ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ရုံးချိန်း ထူးခြားချက်များ

0
4034
ဇူလိုင်လ ၁၁ ရက်နေ့ရုံးချိန်းသို့ရောက်ရှိလာသည့် ဦးဝင်းရှိန်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့်  တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ အမှု ၁၉ ကြိမ် မြောက်နှင့် ၂၀ ကြိမ်မြောက်ရုံးချိန်းကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်း နှစ်ရက်အတွင်း ထူးခြားချက်များကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

 GGS ဥက္ကဋ္ဌ အာမခံပယ်ချ

GGS ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းထွေး ၏ အာမခံလျှောက်ထားမှုကို တိုင်းတရားသူကြီးက ပယ်ချလိုက်သည်။

ဦးသိန်းထွေးအား အာမခံပေးရန် ၎င်း၏ ရှေ့နေများက ဇွန်လ ၂၅ ရက် ရုံးချိန်းတွင် လျှောက်ထားခဲ့ခြင်း ဖြစ် သည်။

လက်ရှိစွဲဆိုထားသည့်အမှုမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် သီးခြားပြဋ္ဌာန်းထားသည့်ဥပဒေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် စွဲဆို သည့်အမှုဖြစ်ပြီး အဂတိကော်မရှင်က တရားစွဲဆိုခွင့်ပြုမိန့်ဖြင့် စွဲဆိုသည့် အမှုဖြစ်ခြင်းတို့ကြောင့် အာမခံလျှောက်ထားမှုကို ပယ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

GGS ဒါရိုက်တာနှစ်ဦး၏ အာမခံလျှောက်ထားမှု နှစ်ဘက်လျှောက်လဲ

– GGS ကုမ္ပဏီ၏ ဒါရိုက်တာ နှစ်ဦးဖြစ်သည့် ဦးသူရအုံနှင့် ဦးအောင်မြတ်တို့၏ အာမခံလျှောက်ထားမှုအပေါ် နှစ်ဘက်ရှေ့နေများက အပြန်အလှန် လျှောက်လဲခဲ့ကြသည်။

၎င်းတို့နှစ်ဦးကို အာမခံပေးရန် ဇူလိုင်လ ၂ ရက်က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဦးသူရအုံနှင့် ဦးအောင်မြတ်၏ အကျိုးဆောင်ရှေ့နေက ၎င်းတို့ကို အာမခံ ပေးပါက ဂက်စ်ဖိုးကြွေးကျန်များကို လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာနသို့ ပေးသွင်း နေပြီး အာမခံရရှိပါက ယင်းထက်ပိုမိုပေးသွင်းနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ် ထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကိုလည်း ယခု ထက်ပိုမိုကောင်းမွန်အောင် စီမံလုပ် ကိုင် ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်မည့်သူများ မဟုတ်ကြောင်း လျှောက်ထားခဲ့သည်ဟု တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

တရားလိုဘက်မှ လိုက်ပါဆောင် ရွက်နေသည့် ဥပဒေအရာရှိများကမူ အဂတိလိုက်စားမှုကို အစိုးရက မူဝါဒ တစ်ရပ်အနေဖြင့် တိုက်ဖျက်နေပြီး လက်ရှိ စွဲဆိုထားသည့် အမှုမှာ အာမခံမပေးနိုင်သည့် အမှုဖြစ်ခြင်း၊ အဓိကတရားလိုပြ သက်သေများကို စစ်မေးရန် ကျန်နေ ခြင်း၊ အာမခံပေးပါက ယင်းတရားလိုပြ သက်သေများကို ဖျက်ဆီးနိုင်ခြင်း၊ ထွက် ပြေးတိမ်းရှောင်နိုင်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံမပေးသင့်ကြောင်း ကန့်ကွက်လျှောက်ထားခဲ့ ကြောင်း ၎င်းက ပြောသည်။

ဦးအောင်မြတ်နှင့် ဦးသူရအုံတို့၏ အာမခံလျှောက်ထားမှုကို ဇူလိုင်လ ၂၃ ရက်ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း တရားသူကြီး ဦးခင်မောင်မောင်က တရားခွင်အတွင်း ပြောသည်။

တရားလိုပြသက်သေ တိုင်းအစိုးရ အဖွဲ့အတွင်းရေးမှူးဟောင်း ဦးဝင်းရှိန်ကို စစ်ဆေး

တရားလိုပြသက်သေအဖြစ် တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကို စစ်ဆေးခဲ့သည်။

 ဦးဝင်းရှိန်ကို ထားဝယ်ခရိုင်လျှပ် စစ်ထုတ်လုပ်ရေးစာချုပ်ကိစ္စ၊ လေယာဉ် ကွင်းချုံရှင်းသည့်ကိစ္စ၊ ငါးလေလံဈေး ကိစ္စ၊ နေပြည်တော်ရှိ တိုင်းအစိုးရဧည့် ရိပ်သာတည်ဆောက်မှုကိစ်္စတို့ကို နှစ် ဘက်ရှေ့နေများက အပြန်အလှန် စစ်မေး ခဲ့သည်။

