ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
888

၈-၇-၂၀၁၉ မှ ၁၄-၇-၂၀၁၉ထိ

တနင်္ဂနွေ

ငွေကြေးနှင့် ပက်သက်၍ အထွက်များနေတတ်သည်။ အင်တာဗျူး၊ စာမေးပွဲဖြေသူများ ရလဒ်ကောင်း ရမည်။ နာရီဝင်မည်။ မိတ်ဆွေကောင်းများ၏ အကျိုးကျေးဇူးပြုမှု ခံစားရမည်။ ပညာရေးကိစ္စ အောင်မြင်မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူကို အထင်လွဲပြီး မစွပ်စွဲပါနှင့်။

အကျိုးပေးသော အရောင်         – စိမ်းပြာရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ လိမ္မော်ရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၄၊ ၇၊ ၈ ပါသော ဂဏန်းများ

ယတြာ                     – ပန်းတိမ်ငိုပန်း ဘုရားပန်း ကပ်လှူပါ။

တနင်္လာ         

ထီထိုးသင့်သောကာလ ဖြစ်သည်။ ငွေကြေးများစွာ ၀င်မည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ နတ်ကောင်းနတ်မြတ်များ မစမည်။ မိမိကြုံတွေ့နေသော အခက်အခဲများကို ကူညီမစမည့် ပုဂ်္ဂိုလ်များ တွေ့ရမည်။ မေတ္တာရေးသည်ကား အချစ်သည် သင့်အတွက် အဖော်မွန်ကောင်းတစ်ခု ဖြစ်ပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ ပန်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၂၊ ၀၊ ၁၊ ၇ ပါသော ဂဏန်းများ

ယတြာ                     – ဂန္ဓမာအဖြူ ၁၅ ပွင့် ဘုရားပန်း ကပ်လှူပါ။

အင်္ဂါ

ဆွေမျိုးသားချင်းတို့၏ ကူညီမစမှု ခံရမည်။ အလှူအတန်းများ ပြုရတတ်သည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်မည်။ စီးပွားတိုး၍ ကျက်သရေ မင်္ဂလာဖြစ်ရမည်။ ၀မ်းရောဂါ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား စိတ်တူကိုယ်တူ သဘောတူကြည်ဖြူလက်တွဲရမည့်အခါဖြစ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၉၊ ၀၊ ၆၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒ္ဓဟူး

သင်စွန့်စားချင်သော အလုပ် ယခုအချိန်ဆောင်ရွက်က အဆင်ပြေပါမည်။ စီးပွားတိုးပြီး အရာရာ အဆင်ပြေမည်။ ပညာရေးကား ထိပ်တန်း ရောက်ပါမည်။ ရပ်ဝေး ဧည့်သည်များ သင့်အိမ်လာမည်။ အစာမှားဆေးမှား ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနဲ့ နားလည်မှု ကွဲလွဲရတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၃၊ ၆၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – ပန်းတိမ်ငိုပန်း ဘုရားကပ်လှူပါ။

ကြာသပတေး

သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်မည်။ ခရီးသွားရတတ်သည်။ ဥစ်္စာဓနတိုးပွားမည်။ လုပ်ငန်းက အပြောင်းအလဲ ဖြစ်တတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ခါးနာတတ်သည်။ မေတ္တာရေးသည်ကား ဆန္ဒနှင့် ဘ၀ တစ်ထပ်တည်းမကျသောကာလ ဖြစ်၏။

အကျိုးပေးသော အရောင်         – အ၀ါရောင် ၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ လိမ္မော်ရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၄၊ ၀၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – သစ္စာပန်းတစ်စည်း ဘုရားကပ်လှူပါ။

သောကြာ

လုပ်ငန်းခွင်၌ စိတ်အနည်းငယ် ပင်ပန်းရတတ်၏။ ရွှေဝင်မည်။ ဘာသာရေး လူမှုရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ ပညာရေးကတော့ ရည်မှန်းချက် အဆင်ပြေမည်။ ကျန်းမာရေး ကောင်းမည်။ ငွေကြေးများ ရွှင်မည်။ မေတ္တာရေးသည်ကား မောင်တစ်ထမ်း မယ်တစ်ရွက် ကြည်ဖြူလက်တွဲရမည်။

အကျိုးပေးသော အရောင်         – ပြောက်ကျားရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၃၊ ၆၊ ၉၊ ၂ ပါသော ဂဏန်းများ

ယတြာ                     – ဘိုးဘွားရိပ်သာများ၌ အလှူငွေ ပါဝင်ပါ။

စနေ

သင်ကံထူးသောကာလ ဖြစ်သည်။ သင့်အတွက် မင်္ဂလာသတင်းစကားများ ကြားရမည်။ လာဘ်ပွင့် မည်။ သင့်ပြောဆိုစကားများ ထမြောက်အောင်မြင်မည်။ ပညာရေးကိစ္စ ကောင်းမွန်မည်။ အသွားအလာ သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူက သင်မျှော်လင့်သော အဖြေကို ပေးပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၃၊ ၅၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – မုန့်ဖက်ထုပ်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

                                                   လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                  ဆရာရွှေစင်မြတ်(Geology)

                                                    ဝေဒလက္ခဏသုတေသီ