ပုလောအဝေးပြေးကွင်း တည်ဆောက်ရန် စည်ပင်တွင် မြေနှင့် ငွေမရှိ

0
605

ပုလောမြို့တွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရေး အဝေးပြေးယာဉ်ရပ်နား စခန်း တည်ဆောက်ရန် စည်ပင်သာယာ ရေးအဖွဲ့ပိုင် မြေနှင့် ရန်ပုံငွေ မရှိဟု တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ဇူလိုင်လ ၁ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပုလောမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်မင်း(ခ)ဦးဖိုးမင်း (လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အား အရင်းအမြစ်ဝန်ကြီး)၏ ပုလော တွင် အဝေးပြေးယာဉ် ရပ်နားစခန်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ၀န်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စည်ပင်သာယာရေးအဖွဲ့ပိုင် မြေနှင့် ရန်ပုံငွေ မရှိခြင်းတို့ကြောင့် တိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဝေးပြေးယာဉ် ရပ်နားစခန်းတည် ဆောက်ရန်  အစီအစဉ် မရှိသေးကြောင်း ၀န်ကြီးက ဖြေဆိုခဲ့သည်။

ပုလောမြို့ ရှပ်ပုံရွာတွင် ကားများ ယာယီညအိပ်ရပ်နားစခန်း အကောင် အထည်ဖော်ဆောင်ရွက်ရန် ညှိနှိုင်ဆောင် ရွက်ပြီး မြေပိုင်ရှင်အား လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထား စေသော်လည်း ယခုအချိန်ထိ လျှောက် ထားလာခြင်း မရှိသဖြင့် ဆောင်ရွက်နိုင် ခြင်း မရှိသေးဟု ၀န်ကြီးက ဖြေဆိုသည်။

ပုလောမြို့တွင် အဝေးပြေးကွင်းမရှိ သဖြင့် ကုန်ကားများသည် လမ်းဘေး ၀ဲယာတွင် ၂ စီးထပ်၊ ၃ စီးထပ် စည်းကမ်းမဲ့ ရပ်နားခြင်းများရှိနေပြီး ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပေါ်နေ ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ဆိုသည်။

Dawei Watch