ထားဝယ်ခရိုင်အတွင်း ထွေအုပ်အခွန် ကျပ်သိန်းသုံးထောင်ကျော်ရ

0
509

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ခံခွင့်ရှိသည့် အခွန်လေးမျိုးမှ ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော် ရရှိထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူးရုံးထံမှ သိရသည်။

ထွေ/အုပ်က မြေခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်နှင့် တာတမံခွန်များ ကောက်ခံလျက် ရှိသည်။

လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁၇ ရက် အထိ အထက်ပါအခွန်လေးမျိုးမှ ငွေကျပ် သိန်းပေါင်း ၃၅၀၀ ကျော် ကောက်ခံရရှိ ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံး စာရင်းအရ သိရသည်။

ခရိုင်အတွင်း ယစ်မျိုးလိုင်စင်များမှ အခွန် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်၊ မြေခွန်ကောက်ခွန် ကျပ် ၄၅၆ သိန်း ကျော်၊ တာတမံခွန် ကျပ် ၁၄ သိန်းကျော်နှင့် ဓာတ်သတ္တုခွန် ကျပ်သိန်း ၁၀၀၀ ကျော် စုစုပေါင်းကျပ်သိန်း ၃၅၀၀ ကျော် ကောက်ခံရရှိထားကြောင်း အထက်ပါ ရုံးထံမှ သိရသည်။

ခရိုင်အတွင်း ယစ်မျိုးလိုင်စင် ၂၄၈ ခုနှင့် ဓာတ်သတ္တုလိုင်စင် ၉၃ ခုရှိ ကြောင်း  ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းမျိုးလိုင်စင်များကို အသစ် ထုတ်ပေးခြင်း မရှိဘဲ လိုင်စင်သက်တမ်း တိုးခြင်း၊ လိုင်စင်ကို အဆင့်မြှင့်ခြင်းများကိုသာ ဆောင်ရွက်ပေးသည်။

ဓာတ်သတ္တုလိုင်စင်တွင် မြစ်၊ သဲ၊ ကျောက်လုပ်ငန်း၊ ထုံးကျောက်ထုတ် လုပ်မှုလုပ်ငန်း၊ လမ်းခင်းကျောက် ထုတ်လုပ်မှုလုပ်ငန်း အစရှိသည့် လုပ်ငန်းများ ပါဝင်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

“တာတမံအခွန်က အနည်းဆုံးပဲ။ အဓိက ကတော့ ယစ်မျိုးခွန်က ရတာ များတယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။

ကောက်ခံရရှိသည့် အထက်ပါ အခွန်ငွေများကို တိုင်းဒေသကြီးရန်ပုံငွေအဖြစ် ပေးသွင်းရကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(မီနီဘတ်ဂျက်) ခြောက်လတာကာလအတွင်း ယစ်မျိုး ခွန်ငွေကျပ်သိန်း ၉၀၀ ကျော်၊ မြေခွန် ကျပ် ၉သိန်းကျော်၊ တာတမံခွန်အဖြစ် ကျပ် ၂ သောင်းကျော်နှင့် ဓာတ်သတ္တုခွန် အဖြစ် ကျပ်သိန်း ၁၀၀၀ ကျော် ကောက်ခံ ရရှိခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။

Dawei Watch