ထားဝယ်သား လေထီးစီးသမား ကိုဝါယုနှင့် တွေ့ဆုံခြင်း

1654
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“ထားဝယ်က ဘယ်လောက်လှသလဲဆိုတာ
ကျွန်တော်တို့တောင် ကြော်ငြာစရာ မလိုဘူး။
သူတို့ပဲ ကြော်ငြာသွားကြလိမ့်မယ်”

လောင်းလုံးမြို့နယ်၊ ဂေါ့အင်းရွာဇာတိဖြစ်သူ ကိုဝါယုသည် လက်ရှိတွင် ဘန်ကောက်မြို့တွင် နေထိုင်နေလျက်ရှိပြီး သူဝါသနာပါသည့် ဏမေောသအသမ ခေါ် စက်တပ်ဆင်ထားသည့် လေထီးကို တစ်စိုက်မတ်မတ် ပျံသန်းစီးနင်းလျက် ရှိသည်။ ယခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ထားဝယ်မြို့၌ ထိုင်းလေထီးစီးသမား များနှင့်အတူ လာရောက် ပျံသန်းပြခဲ့ဖူးသည်။ လာမည့် သီတင်းကျွတ်လတွင် ထားဝယ်သို့ပြန်လာပြီး Paramotor စီးနည်းကို အခမဲ့သင်ပေးရန် စီစဉ်နေသည့် ကိုဝါယု နှင့် တနင်္သာရီ အပတ်စဉ်က တွေ့ဆုံမေးမြန်းထားပါသည်။

တနင်္သာရီ။       ။ဒီနှစ် လွတ်လပ် ရေးနေ့ အခမ်းအနားတုန်းက ထားဝယ်မှာ လာစီးဖြစ်ခဲ့သေးတယ် မဟုတ်လားခင်ဗျ။ ဘယ်လိုကနေ ဘယ်လို လာစီးဖြစ်ခဲ့တာလဲ။

ကိုဝါယု။                    ။ စီးဖြစ်တာက ထိုင်းနိုင်ငံက လေထီးစီးသူတွေက ကျွန်တော့် ကို သင်ပေးပြီးနောက်ပိုင်း “ငါတို့ မြန်မာ ပြည်မှာလဲ ပျံချင်တယ်” ဆိုပြီး ပြောလာ ကြတယ်။ နေ့တိုင်းပြောနေတယ်။ “ထား ၀ယ်မှာ သွားကစားချင်တယ်”ဆိုပြီး။ ဒါကြောင့် ကျွန်တော်လည်း ရှောင်လွှဲလို့ မရတော့ဘဲ ထားဝယ်မှာ သွားကစားလို့ ရအောင် ဆက်သွယ်ပေးမယ်ဆိုပြီး အာမခံလိုက် တော့တယ်။ တကယ်တော့ ကျွန်တော်က ထားဝယ်မှာ ဘယ်သူမှ ကောင်းကောင်း မသိဘူး။ ကျွန်တော့် ယောက္ခမနဲ့ လူကြီးတွေနဲ့ NLD က လူတွေနဲ့ ၀ိုင်းဝန်းပြီး တောင်းဆိုပေးတယ်။ အစိုးရကလည်း ခွင့်ပြုပေးတယ်။

တနင်္သာရီ။       ။ ထိုင်းကစားသမားတွေက ထားဝယ်မှာ ဘာလို့ ပျံချင်ကြတာ လဲ။

ကိုဝါယု။           ။ သူတို့က ထားဝယ် ဆိုပြီး သီးသန့်တော့ မဟုတ်ဘူး။ မြန်မာနိုင်ငံက လှတယ်ဆိုတာ သူတို့ သိထား တယ်။ သဘာဝအလှတရားတွေရှိတယ် ဆိုတာ သိထားတယ်။ သူတို့တွေက မြန်မာနိုင်ငံရဲ့ ဓလေ့တွေ၊ ရိုးရာတွေ၊ အလှအပတွေ အဲဒါတွေကို ကြည့်ချင်လို့။

တနင်္သာရီ။       ။ ဘန်ကောက်မှာ စီးရတာနဲ့ ထားဝယ်မှာစီးရတာ ဘာကွာလဲ။

ကိုဝါယု။ ။ အများကြီးကွာ တယ်ဗျ။ ဘန်ကောက်မှာက မြေပြားကြီး။ လယ်ကွင်းတွေ ရှိမယ်။ တိုက်တွေပဲ ရှိတယ်။ တက်လိုက်ချိန်တိုင်း ဘယ်ကွင်း မှာပဲ ကစားကစား ဒီမြင်ကွင်းတွေပဲ တွေ့ရတယ်။ ထားဝယ်မှာကျတော့ တောင်တန်းတွေ ရှိတယ်။ ပင်လယ်တွေရှိ တယ်။ ရှေးဟောင်းအိမ်တွေ မြင်ရတာ လည်း ရှိတယ်။ သဘာဝအလှတရားတွေ အများကြီး ရှိတယ်။ ထားဝယ်မှာစီးဖူး တဲ့သူတွေဆိုရင် ဒီမှာ ပြန်ကြွားကြတာတွေ ကြားရတယ်။ ထားဝယ်မှာ ဘာတွေတွေ့ ရတယ်ဆိုပြီး။

