ကြက်ပေါင်ချောင်းရွာတွင် သတ္တုမိုင်းကြောင့် ချောင်းရေညစ်ညမ်းမှု အရေးယူပေး ရန် ဒေသခံများတောင်းဆို

0
802

မေတ္တာမြို့၊ ဟိန္ဒားကျေးရွာအုပ်စု ရှိ ကြက်ပေါင်ချောင်းရွာတွင် သတ္တုမိုင်း ကြောင့် ချောင်းရေညစ်ညမ်းမှုနှင့် ပတ်သက်၍ အရေးယူပေးရန် တိုင်းအစိုးရအဖွဲ့အား ဒေသခံများက တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၅ ရက်က ဒေသခံ သုံးဆယ်ကျော် လက်မှတ်ရေးထိုးထားသည့် စာကို တိုင်းအစိုးရအဖွဲ့ ၀န်ကြီး ချုပ်နှင့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးထံ လိပ်မူ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကြက်ပေါင်ချောင်းကျေးရွာအ ထက်ဘက်ရှိ ဇော်ဖိုးလ လုပ်ကွက်တွင် သတ္တုတူးဖော်ထုတ်လုပ်နေသည့် တောင် ပိုင်းကမ္ဘာကုမ္ပဏီ၏ စွန့်ပစ်မြေစာများ နှင့် သတ္တုထုတ်လုပ်ရာတွင် အသုံးပြုသည့် အပြင်းစားအက်စစ်နှင့် ဓာတုဆေး ၀ါးများသည် ကျေးရွာသားများ အဓိက အသုံးပြုနေသည့် ဖွတ်လက်တိုချောင်း အတွင်းသို့ ကျရောက်နေကြောင်း ဒေသခံများ၏ တင်ပြတောင်းဆိုစာတွင် ဖော်ပြထားသည်။

ချောင်းရေနောက်ခြင်း၊ ရေညစ်ညမ်းခြင်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ် ရေးမှူးက ကုမ္ပဏီသို့ သွားရောက်ပြောဆို သော်လည်း ကုမ္ပဏီမန်နေဂျာက ညှိနှိုင်း ဖြေရှင်းပေးခြင်းမရှိကြောင်း ယင်းစာအရ သိရသည်။

“ချောင်းရေတွေက နောက်လာ တယ်။ သူတို့က ဓာတုပစ္စည်းတွေသုံးတော့ ရွာသားတွေ ရေရှည်ဒုက္ခရောက် မှာစိုးတယ်။ ချောင်းရေက သောက်လို့ မရတော့ သောက်သုံးရေ အခက်အခဲဖြစ် လာတယ်။ ရေချိုးရင်လည်း ယားလာတယ်”ဟု တိုင်းအစိုးရအဖွဲ့သို့ တောင်းဆို ရာတွင် ပါဝင်သည့် ကြက်ပေါင်ချောင်း ရွာသားတစ်ဦးက ပြောသည်။

ကြက်ပေါင်ချောင်းရွာသားများ သည် သောက်သုံးရေအတွက် ချောင်းရေ ကိုသာအဓိက အားထားနေရသဖြင့် အခက်အခဲများစွာကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဖြစ်နေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာရောက် စစ်ဆေးပေးစေလိုကြောင်း ၎င်းက ဆို သည်။

“ချောင်းရေကို သဘာဝအတိုင်း စီးဆင်းစေချင်တယ်။ ကုမ္ပဏီအနေနဲ့ ဆက်မလုပ်တော့ရင် အကောင်းဆုံးပဲ” ဟု ယင်းဒေသခံက ဆိုသည်။

တောင်ပိုင်းကမ္ဘာ ကုမ္ပဏီသည် ယခုနှစ် ဧပြီလ ၀န်းကျင်မှ စတင်၍ သတ္တု လာရောက်တူးဖော်နေခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

သတ္တုတူးဖော်နေသည့် နေရာတွင် တောင်ပိုင်းကမ္ဘာကုမ္ပဏီ အမည်နှင့် ပိုင်ရှင် အမည်၊ လုပ်ကွက်အမည်၊ ကုမ္ပဏီမှတ်ပုံ တင်အမှတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ခွင့်ပြုမိန့်အမှတ်၊ ခွင့်ပြုသက်တမ်း စသဖြင့် အချက်အလက်များ ပါဝင်သည့် ဆိုင်းဘုတ်တစ်ခုကို စိုက်ထူထားကြောင်း ၎င်းက ဆိုသည်။

ဒေသခံများက တိုင်းအစိုးရအဖွဲ့ထံ တင်ပြသည့်စာတွင် အထက်ပါဆိုင်း ဘုတ်ဓာတ်ပုံကိုပါ ပူးတွဲ တင်ပြခဲ့သည်။

ချောင်းရေနောက်သည့်ကိစ္စနှင့် ပတ်သက်၍ တောင်ပိုင်းကမ္ဘာကုမ္ပဏီ၏ ဆိုင်းဘုတ်တွင်ဖော်ပြထားသည့် ဖုန်းနံ ပါတ်နှစ်လုံးအား ဆက်သွယ်ခဲ့သော် လည်း တစ်လုံးမှာ ဖုန်းစက်ပိတ်ထားပြီး နောက်တစ်လုံးမှာ ဖုန်းမကိုင်သဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

ဒေသခံများ တင်ပြခဲ့သည့် ဓာတ်ပုံပါ ဆိုင်းဘုတ်အရ တောင်ပိုင်းကမ္ဘာကုမ္ပဏီ သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မှ ၂၀၁၉ ခုနှစ် မေလ ၁ ရက်အထိ မြေ ၄၉ ဧက တွင် အသေးစား ခဲမဖြူ၊ အဖြိုက်နက် နှင့် ရောရာသတ္တု ထုတ်လုပ်ခွင့်ရရှိထား သည်။

ယင်းဆိုင်းဘုတ်အရ တောင်ပိုင်းကမ္ဘာ သတ္တုတူးဖော်ရေးကုမ္ပဏီသည် သတ္တုတူးဖော်ခွင့် သက်တမ်းကုန်ဆုံးနေပြီဖြစ်သည်။

Dawei Watch