ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
889

၁၄-၇-၂၀၁၉ မှ ၂၁-၇-၂၀၁၉ထိ

တနင်္ဂနွေ

ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ ပညာရေးကိစ္စများ ကောင်းမွန်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ ခရီးထွက်ရတတ်သည်။ မိတ်ကောင်းဆွေကောင်းများကြောင့် အကျိုးစီးပွား ဖြစ်ထွန်းမည်။ အစားမှားခြင်း ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်မိမိကြားမှာ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစားအစာ       – စပျစ်သီး၊ မှို

ယတြာ                     – သာကူမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ

အမွေအနှစ် ရရှိတတ်သောကာလ ဖြစ်၏။ တန်ခိုးကြီးဘုရားပုံတော်များ လက်ဆောင်ရမည်။ မည်သည့် ပညာရေးစာမေးပွဲဖြေဖြေ အဆင်ပြေချောမွေ့မည်။ လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်ရတတ်သည်။ သူများစွပ်စွဲမှု ဖြေရှင်းရတတ်သည်။ မေတ္တာရေးသည်ကား အချစ်သည် သင့်အတွက် အရာရာခွန်အား ဖြစ်စေလိမ့်မည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ အနက်ရောင်

မစားသင့်သော အစားအစာ       – မျှစ်၊ ငါးချဉ်

ယတြာ                     – ကောက်ညှင်းပေါင်းကို စားတော်ပဲထည့်၍ ဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

စီးပွားရေးလုပ်ငန်းများ ကောင်းမွန်မည်။ ၀န်ထမ်းဖြစ်က ရာထူးတိုးတက်သော ကာလမျိုး ဖြစ်သည်။ စိတ်ချမ်းသာ ပျော်ရွှင်ရမည့်အခါ ဖြစ်သည်။ နိုင်ငံခြားကိစ္စများ အဆင်ပြေမည့်ကာလ ဖြစ်သည်။ ငွေကြေးကံကောင်းမည့်ကာလ ဖြစ်သည်။ မေတ္တာရေးသည်ကား သင်သည် မျှော်တော်ယောင်ဘ၀မှ ကျွတ်လွတ်မည် ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – စပျစ်သီး၊ ငါးချဉ်

ယတြာ                     – နှင်းဆီအ၀ါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး

မြေ၀င်မည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ စီးပွားရေးကိစ္စများ ကောင်းမွန်မည်။ ငွေကြေးများ ၀င်လာမစဲတသဲသဲ ဖြစ်နေမည်။ သင့်စိတ်ကူးများအတိုင်း အမှန်တကယ်ဖြစ်လာမည့်အခါ ဖြစ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ သွေးအားနည်းခြင်း၊ သွေးတိုးခြင်းဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အချစ်က သင့်ဘက်မှာ အမြဲရှိနေမည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ဒူးရင်းသီး၊ ဘဲဥ

ယတြာ                     – ၀ါဆိုသင်္ကန်း ကပ်လှူပါ။

ကြာသပတေး

သင်သည် လူငယ်တစ်ယောက်ဖြစ်က အလုပ်အကိုင် အခွင့်အလမ်းများခြင်း ရာထူးတိုးခြင်း ဖြစ်မည်။ သင့်အပေါ် လူကြီးများက ချီးမြှင့်မြှောက်စားမည်။ တန်ခိုးကြီးဘုရားများ ဖူးမြော်ရမည်။ သင်တန်း တက်ခြင်းကိစ္စ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး ဂရုစိုက်သင့်သည်။ မေတ္တာရေး သည်ကား မိမိဆန္ဒများ လွဲချော်နေတတ်သည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – သီဟိုသီး၊ အုန်းနို့

ယတြာ                     – သစ္စာပန်း တစ်စည်း ဘုရားကပ်လှူပါ။

သောကြာ

မိတ်ဆွေကောင်းများ ကူညီမစမည့်ကာလ ဖြစ်သည်။ သားသမီးရတနာရမည်။ တယ်လီဖုန်း၊ ယာဉ် ၀င်မည်။ သင်မျှော်လင့်နေသော သတင်းစကားကြားရမည်။ သင်ဘာစာမေးပွဲဖြေဖြေ အဆင်ပြေမည်။ အကြောနှင့်ပတ်သက်၍ ကျန်းမာရေး သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် သဘောထား ကွဲလွဲတတ်သည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမ္မော်ရောင်

မစားသင့်သောအစားအစာ        – ဒူရင်းသီး၊ ဒန်ပေါက်

ယတြာ                     – ၀ါဆိုသင်္ကန်းလှူခြင်း(သို့) အလှူငွေကို ၀ါဆိုသင်္ကန်းလှူရာ၌ ထည့်ပါ။

စနေ

ထီ(သို့) ထီနှင့်အလားတူ ငွေဝင်မည်။ သတင်းစကားကောင်းများ ကြားရမည်။ လူချစ်လူခင်ပေါများ မည်။ နိုင်ငံရပ်ခြား ကိစ္စများအဆင်ပြေမည်။ စက်ပစ္စည်း ဒုက်္ခပေးတတ်သည်။ မေတ္တာရေးသည်ကား အချစ်သည် သင့်အတွက် လက်တွဲဖော်ဖြစ်လိမ့်မည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ ရွှေအိုရောင်

မစားသင့်သော အစားအစာ       – ၀က်သား၊ ဘဲဥ

ယတြာ                     – ပန်းတိမ်ငိုပန်း ဘုရားကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

ဆရာရွှေစင်မြတ်(Geology)

ဝေဒလက္ခဏသုတေသီ