တနင်္သာရီ။           ။ Paramotor ကို ဘယ်အချိန်ကစပြီး စစီးဖြစ်လဲ ခင်ဗျ။

ကိုဝါယု။                   ။ ကျွန်တော်စီးတာ တစ်နှစ်လောက်ရှိပြီ ခင်ဗျ။

တနင်္သာရီ။     ။ ဘယ်လိုစိတ်ကူးနဲ့ စီးဖြစ်တာလဲ။

ကိုဝါယု။                   ။  ကျွန်တော်က ငယ်ငယ်ကတည်းက ၀ါသနာရှိတယ်ဗျ။ ထိုင်းတွေစီးနေတာ မြင်တယ်။ တီဗွီတွေ ထဲမှာ မြင်ရတယ်ဆိုတော့ စီးချင်တဲ့အာသီသ ရှိခဲ့တယ် လေထီးစီးတာကို။ ပြီးတော့ ကျွန်တော်ငယ်ငယ်ကတည်းက လေယာဉ် အငယ်လေးတွေ လုပ်တမ်းကစားတာတွေ ကို အမြဲတမ်းလေ့လာနေတယ်။ သူများစီး တာမြင်တော့ စီးနေတဲ့သူတွေနောက်ကို လိုက်တယ်။ ဒါပေမယ့်လည်း စီးနေတဲ့ သူတွေက မသင်ပေးကြဘူး။

မသင်ပေးပေမယ့် သူတို့စီးတဲ့နောက် ကို အမြဲတမ်း လိုက်လိုက်နေတာ။ ကိုယ် နဲ့ မသိပေမယ့် ဒီလိုပဲ လိုက်နေတာ။ ကျွန်တော်က မြန်မာတစ်ယောက်ဖြစ်လို့ သူတို့က မသင်ပေးဘူး။ သူတို့ရဲ့ ဥပဒေ တွေ၊ စည်းကမ်းတွေနဲ့ ထိန်းထားတာတွေ လည်း ရှိတယ်လေ။ သူတို့သင်ပေးခဲ့ရင် သူတို့တာဝန်ယူရမယ် ဆိုတာရှိတယ်။ ပြီးတော့ မြန်မာတစ် ယောက်ဖြစ်နေတဲ့ အတွက်ကြောင့်လည်း သူတို့က မသင် ပေးဘူး။ သူတို့နိုင်ငံမှာ အလုပ်လာလုပ် တဲ့ မြန်မာတစ်ယောက်က လေထီး ၀ယ်နိုင်မှာ မဟုတ်ဘူးလို့လည်း သူတို့က ထင်ထားတာကိုး။

ဒါပေမယ့် ကျွန်တော်က အမြဲတမ်း လိုက်နေတာ။ သူတို့ဆီကို သွားတိုင်း ကျွန်တော်က ရေခဲတွေဝယ်သွားတယ်။ ရေတွေဝယ်သွားပြီးတော့ သူတို့ကို လိုက်ပေးသောက်တယ်။ နောက်ဆိုတော့ ကျွန်တော်အဲလိုမျိုးလိုက်နေတော့ သူတို့ က အားနာပြီး မသင်ပေးလို့ မရတော့ဘူး ဆိုသလိုမျိုး ကျွန်တော့်ဆရာ Sa Waent က ကျွန်တော့်ကို သနားလာလားတော့ မသိဘူး။ ငါ သင်ပေး မယ်တဲ့ သူက။  ငါက မြန်မာတွေ၊ ထိုင်းတွေ မခွဲခြားဘူး တဲ့။ နင် စိတ်ကောင်းရင်၊ နင်လူကောင်းဆို ရင် ငါသင်ပေးမယ် ဆိုပြီး ပြောတယ်။ သူက ကျွန်တော့်ကို သုံးလေးရက်လောက် လေ့လာလိုက်ပြီးတော့ သင်ပေးမယ်လို့ အာမခံပြီးသင်ပေးတော့ တာပဲ။ တကယ် တော့သူသင်ပေးမယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော်က ထီး(လေထီး) ၀ယ်ထားပြီး ပြီ။ စက်လည်းဝယ်ထားပြီးပြီ။ ဒါပေမယ့် ထီးဝယ်တဲ့အချိန်မှာ သူတို့က ထီးကို ပေးလိုက်ပေမယ့် စက်ကို မပေးလိုက်ဘူး။ လူတိုင်းကို မပေးလိုက်ဘူး။ စီးမတတ် သေးတဲ့သူကို စက်အတွက် ပိုက်ဆံပေးခဲ့ရ ပေမယ့် စက်ကို မအပ်လိုက်ဘူး။ တကယ် လို့ ကျွန်တော်စီးလို့မတတ်သေးဘဲနဲ့ စက်ကိုယူပြီး ကွင်းမှာ သွားစီးပြီဆိုတာနဲ့ သူများတွေ ကန့်ကွက်ပြီပဲ။ စီးလို့မတတ် သေးတဲ့သူကို ဘယ်သူရောင်းလိုက်လဲ။ ရောင်းတဲ့သူက ဘယ်သူလဲဆိုပြီးတော့။

