လူငယ်ရေးရာမူဝါဒ ရှင်းလင်းပွဲ များအတွက် ရန်ပုံငွေ ကျပ်သိန်းသုံးဆယ် နီးပါးရရှိ

0
458

တနင်္သာရီတိုင်းအတွင်း မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်း လင်းပွဲများအတွက် အသုံးပြုရန် ကျပ်သိန်း    ၃၀ နီးပါးရရှိထားကြောင်း တနင်္သာရီတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အသုံးပြုရန် ရန်ပုံငွေ ကျပ် ၂၈၁၂၅၀၀ ခွင့်ပြုထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ လူငယ်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ သူတို့က ပူးပေါင်းရေးဆွဲ ခဲ့ပြီး ယင်းမူဝါဒကို နိုင်ငံတော်၏အတိုင် ပင်ခံပုဂ်္ဂိုလ်က လက်မှတ်ရေးထိုးကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် အတည်ပြုခဲ့ သည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ခွင့်ပြုပေး ထားသော ရန်ပုံငွေဖြင့် တိုင်းအတွင်းရှိ လူငယ်များကို တနင်္သာရီတိုင်း လူငယ် ရေးရာကော်မတီက ဦးဆောင်ပြီး မြန်မာ နိုင်ငံလူငယ်ရေးရာ မူဝါဒ ပါအချက်များကို ထပ်ဆင့်ရှင်းရမည်ဖြစ်ကြောင်း အထက်ပါဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။

ယင်းရန်ပုံငွေသည် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီမှ တောင်းဆိုရာမှ ရရှိလာသည့် ရန်ပုံငွေဖြစ်ကြောင်း မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ တွဲဖက် အတွင်းရေးမှူး ကိုဟိန်းထက်က ပြောသည်။

“အခုရရှိတဲ့ ရန်ပုံငွေက လုံလောက်မှု တော့ မရှိသေးဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ငွေကြေးပမာဏ တစ်ခုအနေနဲ့ အစိုးရက နေပြီး သတ်မှတ်ပေးတာပဲ ၀မ်းသာစရာ အနေအထားတစ်ခု ရှိလာတာပေါ့”ဟု တနသာင်္ရီတိုင်း လူငယ်ရေးရောကော်မတီ ကိုယ်စားလှယ်လည်းဖြစ်သည့်  ကိုဟိန်းထက်က ဆိုသည်။

ယင်းမူဝါဒတွင် လူငယ်များ ရသင့်၊ ရထိုက်သည့် အခွင့်အရေးများ၊  မူးယစ် ဆေးဝါးကိစ္စ၊ ပညာရေး စသည့်ကိစ္စများ ကို အစိုးရအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်ဆိုသည့်အချက်များ ပါဝင်ပြီး လူငယ်များအနေဖြင့်လည်း မည်သည့် ကဏ္ဍမှ ပူးပေါင်းပါဝင် လုပ်ဆောင် မည်ဆိုသည့် အချက်များလည်း ပါဝင် ကြောင်း ကိုဟိန်းထက်က ပြောသည်။

ကျော်သူစိုး