နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းေ ရာဂါ ကာကွယ်ပါ

0
1586

ဖြစ်ပွားရခြင်းအကြောင်းအရင်းများ

ဆေးပြင်းလိပ်သောက်ခြင်းနှင့် တခြားသူ သောက်သောဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း။

အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်း ခြင်း။ (မီးခိုးငွေ့၊ ဖုန်မှုန့်၊ အငွေ့မျိုးစုံ)

အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ကို ဥပဒ်ဖြစ်စေသော လုပ်ငန်းခွင်ဆိုင်ရာ အခဲ၊ အရည်၊ အငွေ့ပစ္စည်းများကို ကိုင် တွယ်ရှူရှိုက်ထိတွေ့ခြင်း။

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါ၏ လက္ခဏာများ

(၁) ရေရှည်ချောင်းဆိုးခြင်း။

(၂) မောပန်းလျှင် ရွှီရွှီမြည်ခြင်း။

(၃) ချွဲသလိပ်များခြင်း။

(၄) ရောဂါရင့်လျှင် လှုပ်ရှားလိုက် သည်နှင့် မောခြင်း။

(၅) ပန်းနာရင်ကျပ်ရောဂါကဲ့သို့ ဖြစ်လိုက်ပျောက်လိုက် မဟုတ်ဘဲ နာတာ ရှည်ခြင်း။

(၆) ကာလကြာလျှင် အဆုတ်အတွင်း သွေးတိုးတက်ပြီး နှလုံးပါထိခိုက်ခြင်း။

လိုက်နာဆောင်ရွက်ရန်အချက်များ

(၁) ဆေးလိပ်ဖြတ်ပါ။

(၂) ဖုန်၊ အမှုန့်၊ အငွေ့များကို တတ်နိုင်သလောက်ရှောင်ရှားပါ။

(၃) ရောဂါဖြစ်လျှင် နားလည်တတ် ကျွမ်းသူများထံတွင် စောစီးစွာ ပြသကုသပါ။

(၄) ညွှန်ကြားသောဆေးဝါးများကို ပုံမှန်သုံးစွဲပါ။

 ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန