ကန်ဖျားကုန်စိမ်းဈေး ဆိုင်ခန်းအားလုံး ပြောင်းရွှေ့

0
840

နောက်ဆုံးပြောင်းရွှေ့ရရန် သတ်မှတ်ထားသည့် ဇူလိုင်လ ၁၃ ရက် ညနေတွင် ကန်ဖျားကုန်စိမ်းဈေးဆိုင်ခန်းအားလုံး ပြောင်းရွှေ့ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။

ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက ဈေးကော်မတီဝင်များက စည်ပင်သာယာ ရေးကော်မတီနှင့် သွားရောက်တွေ့ဆုံ ခဲ့ကာ ပြောင်းရွှေ့ရမည့်ရက်ကို လေးလ ရွှေ့ဆိုင်းပေးရန်ညှိနှိုင်းခဲ့ သော်လည်း ဖြေလျှော့မပေးခဲ့ပေ။

“သူတို့တင်ပြချက်တွေကို ငြင်းဆန် တာ မဟုတ်ပါဘူး။ အဆင့်ဆင့်နာခံပြီးမှ စီမံဆောင်ရွက်ထားပြီးသား ဖြစ်တဲ့ အတွက် နောက်ဆုတ်ဖို့ဆိုတာက မဖြစ်နိုင် တော့ပါဘူး”ဟု မြို့နယ်စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး ဦးကြည်စိုး က ပြောသည်။

ပြောင်းရွှေ့သည့်နေ့ မွန်းလွဲ ၃ နာရီအချိန်မှ စတင်၍ ရဲတပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များ ဈေးရှေ့တွင် လုံခြုံရေး ရယူခဲ့ပြီးနောက် ဈေးသည်အားလုံး ပြောင်းရွှေ့သွားခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ဈေးပြောင်းရွှေ့ခိုင်းခြင်းနှင့်ပတ်သက်၍ အစိုးရက ဈေးသူဈေး သားများ၏ ဘ၀ကို ငဲ့ညှာခြင်းမရှိကြောင်း ဈေးရောင်းချသူတစ်ဦးဖြစ်သည့် ဒေါ်မိလင်းက ပြောသည်။

“ဒီအစိုးရက ကျွန်မတို့ ဈေးသူဈေး သားတွေရဲ့ ဘ၀ကိုငဲ့ညှာခြင်းမရှိဘဲ အတင်းပြောင်းခိုင်းတဲ့အတွက် လုံးဝမကျေနပ်ဘူး”ဟု ဒေါ်မိလင်းက ဆိုသည်။

ကုန်စိမ်းဈေးကို ရှမ်းချောင်းရပ်ကွက် တွင် ဆောက်လုပ်ထားသည့် ဈေးသစ်သို့ ပြောင်းရွှေ့ခိုင်းခဲ့ခြင်း ဖြစ်သည်။

ဈေးမပြောင်းလိုကြောင်း ဈေးသူဈေးသားများက ဇူလိုင်လ ၁၁ ရက်တွင် ဆန္ဒပြခဲ့ကြသေးသည်။

Dawei Watch