မြိတ်ခရိုင် ကမ်းနီး ငါးဖမ်းလှေရှင်များ အသင်းဖွဲ့စည်းမည်

0
569

မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်း လှေရှင်များအသင်းကို စတင်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ယင်းအသင်း ဖြစ် မြောက်ရေးကော်မတီထံမှ သိရသည်။

လာမည့် ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် မြိတ်မြို့၊ အင်းလေးမြိုင်စက် မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေးလံဈေး ၌ ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်းလှေပိုင် ရှင်များ၊ သက်ဆိုင်ရာဌာနများအား ဖိတ်ကြားကာ အစည်းအဝေး ပြုလုပ်ပြီး အသင်းကို စတင်ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း အသင်းဖြစ်မြောက်ရေး ဦးဆောင် ပါဝင်သူ ဦးထွန်းထွန်းဦးက ပြောသည်။

ကမ်းနီးငါးဖမ်းလှေရှင်အသင်း မရှိသဖြင့် ယင်းငါးဖမ်းလှေများ ကြုံ တွေ့နေရသော အခက်အခဲကိစ္စရပ်များ၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံး နေသည်ကို ပူးပေါင်းဖြေရှင်းသွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“ပင်လယ်ပြင်မှာ နိုင်ထက်စီးနင်းခံ ရတဲ့ကိစ္စတွေ၊ လက်ရှိကြုံနေရတဲ့ အခက် အခဲတွေကို ဥပဒေဘောင်အတွင်းက ပူးပေါင်း ဖြေရှင်းသွားမယ်”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ကမ်းနီးငါးဖမ်းလှေများ ကြုံနေရ သည့် ပြဿနာများတွင် ငါးဖမ်းလိုင်စင် မရသည့် ကိစ္စသည် အကြီးမားဆုံး ရင်ဆိုင် နေရသည့် ကိစ္စ ဖြစ်သည်။

ယင်းအသင်းဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ကြိုဆိုကြောင်း မြိတ်ဒေသခံ ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြိတ်ခရိုင်အတွင်း ကမ်းနီးငါးဖမ်း လှေတစ်ထောင်ကျော်ခန့်ရှိကြောင်း မြိတ် ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ကိုဆန်း