နုန်းကြောင့် ပေါင်တွင် မိုးစပါးဧက ၃ သောင်းခန့် ရေနစ်မြုပ်နေသည်ဟု ဆို

0
604

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ရှိ ကတိုက်ဆည်ရေထိန်းတံခါးတွင်  နုန်းမြေပိတ်ဆို့နေမှုကြောင့် မိုးစပါးဧက ၃ သောင်းခန့် ရေကြီးနစ်မြုပ်နေသည်ဟု ဒေသခံတောင်သူလယ်သမားအချို့က ပြောသည်။

ပေါင်မြို့နယ်အတွင်းရှိ ရင်းငြိမ် တောင်၊ ဖြူဘ၊ သဲကုန်း၊ ကျုံဟော်၊ ပန်းကုန်းအစရှိသည့် ကျေးရွာ ၁၁ ရွာ တို့မှ မိုးစပါးစိုက်ဧက ၃ သောင်းခန့် တို့သည် နှစ်စဉ်ရေကြီးမှုဒဏ်ခံရပြီး ယခုနှစ်တွင် ပိုမိုဆိုးရွားလာသည်ဟု ဒေသခံလယ်သမားတို့က ပြောသည်။

“၃ နှစ်လောက်ရှိနေပြီ။ တောင်သူတွေ ဆုံးရှုံးမှုတွေ ဖြစ်နေပေါ်နေတယ်၊  ဒီနှစ် ၂၀၁၉ မှာတော့ ရေကြီးနစ်မြုပ်မှု ပိုဆိုး လာတယ်” ဟု ရွာတန်းရှည်ကျေးရွာ တောင်သူ ဦးလွင်အေးက ပြောသည်။

လယ်သမားများကြုံတွေ့နေရသည့် မိုးစပါးရေကြီးနစ်မြုပ်မှုကို ပြည်နယ် အစိုးရအစီအစဉ်နှင့် နုန်းများ ဖယ်ရှားပြီး ရေလမ်းကြောင်း ဖော်ပေးနေသော်လည်း အလုပ်မဖြစ်ကြောင်း လယ်သမားတို့က ပြောသည်။

ယခင်က အဆိုပါ နုန်းများကို နွေစပါး အတွက် အသုံးပြုပြီး ပိုလျှံသည့်ဆည်ရေ များဖြင့် ဖယ်ရှားခဲ့သည့်အတွက် ရေနစ် မြုပ်မှုမရှိခဲ့သော်လည်း ယခုနောက်ပိုင်း တွင် နွေစပါးစိုက်ပျိုးမှုပိုများလာသည့် အတွက် ဆည်ရေလုံလောက်မှုမရှိဖြစ်လာ ကာ နုန်းများ ဖယ်ရှားနိုင်ခြင်းမရှိခြင်းကြောင့် လယ်များရေကြီးနစ်မြုပ်မှု ဖြစ် လာရသည်ဟု ဆည်တာဝန်ရှိသူတို့ထံမှ သိရသည်။

“ဒီနှစ် ၂ လပိုင်းလောက်ကတည်းက ဘတ်ဟိုးတွေနဲ့ ရေလမ်းကြောင်းတွေ ဖော်ပေးခဲ့ပေမယ့် ဆည်ရေထိန်းတံခါးနဲ့ ပင်လယ်ထွက်ပေါက်နဲ့က ၇ မိုင်လောက် ဝေးတဲ့အတွက် အားလုံး မလုပ်နိုင်ခဲ့ဘူး ဘတ်ဂျက်လည်း မလုံလောက်တဲ့အတွက် နုန်းတွေ ပင်လယ်ထဲရောက်အောင် မခွဲနိုင်ခဲ့ဘူး” ဟု ဆည်ရေထိန်းတံခါးမှ ဦးစီးမှူး (မြို့ပြ) ဦးဇော်မိုးဝင်းက ပြောသည်။          

Dawei Watch