြောက်အရပ်   

ယတြာ                      – သစ္စာပန်းတစ်စည်း ဘုရားတစ်ဆူဆူ၌ ကပ်လှူပါ။

တနင်္လာ

ငွေများ သိုက်ကပေးသည့် အလားဝင်မည်။ သင်ပြောသော စကားများ အောင်မြင်မည်။ သို့သော် ယခုလ၌ တယ်လီဖုန်း မ၀ယ်ပါနှင့်။ လူမျိုးကွဲများ မစကူညီကြမည်။ သင်မျှော်မှန်းထားသော  ကိစ္စတစ်ခု အောင်မြင်မည်။ ဆေးရုံဆေးခန်း တက်ရတတ်သည်မို့ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မခွဲအတူ လက်တွဲရမည့်ကာလ ဖြစ်၏။

အကျိုးပေးသော အရောင်         – ရွှေအိုရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – ခဲပုပ်ရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်            – အရှေ့တောင်အရပ်

ယတြာ                     – ငှက်ပျောသီး ၃လုံးကို အခွံနွှာ၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ

ဘာစီးပွားရေးလုပ်လုပ် အောင်မြင် အဆင်ပြေမည်။ အတိတ်ကံ အကျိုးပေးချိန်တန်၍ အဆင်ပြေမည့် အခါ ဖြစ်၏။ ပရိဘောဂ ပစ္စည်းများ ၀င်မည်။ ပညာရေလည်း ကောင်းမွန်မည်။ တန်ဖိုးကြီးပစ္စည်းများ ပျောက်ရှတတ်သည်ဖို့ ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အနက်ရောင်

မသွားသင့်သော အရပ်            – အနောက်တောင်အရပ်

ယတြာ                     – ငါးအရှင်များကို ဘေးမဲ့ပေးခြင်း ကုသိုလ်ယူပါ။

ဗုဒ္ဓဟူး

မြေ ၀င်နိုင်သည်။ ကောင်းသော ခရီးများသွားရမည်။ သင်သည် လုပ်ငန်းတိုင်း၌ အောင်မြင်ထင်ပေါ် မည့်ကာလ ဖြစ်သည်။ ယာဉ်များ ထွက်တတ်သည်။ သွားခံတွင်းနှင့် ပတ်သက်၍  ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား အချစ်သည် သင့်အတွက် ခွန်အားဖြစ်စေလိမ့်မည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်            – အရှေ့အရပ်

ယတြာ                     – ပန်းတိမ်ငိုပန်း ဘုရားကပ်လှူပါ။

ကြာသပတေး

သင်သည် ထင်ပေါ်၍ စင်တော်ကောက်ခံရမည့်ကာလ ဖြစ်သည်။ သင့်အတွက် စီးပွားလာဘ်လာဘ ပြည့်စုံမည်။ လက်ဝတ်လက်စားများ ၀င်မည်။ ခရီးကောင်းများ သွားရမည်။ သို့သော် မတော်တဆ ထိခိုက်မှု ဖြစ်တတ်၏။ မေတ္တာရေးသည်ကား တိမ်ဖုံးနေ၍ လမသာသောညကဲ့သို့ ကြုံနေရတတ်၏။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်            – အရှေ့အရပ်

ယတြာ                     – သစ်သီးကိတ်မုန့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

တယ်လီဖုန်းဝင်ခြင်း၊ လက်ဆောင်ရခြင်း ကြုံမည်။ အရေးကြီးသော ကိစ္စများ ကြုံနေလျှင် သင်ထိုကိစ္စ ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်။ သားသမီးရတနာရခြင်း၊ မိတ်ဆွေကောင်းများကြောင့် အောင်မြင် အဆင်ပြေမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အူရောင်ခြင်း၊ အူနှင့်ပတ်သက်သော ရောဂါသတိထားရ မည်။ မေတ္တာရေးသည်ကား သင်သည် ချိုတစ်လှည့် ခါးတစ်လှည့်ဖြစ်နေတတ်၏။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်            – အနောက်တောင်အရပ်

ယတြာ                     – သင်သည် အဘိုး၊ အဘွား တစ်ဦးအား ငွေလှူဒါန်းပါ။

စနေ

စိန်ဝင်တတ်သည်။ အကြံကောင်းတစ်ချက်သည် ယခုလိုအချိန်မျိုး ဖြစ်၏။ လူချစ်လူခင် ပေါများမည်။ ငွေများ မိုးပေါ်ကျသည့် အလားဝင်မည်။ တယ်လီဖုန်းပျက်ခြင်း၊ ပြဿနာတစ်ခု ဖြေရှင်းရခြင်း ကြုံနိုင်သည်။ မေတ္တာရေးသည်ကား သင့်လောက်ကံကောင်းမည့်သူ မရှိတော့ပါ။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်            – အနောက်အရပ်

ယတြာ                     – ပေါက်ဆီကို ဘုရားဆွမ်းတော် ကပ်လှူပါ။

                                                 လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                    ဝေဒလက္ခဏသုတေသီ