ထားဝယ်လမ်းမီး GGSကုမ္ပဏီမပြင်ပေးက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်နိုင်

0
890

ထားဝယ်ခရိုင်အတွင်း ပျက်နေသည့် လမ်းမီးများကို GGS ကုမ္ပဏီက လာမပြင်ပေးပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးများထံ သွားရောက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လမ်းမီးကြေးကောက်ခံနေသည့် လမ်းများတွင် မီးပျက်သည်ကို ကုမ္ပဏီ အား ဆက်သွယ်အကြောင်း ကြားသော်လည်း လာမပြင်ပေးပါက တိုင်ကြားရန် ဦးအောင်သူရက ပြောဆိုခဲ့ခြင်း ဖြစ် သည်။

လက်ရှိတွင် လမ်းမီးပျက်နေသည့် အကြောင်းကို ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း လုပ်ကိုင်နေသည့် GGS ကုမ္ပဏီထံ ဆက်သွယ်အကြောင်းကြားသော်လည်း လာရောက်ပြုပြင်ပေးခြင်း မရှိဘဲ လမ်းမီး ကြေးကိုသာ ကောက်ခံနေကြောင်း ဒေသခံအချို့က ပြောဆိုနေမှုများ ရှိ သည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်   လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းလုပ်ကိုင်နေသည့် GGS ကုမ္ပဏီက လမ်းမီးကြေး အဖြစ် မီတာတစ်လုံးလျှင် နှစ်ရာကျပ် နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။

အစိုးရအနေဖြင့် လမ်းမီးခကို လမ်းမီးရှိသည့် နေရာမှ အိမ်များကိုသာ ကောက်ခံခွင့်ပြုထားပြီး ပျက်နေပါက ပြုပြင်တပ်ဆင်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်သူရက ဆိုသည်။

“ကျွန်တော်တို့လည်းပဲ ညွှန်ကြား ထားပြီးသားလေ။ မီးပျက်နေရင် လဲပေးရမယ်။ စာထုတ်ထားတာက မီးပျက်တဲ့နေ ရာကို မီးတပ်ပြီးတော့ လုပ်ရမယ်ဆို တာကို စာထုတ်ထားပြီးသား”ဟု ၀န်ကြီး ဦးအောင်သူရက ပြောသည်။

ထားဝယ်ခရိုင်အတွင်း မီတာအလုံးရေ ခြောက်သောင်းကျော်ရှိကြောင်း သိရသည်။

Dawei Watch