ထားဝယ်တွင် လျှပ်စစ်မိန်း အပူလွန်ကဲရာမှ မီးလောင်

0
1071

ထားဝယ်မြို့တွင် ဇူလိုင်လ ၅ ရက် မနက်ပိုင်းက နေအိမ်တွင် တပ်ဆင်ထား သည့် လျှပ်စစ်မိန်း အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း ထားဝယ်ခရိုင်မီးသတ်စခန်းထံမှ သိရသည်။

ထားဝယ်မြို့ ၊ ခုံဝင်းဒပ်ရပ်ကွက်ရှိ ၃ ထပ်တိုက်၏ အပေါ်ဆုံးထပ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အချိန် အနည်းငယ်အတွင်း မီးငြိမ်းနိုင်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ဆိုသည်။

မီးလောင်ရာသို့ ခရိုင်မီးသတ်စခန်း မှ မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီးဖြင့် သွားရောက်ငြိမ်းသတ် ခဲ့ကြောင်း ၎င်းက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အသက် ၃၅ နှစ်အရွယ် အမျိုးသားကို ရာဇသတ် ကြီးပုဒ်မ-၂၈၅ ဖြင့် ထားဝယ်မြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း ခရိုင်မီးသတ် စခန်းထံမှ သိရသည်။

Dawei Watch