ဦးဝင်းရှိန်က ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘော တူစာချုပ်ကိစ္စကို စစ်မေးချိန်တွင် အဆိုပါ စာချုပ်ရှိ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ (GGS)၊ အသိသက်သေများ အစရှိသည့် နေရာတွင် လက်မှတ်ထိုးပြီးမှသာ ၎င်းထံ စာချုပ်ရောက်လာကြောင်း ဦးဝင်းရှိန်က တရားခွင်အတွင်း ထွက်ဆိုသည်။

သက်သေနေရာတွင် လက်မှတ်ထိုးထားသည့် တိုင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် (ဦးကြည်လှိုင်သည် လက်ရှိတွင် ၀န်ကြီးအဖြစ်မှ နုတ်ထွက် ထားသည်။)နှင့် တိုင်းလျှပ်စစ်အင်ဂျင် နီယာရုံးမှ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏ တို့က စာချုပ်တွင် လက်မှတ်ထိုးပြီးဖြစ်သည့် အတွက် စာချုပ်ကို သေချာ စွာမဖတ်တော့ဘဲ လုပ်ကိုင်ခွင့်ပြုသူနေရာတွင် လက်မှတ်ထိုးပေးလိုက်ကြောင်း ဦးဝင်းရှိန်က ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ချုပ်ဆို ခဲ့သည့် အဆိုပါစာချုပ်တွင် တိုင်းအစိုးရကိုယ်စား လုပ်ကိုင်ခွင့်ပြုသူနေရာ၌ ဦးဝင်းရှိန်က လက်မှတ်ထိုးထားသည်။

ထို့အပြင် အသိသက်သေနေရာတွင် လက်မှတ်ထိုးထားသည့် Andrew Lee ဆိုသူကိုလည်း မည်သူမည်ဝါမှန်း မသိရှိကြောင်း ၎င်းက ထွက်ဆိုသည်။

တရားစွဲဆိုထားသည့် အမှုအကြောင်း အရာတွင် ပါဝင်သည့် ထားဝယ်လေယာဉ် ကွင်းအတွင်းအပြင် ချုံရှင်းသည့်ကိစ္စ တွင်လည်း တိုင်းအစိုးရနှင့် တိုင်းရ/သုံး မှန်းခြေငွေစာရင်းဦးစီးဌာနက အတည်ပြု ထားသည်မှာ လုပ်ငန်းသုံးရပ်ဖြစ်သော် လည်း လုပ်ဆောင်ချိန်တွင် လုပ်ငန်းတစ်ခု တည်းသာ ဆောင်ရွက်ခဲ့ခြင်းက မည်သည့် အခွင့်အမိန့်ဖြင့် ဆောင်ရွက်ခဲ့သနည်းဟု တိုင်းတရားသူကြီး ဦးခင်မောင်မောင်က တရားခွင်အတွင်း ဦးဝင်းရှိန်ကို မေးမြန်း ခဲ့သည်။

ယင်းသို့မေးမြန်းရာတွင် တိုင်းအစိုးရ အဖွဲ့က စေခိုင်း၍ အတွင်းရေးမှူးတစ်ဦး အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးဝင်းရှိန်က ဖြေကြားခဲ့သည်။ ထို့အပြင် လေယာဉ်ကွင်းချုံရှင်းခဲ့သည့် F 22 ကုမ္ပဏီနှင့် လုပ်ငန်းသဘောတူစာချုပ် မချုပ်ဆိုမီ စာချုပ်ကို ဥပဒေချုပ်ရုံးသို့ ပေးပို့စိစစ်ခဲ့ခြင်း မရှိကြောင်း ဦးဝင်းရှိန်က ဆိုသည်။

အဆိုပါရုံးချိန်းတွင် ဦးဝင်းရှိန်အား အထက်ပါအချက်များအပြင် အခြား အကြောင်းအရာများကိုလည်း နှစ်ဘက် ရှေ့နေများက မေးမြန်းခဲ့ကြသည်။

ဆေးရုံလမ်းမြေ အရောင်းအ၀ယ် ကိစ္စတွင် လက်မှတ်ထိုးထားသူ ဦးမြင့်ဟို ကို စစ်ဆေး

အမှု၏ ၂၀ ကြိမ်မြောက်ဖြစ်သည့် ဇူလိုင်လ ၁၂ ရက်ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာနေ ဦးမြင့်ဟိုကို စစ်ဆေးခဲ့သည်။

 ၎င်းကို ထားဝယ်မြို့၊ ဆေးရုံလမ်းရှိ မြေကွက်ကိစ္စနှင့် ပတ်သက်သည့် ၁/၂၀၁၉ အမှုကို စစ်ဆေးခဲ့ခြင်း ဖြစ် သည်။

Dawei Watch