ကံဖျားကုန်စိမ်းဈေး မပြောင်းရွှေ့ရရေး ဆန္ဒပြမည်

0
632

ကံဖျားကုန်စိမ်းဈေး မပြောင်းရွှေ့ ရရေး ဇူလိုင်လ ၁၀ ရက်တွင် ဈေးသူ ဈေးသားများ ဆန္ဒပြမည်ဖြစ်ကြောင်း ယင်း ဈေးသူဈေးသားအချို့နှင့် ဈေးကော်မတီ ထံမှသိရသည်။

ကန်ဖျားကုန်စိမ်းဈေးအား ဇူလိုင် လ ၁၃ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ပေးရမည်ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်အရ ပြောင်း ရွှေ့ခိုင်းနေသော်လည်း မပြောင်းရွှေ့ လိုသည့်အတွက် ဆန္ဒပြရန်စီစဉ်ခြင်းဖြစ် ကြောင်း ၎င်းင်းတို့ထံမှ သိရသည်။

“ဈေးသူဈေးသားတွေရဲ့ ဆန်္ဒကို နိုင်ငံတော်အစိုးရသိအောင်လို့ ထုတ်ဖော် မယ့်ပွဲပါ”ဟု ကံဖျားကုန်စိမ်းဈေး ကော် မတီဝင် ဦးထွန်းထွန်းဦးက ပြောသည်။

ဇူလိုင်လ ၁၀ ရက် နံနက် ၉ တွင် လူအင်အား ၃၀၀ ခန့်ဖြင့် ဆန္ဒပြမည် ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဇူလိုင် လ ၄ ရက်က တင်ပြထားပြီး ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲနှင့်ပတ်သက် ၍ လုံခြုံရေးအတွက်လုံလောက်သည့် တပ်ဖွဲ့ဝင်အင်အား ချထားရန် စီစဉ်နေကြောင်း မြိတ်မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

ကန်ဖျားကုန်စိမ်းဈေးသည် မြို့ လယ်ခေါင် လူနေရပ်ကွက်နှင့် စာသင်ကျောင်းအနီးတွင် တည်ရှိနေပြီး အနံ့အသက်ဆိုးများ ထွက်ရှိနေသည့်အပြင် ဈေးရှေ့ လမ်းတွင် ကုန်တင်ကားများအတင်အချ ပြုလုပ်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာမဏဖြစ်ပွားနေသည်ဟုဆိုကာ ယင်းဈေးကို ပြောင်းရွှေ့ပေးရန် ရပ်ကွက် သူရပ်ကွက်သားများက တောင်းဆိုခဲ့ ဖူးသည်။  

Dawei Watch