ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
767

၂၂-၇-၂၀၁၉ မှ ၂၈-၇-၂၀၁၉ထိ

တနင်္ဂနွေ

လုပ်ငန်းထဲ၌ စိတ်မကြည်မသာ ဖြစ်ရတတ်သည်။ ယခုကာလ၌ ယာဉ်မ၀ယ်သင့်သေးပေ။ သင်တန်း တက်ရမည်။ မိမိဂုဏ်သတင်းများ ထင်ရှားမည်။ လူမျိုးကွဲဘာသာကွဲတို့၏ ကူညီစောင်မမှု၊ ထောက်ပံ့မှု များ ရရှိမည်။ မြေ၀င်မည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြား အကျိုးပေးမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ခိုင်မြဲသည်ထက် ခိုင်မြဲပါမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်            – အရှေ့မြောက်အရပ်

ယတြာ                              – အသက်ကြီးသော ဘိုးဘွားများအား ငွေလှူဒါန်းပါ။

တနင်္လာ

ရှေးဟောင်းပစ္စည်းများ ရရှိတတ်သည်။ လူမျိုးကွဲတို့ သင့်ကို ကူညီမစမည်။ တန်ခိုးကြီးဘုရားပုံတော်များ လက်ဆောင်ရမည်။ ငွေကြေးများစွာ ၀င်လာမည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ ဆွေမျိုးသားချင်းနှင့် ပတ်သက်၍ စိတ်မချမ်းမြေ့စရာ သတင်းကြားရတတ်သည်။ ကျန်းမာရေးစိုးရိမ်စရာမရှိပါ။ မေတ္တာရေး သည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – ငွေရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်            -အရှေ့မြောက်အရပ်

ယတြာ                              – သစ္စာပန်းကို ဘုရားပန်းအဖြစ် ကပ်လှူပါ။

အင်္ဂါ

အလှူမင်္ဂလာများ ပြုရတတ်သည်။ သင်လုပ်ချင်သော လုပ်ငန်းများ ယခုအချိန် ဆောင်ရွက်က မုချ အဆင်ပြေမည်။ သင့်ဘ၀တစ်ဆစ်ချိုး ကံကောင်းမည့်ကာလ ဖြစ်သည်။ ပညာရေးနှင့် ပတ်သက်၍ ကံကောင်းမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ ဗိုက်အောင့်၊ ဗိုက်နာဝေဒနာများ ဖြစ်တတ်သည်။မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်            – အနောက်တောင်အရပ်

ယတြာ                               – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒ္ဓဟူး

အကယ်၍ သင်သည် ပြဿနာတစ်ခုကြုံနေပါက မကြာခင်ပြန်လည် အဆင်ပြေသွားမည်။ စီးပွားရေး လုပ်ငန်းများ ကောင်းမွန်မည်။ သင့်အိမ်သို့ ရပ်ဝေးဧည့်သည် များလာမည်။ မထင်မှတ်ဘဲ ငွေကြေးများစွာ ၀င်လာမည့်ကာလ ဖြစ်သည်။ ဒူးနာ၊ ခါးနာ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အချစ်သည် သင့်ကို ကြည်နူးမှုတစ်လှည့်၊ ခါးသီးမှုတစ်လှည့် ဖြစ်စေတတ်သော အခါဖြစ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်            – မြောက်အရပ်

ယတြာ                               – မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ဆရာကောင်း၊ သမားကောင်းများကြောင့် အကျိုးကျေးဇူးများ ရရှိမည်။ သင့်သည် လုပ်ငန်းကို ကြိုးစားမှု ကြောင့် အကျိုးကျေးဇူး ခံစားရမည့်ကာလ ဖြစ်သည်။ ဥစ္စာအမွေရမည့်ကာလ ဖြစ်၏။ သင်ရောင်းချင်သော စက်ပစ္စည်းများထွက်မည်။ သွားရောဂါ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား သောကပျောက်၍ မေတ္တာပန်းများ လန်းဆန်းဝေဖြာနေမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ ရွှေရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်            – အရှေ့အရပ်

ယတြာ                               -စံပယ်ပန်း ဘုရားကပ်လှူပါ။

သောကြာ

ခရီးဝေးများ သွားရတတ်သည်။ သင်ပြောသောစကားများ ထိရောက်အောင်မြင်မည်။ ရွှေဝင်မည်။ ပညာရေးနှင့်ပတ်သက်၍ စိုးရိမ်သောက မဖြစ်ပါနှင့်။ ငွေကြေးများစွာ ၀င်လာမည်။ သို့သော် စက်ပစ္စည်းများ မ၀ယ်ပါနှင့်။ တယ်လီဖုန်း၊ TV များ ပျက်စီးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်အတူ မခွဲမခွာ လက်တွဲရမည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်            – အရှေ့အရပ်

ယတြာ                               – စံပယ်ပန်း ဘုရားကပ်လှူပါ။

စနေ

ကားဝင်မည်။ ပုလဲကျောက်မျက်ဝင်မည်။ ခရီးဝေးများ သွားရတတ်သည်။ ချစ်သူကြင်သူ ပေါများမည်။ ရွှေထည်ပစ္စည်းများ ပြုတ်ကျ ပျက်စီးတတ်သည်။ စကားမှားတတ်သည်မို့ အထူးသတိထားပါ။ ကျန်းမာရေးနှင့်ပတ်သက်၍ အရိုးအကြော သတိထားပါ။ မေတ္တာရေးသည်ကား သင့်အတွက် ရွှေရောင် အိပ်မက်များ တကယ်ဖြစ်လာသောအခါဖြစ်သည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်            – တောင်အရပ်

ယတြာ                               – မုန့်ဖက်ထုပ် ဘုရားဆွမ်းတော်ကပ်လှူပါ။

                                                    လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

ဝေဒလက္ခဏသုတေသီ