တနင်္သာရီ။     ။ ပထမဆုံးစီးတုန်းက ဘယ်လိုခံစားရလဲ။

ကိုဝါယု။          ။ ကြောက်လည်း ကြောက်တယ်။ ကြောက်တာထက် လန့်တာက များတယ်။ တော်တော်မြင့် တာပဲဆိုပြီး။ မျက်လုံးလည်း ပြာသွား တယ်။ ပါဝါမကိုက်တဲ့ မျက်မှန်တပ်ထား ရသလိုမျိုး ခံစားရတယ်။

တနင်္သာရီ။     ။ အစ်ကိုက ဒီမှာ ဏမေောသအသမ စီးနေတာပေါ့နော်။ အခု တလော ထားဝယ်မှာ Paramotor အပျော်တမ်းကလပ်ဖွဲ့မယ်ဆိုပြီး စီစဉ်နေ တယ်လို့ သိရတယ်။ ဒီလိုမျိုးကလပ်ဖွဲ့ တာနဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ သိထားတာရှိလား။ အဲဒီလိုမျိုး ကလပ်ဖွဲ့ တဲ့အပေါ်မှာ အစ်ကို့အနေနဲ့ ဘယ်လို မြင်လဲခင်ဗျ။

ကိုဝါယု ။         ။ ထားဝယ်မှာ Paramotor မ ကလပ် ဖွဲ့မယ်ဆိုတာကို ကျွန်တော့်အနေနဲ့တော့ သေချာမသိသေး ဘူး။ သတင်းကတော့ ကြားနေရတယ်။ သူတို့တွေလည်း တစ်ခါတစ်လေ စကား လာပြောတာတွေရှိတယ်။ ကျွန်တော် လာသင်ပေးရမယ်ဆိုပြီး။ ဒါပေမယ့် ကလပ်ဖွဲ့တဲ့ကိစ္စတော့ ကျွန်တော် မသိရ သေးဘူးခင်ဗျ။

ဘယ်လိုအခြေအနေလုပ်မယ်ဆိုတာ လည်း ကျွန်တော် မသိရသေးဘူးခင်ဗျ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ကတော့ ရှိတယ်။ ကျွန်တော့် ရည်ရွက်ချက် က ထားဝယ်ဒေသခံတွေ အတွက် ဘာလုပ်ပေးမယ်ဆိုတာ ကျွန်တော့်မှာရှိ တယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ကူးက ဘယ်လိုရှိတယ်ဆိုတာ မသိရသေးဘူး။ သူတို့လည်း ကျွန်တော့်ကို မဆွေးနွေးလာ သေးဘူး။

တနင်္သာရီ။       ။ Paramotor နဲ့ ပတ်သက်ပြီး ထားဝယ်ကို ဘယ်လောက် ထိမျှော်မှန်းထားလဲခင်ဗျ။

