စည်းကမ်းပျက် ယာဉ်ဖမ်းဆီးမှုမှ ဒဏ်ငွေကျပ်သိန်း ၁၅၀၀ ကျော်ရ

0
926

တနင်္သာရီတိုင်းအတွင်း စည်းကမ်း ပျက်ကား၊ ဆိုင်ကယ်အစရှိသည့် ယာဉ် များဖမ်းဆီးပြီး ဒဏ်တပ်ရိုက်ရာမှ  ငါးလ တာ ကာလအတွင်း ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော်ရရှိထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးထံမှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာကာလအတွင်း တရားရုံး ဒဏ်ငွေအဖြစ် ငွေကျပ် ၁၅၁၅ သိန်း ကျော်ရရှိခဲ့ခြင်း ဖြစ်သည်။

ဦးထုပ်မဆောင်းခြင်း၊ ကား ခါးပတ် မပတ်ခြင်း အစရှိသည့် စည်းကမ်းပျက် ယာဉ်များကို နေ့စဉ်နီးပါးစစ်ဆေး ဖမ်း ဆီးနေပြီး ယာဉ်စည်းကမ်းလိုက်နာ ကြစေရန်နှင့် ယာဉ်တိုက်မှုလျော့ပါးပြီး ထိခိုက်သေဆုံးမှု နည်းပါးစေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က ပြုလုပ် သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

ဗိုလ်မှူးကြီးကျော်ဇေယျသည် တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

“ကျွန်တော်တို့ဖမ်းနေတာ နိုင်ငံ တော် ဘဏ္ဍာကို ၀င်တာသာ ဖြစ်ပါတယ်၊ ငွေရချင်လို့ ဖမ်းနေတာတော့ မဟုတ်ပါ ဘူး”ဟု ၎င်းက ဆိုသည်။

အထက်ပါကာလတွင် ကား ၃၆၃ စီး၊ ထော်လာဂျီ ၁၀ စီး၊ သုံးဘီး ၄၆ စီးနှင့် ဆိုင်ကယ် ၄၈၄၄ စီးကို စည်း ပျက်ယာဉ်အဖြစ် ဖမ်းဆီးကာ တရားရုံးက ဒဏ်တပ်ရိုက်ခဲ့ကြောင်း ယင်းကောင်စီထံမှ သိရသည်။

Dawei Watch