ပွင့်လင်းရာသီတွင် ကျွန်းများ ဆင်းစစ်မည်ဟုဆို

0
528

ခရီးသွားလုပ်ငန်းအတွက် ခွင့်ပြု ထားသည့် ကျွန်းများကို လာမည့်ပွင့်လင်းရာသီတွင် ဆင်းစစ်မည်ဖြစ်ကြောင်း ခရီးသွားကဏ္ဍကို တာဝန်ယူထားသည့် တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

ခရီးသွားလုပ်ငန်းအတွက် ခွင့်ပြုထား ကျွန်းများအနက် ပြဿနာရှိနေသည့် ကျွန်းများနှင့် ခရီးသွားလုပ်ငန်းအတွက် အလားအလာ ကောင်းများရှိနေသည့် ကျွန်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်းတိုင်းကိုတော့ ရောက်မှာ မဟုတ်ဘူး။ စိတ်ဝင်စားစရာကောင်းတဲ့၊ (သတင်း)အကြားများတဲ့ ကျွန်းတွေကို သွားမှာ”ဟု ၀န်ကြီး ဦးလှထွေးက ပြောသည်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ပြု ထားသည့် ကျွန်းများတွင် သတ်မှတ်စည်း ကမ်းဖောက်ဖျက်နေကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေအရ ကိုင်တွယ်သွား မည်ဖြစ်ကြောင်း ၀န်ကြီးဦးလှထွေးက ဆိုသည်။

တနင်္သာရီတိုင်း ပင်လယ်အတွင်းရှိ ကျွန်းများအနက် ခရီးသွားလုပ်ငန်းလုပ် ရန် ကျွန်း ၁၃ ကျွန်းကို ကုမ္ပဏီ ၁၀ ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည်။

Dawei Watch