ကိုဝါယု။                    ။  Paramotor နဲ့ ပတ်သက်ပြီး နိုင်ငံခြားသားတွေ ခေါ်ပြီး လာကစားလို့ရအောင်။ ကမ္ဘာမှာလှည့် ပတ်ပြီးစီးနေကြတဲ့ လေထီးသမားတွေကို ထားဝယ်ကိုဝင်လာ ကစားနိုင်အောင် ရည်မှန်းထားတယ်။ သူတို့ထားဝယ်မှာ လာကစားရင် ထားဝယ်မှာ ပိုက်ဆံတွေ လာဖြုန်းမယ်။ ဆိုင်တွေရောင်းကောင်း လာမယ်။ ဟိုတယ်တွေလည်း ဧည့်သည် တွေများလာမယ်။ ထားဝယ်ရဲ့ အလှအပ တွေကိုလည်း ကမ္ဘာက သိလာလိမ့်မယ်။ ကစားသမားတွေကပဲ ဖြန့်ဖြူးသမား တွေဖြစ်သွားလိမ့်မယ်။ ထားဝယ်က ဘယ်လောက်လှသလဲဆိုတာ ကျွန်တော် တို့ ကြော်ငြာစရာမလိုဘူး။ သူတို့ပဲ ကြော်ငြာသွားကြလိမ့်မယ်။ ဒါဆို ကမ္ဘာ လှည့်ခရီးသွားတွေက ထားဝယ်ကိုစိတ်ဝင် စားလာမယ်။ အဲဒါက ရည်ရွယ်ချက်ပါ။

တနင်္သာရီ။     ။ ခုနက အစ်ကို ပြောတာက နိုင်ငံခြားသားတွေ ထားဝယ် မှာလာစီးရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေ ပေါ့နော်။ တချို့က ပြောကြတာရှိတယ်။ ဟိုတစ်ခါက အစ်ကိုတို့ ထားဝယ်မှာလာ စီးတုန်းကပေါ့။ နိုင်ငံခြားသားတွေကို ပျံခွင့်ပေးရင် ထားဝယ်မြို့ရဲ့ အနေအထား အပေါ်စီးကနေ သိရပြီး လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုတာမျိုး ကြားခဲ့ရတာရှိ တယ်။ အဲဒီအပေါ်မှာ အစ်ကို့အနေနဲ့ ဘယ်လိုမြင်လဲဗျ။

ကိုဝါယု။                    ။ အဖွဲ့အစည်းတွေ၊ ကလပ်တွေရှိလာရင် ထိန်းသိမ်းတဲ့သူက ကလပ်ကပဲ ဖြစ်မှာပဲ။ သူတို့ ဘယ်မှာ စီးသင့်တယ်။ ဘယ်မှာ မစီးသင့်ဘူးဆိုတာ တကယ့်တာဝန်ယူ၊ တာဝန်ခံလိုက်တာက ကလပ်ကလူတွေပါပဲ။ ပြီးတော့ အခု ခေတ်က ဂြိုလ်တုခေတ်ဗျ။ အန္တရာယ် ပေးချင်တယ်ဆိုရင် မြန်မာနိုင်ငံထဲကို ၀င်လာပြီး အန်္တရာယ်ဖြစ်ခံပြီး လာလေ့လာ စရာမလိုဘူး။ ဘယ်နေရာမှာ ဘယ်ရှိ တယ်ဆိုတာ အကုန်သိနေတဲ့ခေတ်မှာ။  အိမ်ကနေ ကွန်ပျူတာ၊ ဖုန်းထဲက ကြည့်ရင် ဘယ်အိမ်မှာ ဘယ်ခေါင်မိုးမိုး ထားတယ်ဆိုတာတောင် ကြည့်လို့ရနေ တယ်လေ။ အခုခေတ်မှာ။ လုံခြုံရေး အတွက်တော့ စိတ်ချ။ Paramotor က အဝေးကြီးပြေးလို့ရတာလည်းမဟုတ်ဘူး။ တက်ချင်တဲ့နေရာတက်၊ ဆင်းချင် တဲ့နေရာဆင်းလို့ ရတာလည်း မဟုတ်ဘူး။ အားကစားနည်းတစ်ခုပါပဲ။

တနင်္သာရီ။     ။ နောက်ဆုံးအနေနဲ့ တခြားဘာပြောချင်တာရှိသေးလဲ။

ကိုဝါယု။                    ။ Paramotor စီး တာက ကျွန်တော်တို့ ထားဝယ်သားတွေနဲ့ အလှမ်းမဝေးဘူး။ ကျွန်တော်တို့မှာ အခွင့်အရေး မရှိတာလောက်ပဲ။ ဒါကြောင့် အခုချိန်မှာ သင်ပေးမယ့် အခွင့်အရေးလည်း ရှိတယ်။ လူကြီးတွေလည်း အဲဒါက နိုင်ငံအတွက် အကျိုးရှိတယ်ဆိုတာ သိပါ လိမ့်မယ်။ ဒါကြောင့် ထားဝယ်သားတွေ စုစုလုံးလုံးနဲ့ ထားဝယ်က တော်တော်လှပ တယ်ဆိုတာကို ကမ္ဘာကိုပြရအောင်လို့ ပြောချင်ပါတယ်။

တနင်္သာရီ။       ။ ကျေးဇူးတင်ပါ တယ်ခင်ဗျား။

Dawei Watch