မိုးရာသီတွင် ကမ်းနားဈေး ယာယီပြောင်းရွှေ့ မှု ဈေးသည်များ အခက်ကြုံ

0
675

ထားဝယ်ကမ်းနားဈေး ပြန်လည် တည်ဆောက်ရန်အတွက် ဈေးသည်များကို မိုးရာသီအတွင်း ယာယီဈေးနေရာသို့ ပြောင်းရွှေ့ရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ဈေးသည်အချို့က ဆိုသည်။

ကမ်းနားဈေးအတွင်းရှိ ပျံကျဈေး သည်များကို ထားဝယ်ဆိပ်ကမ်းသာပန်း ခြံအတွင်းနှင့် ထားဝယ်မြစ်ကမ်းဘေး နေရာတွင် ယာယီနေရာချထားခြင်း ဖြစ်သည်။

ဈေးသည်များကို ပြောင်းရွှေ့ခိုင်း သည့် ယာယီဈေးနေရာတွင် အမိုးအကာ မရှိသည့်အတွက် ရောင်းချသည့်ပစ္စည်း နှင့် ရောင်းချသူများပါ စိုရွဲကုန်ကြောင်း သစ်သီးရောင်းချသည့် ဈေးသည်အမျိုး သမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးမစိုစေရန် အမိုးကို မိမိအစီအစဉ်ဖြင့် လုပ်နေရပြီး ၀ယ်ယူသူ မရှိသလောက် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“မိုးရာသီမှ ဘယ်လိုအတွေးနဲ့ ပြောင်းတယ်ဆိုတာ မပြောတတ်တော့ ဘူး၊ နွေရာသီတစ်ခုလုံး ပြောင်းခိုင်းတာ မဟုတ်ဘူး”ဟု အထက်ပါ သစ်သီးရောင်းချသည့် ဈေးသည်အမျိုးသမီးက ပြောသည်။

ကမ်းနားဈေး ပျံကျဈေးနေရာတွင် ခေါင်မိုးအပြည့်ပါသည့် ဈေးရုံတည် ဆောက်ရန်အတွက် ဈေးသည်များကို မေလ ၇ ရက်တွင် ပြောင်းရွှေ့ရန် လျာထားကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ အမှုဆောင်အရာရှိက ပြောဆိုထားသည်။

သို့ရာတွင် တိုင်းအစိုးရ၏ ခွင့်ပြုမိန့် မရသေးသဖြင့် မပြောင်းခိုင်းရသေး ကြောင်း ဇွန်လဆန်းပိုင်းတွင်  ၎င်းက ဆိုသည်။

လက်ရှိတွင် တိုင်းအစိုးရ၏ ခွင့်ပြု မိန့်ရပြီးဖြစ်သဖြင့် ဇူလိုင်လ ၄ ရက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ဈေးသည်များကို အသိပေးထားကြောင်း အမှုဆောင်အရာရှိက ပြောသည်။

ကမ်းနားဈေးအတွင်း ပျံကျဈေး သည် ၇၀၃ ဦးခန့်ရှိကြောင်း မြို့နယ် စည်ပင်အဖွဲ့ထံမှ သိရသည်။

ယာယီဈေးနေရာတွင် အမိုးကို စည်ပင်မှ ဦးဆောင်လုပ်ပေးစေချင်ပြီး ကုန်ကျငွေကို ဈေးသည်များ စုပေါင်းကျခံ မည်ဆိုက အဆင်ပြေနိုင်ကြောင်း ဟင်းသီးဟင်းရွက်ရောင်းချနေသည့် အခြားဈေးသည်တစ်ဦးက ဆိုသည်။

“ယာယီအမိုးလေးတော့ လုပ်ပေး စေချင်တယ်”ဟု အဆိုပါ ဈေးသည်က ပြောသည်။

လက်ရှိတွင် ယာယီဈေးနေရာ၌ မြေနေရာရှင်းလင်းခြင်း၊ မြေခင်းပေးခြင်း အစရှိသည့် ကြိုတင်ပြင်ဆင်မှုလုပ်ပေး ထားပြီး အမိုးအတွက်ကိုမူ ဈေးသည်များက မိမိအစီအစဉ်ဖြင့် လုပ်ဆောင်ရန် ယခင်ကတည်းက ပြောဆိုထားပြီးဖြစ် ကြောင်း ထားဝယ်မြို့နယ်စည်ပင်မှ အမှု ဆောင်အရာရှိက ဆိုသည်။

“ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဟိုတိုင်ဒီတိုင်နဲ့ မရှင်းနိုင်ဘူး၊ အစောကြီးကတည်းက သူတို့ကို ပြောထား တယ်၊ မြေခင်း ပေးမယ်၊ ကိုယ့်အစီအစဉ် နဲ့ အမိုးလုပ်ကြပါ”ဟု အမှုဆောင်အရာရှိက ပြောသည်။

Dawei Watch