လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း(ခ) ဦးဖိုးမင်းနှင့်တွေ့ဆုံခြင်း

0
1158

“အကျင့်ပျက်ဝန်ထမ်းတွေ ဆိုပြီးတော့ တိတိကျကျ ခိုင်လုံတဲ့
သက်သေအထောက်အထားနဲ့တကွ ရရှိမယ်ဆိုရင်တော့ ထိထိရောက်ရောက် ကိုင်တွယ်သွားမှာပါ”

ပုလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းသည် အသစ်ဖွဲ့လိုက်သည့် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ဇူလိုင်လ ၂ ရက်က ကတိသစ္စာပြုခဲ့သည်။ ကတိသစ္စာပြုသည့်နေ့တွင် တနင်္သာရီအပတ်စဉ်မှ ၀န်ကြီးဦးကျော်မင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

တနင်္သာရီ။        ။ ၀န်ကြီးအနေနဲ့ ဘယ်ဌာနတွေကို ကိုင်တွယ်သွားရမှာလဲ ခင်ဗျ။

ဦးကျော်မင်း။   ။ လတ်တလော အခြေအနေအရတော့ လူဝင်မှုကြီးကြပ်ရေး နဲ့ လူစွမ်းအားအရင်းအမြစ်ဌာနတွေပေါ့၊ ဒါပေမယ့် ပြည်ထောင်စုရဲ့ လမ်းညွှန်မှုနဲ့ ပြန်ဖွဲ့မှာပါ။ လောလောဆယ်တော့ လ၀က ဦးစီးဌာနကို ကိုင်တွယ်ရမယ်လို့ ကျွန်တော် သိထားတယ်။

တနင်္သာရီ။        ။ အဲဒီဌာနတွေကို ကိုင်တွယ်ဖို့ အသင့်ဖြစ်ပြီလား ခင်ဗျား၊ ကြိုတင်လေ့လာထားတာတွေ ရှိသလား ခင်ဗျ။

ဦးကျော်မင်း။   ။ ဌာနတွေနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားမှုတွေ ရှိတော့ ရှိတာပေါ့။ သို့သော်ငြားလည်း ဘာလဲဆိုတော့ ကျွန်တော် ပထမဦးဆုံး လုပ်မှာကတော့ လ၀ကကို ကြပ်ကြပ် မတ်မတ်နဲ့ ကိုင်တွယ်သွားမှာပါ။ အဲဒါက ဘာလဲဆိုတော့ မှတ်ပုံတင် လုပ်တဲ့ကိစ်္စ တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့မျက်နှာမူ ပြီးတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမှာပါ။

တနင်္သာရီ။        ။ လ၀ကနဲ့ ပတ်သက်ပြီး ဘာတွေကို လုပ်မှာလဲ၊ ဘာတွေကို အရင် ကိုင်တွယ်မှာလဲ။

ဦးကျော်မင်း။   ။ မှတ်ပုံတင် လုပ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လုပ် နေတဲ့။ ပြည်သူတွေရဲ့ကြားမှာ ရှိနေတဲ့ အသံပေါ့။ ပြည်သူ့အသံကို သေချာ နားထောင်ပြီးတော့ ထိန်းညှိသွားမှာပါ။ တချို့ လုပ်နေတာတွေက ပြည်သူတွေ မကြိုက်တာတွေ လုပ်နေတာတွေ အများကြီး ရှိပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော် သေသေချာချာ လေ့လာပြီး တော့ ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင် ရွက်ရမယ့်ကိစ္စတွေလည်း ကျွန်တော် လုပ်သွားမှာပါ။ မြို့နယ်တိုင်း မြို့နယ် တိုင်းကို သွားပြီးတော့ ကွင်းဆင်း စိစစ် ပြီးတော့ တွေ့ရှိလာတဲ့ အထောက်အထား ရှိမယ်ဆိုရင်တော့ ဥပဒေ နည်းဥပဒေ အတိုင်းပဲ သွားကြရမှာပါ။ အကျင့်ပျက် ၀န်ထမ်းတွေဆိုပြီးတော့ တိတိကျကျ ခိုင်လုံတဲ့ သက်သေအထောက်အထား နဲ့တကွ ရရှိမယ်ဆိုရင်တော့ ထိထိရောက် ရောက် ကိုင်တွယ်သွားမှာပါ။ ဒါကို ကျွန်တော့်ရဲ့ ပထမဆုံး လုပ်မယ့်ကိစ္စပါ။

တနင်္သာရီ။        ။ ဟုတ်ကဲ့ ခင်ဗျား။ ခု လုပ်မယ်ပြောတာတွေ လက်ကျန်သက် တမ်းအတွင်းမှာ ဘယ်လောက်ထိရောက် အောင်မြင်နိုင်မယ်လို့  မျှော်လင့် ထားလဲ ခင်ဗျ။

ဦးကျော်မင်း။   ။ လုပ်နိုင်စွမ်း သလောက် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။

တနင်္သာရီ။        ။ မန္တလေးတိုင်း ၀န်ကြီးချုပ် ပြောထားတာတော့ ရှိပါ တယ်။ အလုပ်အကိုင်အခွင့်အလမ်းဖန်တီး ရေးအတွက် အဓိက ရည်ရွယ်ပြီး ဒီ ၀န်ကြီးဌာနကို ဖွဲ့စည်းတယ်ပေါ့နော်။ ၀န်ကြီးကရော အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ထားပါ သလဲခင်ဗျ။

ဦးကျော်မင်း။   ။ ကျွန်တော့်မှာ ရရှိတဲ့ အတိုင်းအတာကာလက ၂ နှစ် နီးပါးကာလပဲ ရှိပါတယ်။ အဲဒီကာလ အတွင်းမှာ ကျွန်တော် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့အထဲမှာ လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကိစ္စပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင် စွမ်းအားနဲ့ လုပ်နိုင်သလောက် ကြိုးစား လုပ်သွားမှာပါ။

တနင်္သာရီ။        ။ ကျေးဇူးပါ ခင်ဗျ။

Dawei Watch