အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သည်ဆိုသည့်အမှု ဆေးစစ်ထားဟုဆို

0
2305

ထားဝယ်မြို့တွင် အသက် ၁၄ နှစ် အရွယ်ရှိ မိန်းကလေးငယ်အား မုဒိမ်း ကျင့်သည်ဆိုသည့် ကိစ်္စနှင့်ပတ်သက်၍ ဆရာဝန်ထံတွင် ဆေးစစ်ထားကြောင်း ထားဝယ်မြို့မရဲစခန်းမှူးက ပြောသည်။

ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးကို အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားက မိန်းကလေးငယ် နေထိုင်သည့်အိမ် အောက်တွင် မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမှု ဖြစ်သည်။

လက်ရှိတွင် မုဒိမ်းကျင့်သည်ဆို သည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်ထားပြီး ထားဝယ်ရဲစခန်းတွင် ဖမ်းဆီးထားသည်။

ယင်းအမှုနှင့် ပတ်သက်၍ မုဒိမ်း ကျင့်ခဲ့သည်ဆိုသည့် အမျိုးသားကို စစ် ဆေး ဆဲဖြစ်ပြီး မိန်းကလေးကို ဆေးစစ် ထားကြောင်း ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။

““ကောင်မလေး အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်၊ တရားသူကြီးဆီ သတင်းပို့ ပြီးတော့မှ ဆရာဝန်ဆီမှာ သွားစစ်ထား ပြီးပြီ””ဟု ဒုရဲမှူးအောင်နိုင်မိုးက ပြော သည်။

ဆေးစစ်ချက်အဖြေကိုမူ ဆရာဝန် က တရားရုံးတွင် သက်သေထွက်ဆိုချိန်မှ သာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် ဖြစ်စဉ် မှာ အသက် ၆၂ နှစ်အရွယ်ရှိ အုပ်ထိန်းသူ အမျိုးသမီးကြီးက နေအိမ်အပေါ်ထပ်တွင် မုန့်လုပ်နေစဉ် အထက်ပါမိန်းကလေး ငယ်က အိမ်အောက်တွင် အုန်းသီးခွဲနေ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုစဉ် အုပ်ထိန်းသူအမျိုးသမီးကြီး က အဆိုပါမိန်းကလေးကို လှမ်းခေါ်ရာ ပြန်မထူးသဖြင့် နေအိမ်အောက်သို့ ဆင်း ကြည့်ရာ မိန်းကလးငယ်၏ အနီးတွင် ငွေကျပ်နှစ်ထောင်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ငွေနှစ်ထောင်ကျပ်တွေ့ရှိခြင်းနှင့် ပတ်သက်၍ အဆိုပါမိန်းကလေးငယ်ကို မေးမြန်းရာ အသက် ၅၄ နှစ်အရွယ်ရှိ အထက်ပါအမျိုးသားက ပေးခဲ့သည်ဟု ပြောကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

အထက်ပါအမျိုးသားက ငွေနှစ် ထောင်ကျပ်ပေးရသည့် အကြောင်းရင်း ကို အုပ်ထိန်းသူက မိန်းကလေးငယ်အား မေးမြန်းရာ ၎င်းင်းအုန်းသီးခွဲနေစဉ် အသက် ၅၄ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားက ရောက်ရှိလာပြီး ပါးစပ်ကို ပိတ်ကာ မုဒိမ်းကျင့်ခဲ့ပြီး ငွေနှစ်ထောင် ကျပ် ပေးခဲ့သည်ဟု ပြောဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယခုနှစ် မေလအတွင်းကလည်း အခင်းဖြစ်သည့် နေအိမ်အရှေ့ရှိ အဆိုပါ အမျိုးသားပိုင် ကားဂိုဒေါင်အတွင်း နှစ် ကြိမ် မုဒိမ်းပြုကျင့်ခဲ့ဖူးသည်ဟု မိန်း ကလေးကို အကြိမ်ကြိမ်မေးမြန်းချိန်တွင် လည်း အထက်ပါအတိုင်းသာ ပြော ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မုဒိမ်းပြုကျင့်ခံရသည်ဆိုသည့် မိန်းကလေးအိမ်နှင့် ကျူးလွန်ခဲ့သည်ဆို သည့် အမျိုးသား၏ ကားဂိုဒေါင်က မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အိုး လုပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက စွပ်စွဲခံရ သူဘက်မှ အကာအကွယ်ပေးပြီး အတင်း အဓမ်္မ ခံဝန်ထိုးစေခဲ့သည်၊ ငွေကြေးဖြင့် ညှိနှိုင်းပြီး အဆင်မပြေရာမှ အမှုဖွင့်ခဲ့ ခြင်းဖြစ်သည် အစရှိသည့် ကောလာ ဟလများ ပျံ့နှံ့နေခဲ့သည်။

အိုးလုပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းရှိန်ကမူ မုဒိမ်းမှုကျူးလွန်သည်ဆို သည့်အပေါ် ညှိနှိုင်းပေးခြင်း မဟုတ်ဘဲ ၎င်းင်းတို့ အချင်းချင်း သဘောတူပြီး ခံဝန် ထိုးကြခြင်းသာဖြစ်သည်ဟု တုံ့ပြန် သည်။

စွပ်စွဲခံရသည့် အမျိုးသားက ကျူး လွန်ခံရသည်ဆိုသည့် မိန်းကလေးအိမ်ခြံ ၀င်းအတွင်းသို့ မ၀င်ရန်၊ မိန်းကလေးငယ် ဘက်ကလည်း မုဒိမ်းကျင့်သည်ဟု လျှောက်မပြောရန်ဆိုသည့်အချက်ကို သာ ခံဝန်ထိုးစေခြင်းသာဖြစ်ကြောင်း ဦးထွန်းရှိန်က ဆိုသည်။

ဇွန်လ ၁၈ ရက်က အိုးလုပ်ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျေအေး ကြောင်း ခံဝန်ထိုးခိုင်းခဲ့ခြင်းသည်ဟု ၎င်းင်းက ပြောသည်။

““ခြံထဲ(နောက်ထပ်) ၀င်ရင် ခင်ဗျား ကို ပိုက်နက်ကျူးလွန်မှုနဲ့ ကျွန်တော် ကိုယ်တိုင် တရားစွဲမယ်ဆိုပြီးတော့ သူတို့ကို ခံဝန်ထိုးခိုင်းတာ””ဟု ဦးထွန်းရှိန် က ပြောသည်။

ထိုအချိန်ကလည်း ကျေနပ်မှု မရှိပါက ရဲစခန်းတွင် အမှုသွားဖွင့်ရန် ၎င်းင်းက ပြောဆိုခဲ့ပြီး အမှုကျေအေးစေရန် ငွေကြေးဖြင့် ညှိနှိုင်းပေးခြင်း တစ်စုံတစ် ရာ မရှိကြောင်း ဦးထွန်းရှိန်က ဆိုသည်။

အိမ်အောက်တွင် အုန်းသီးခွဲနေ ချိန်၌ မုဒိမ်းပြုကျင့်ခဲ့သည့်အပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သွားရောက် တိုင်ကြားခဲ့ကြောင်း မိန်းကလေးငယ်၏ အုပ်ထိန်းသူအမျိုးသမီးက ပြောသည်။

ဇွန်လ ၁၈ ရက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နှစ်ဖက်တွေ့ ဆုံကာ ပြေငြိမ်းကြောင်း လက်မှတ်ထိုးစေ ခဲ့သည်ဟု ၎င်းင်းက ဆိုသည်။

““ကျွန်မကတော့ အမှန်တရားပဲ လိုချင်တယ်””ဟု အုပ်ထိန်းသူ အမျိုးသမီး က ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှာပင် မုဒိမ်းမှုကျူးလွန်ခြင်းရှိ/ မရှိ ဆေးခန်းတွင် ဆေးစစ်ရန် ကျူးလွန် သည်ဆိုသည့် အမျိုးသား၏ ဇနီးက မိန်းကလေးငယ်ကို သုံးဘီးဖြင့် လာခေါ် ခဲ့ကြောင်း အထက်ပါမိန်းကလေး၏ အုပ်ထိန်းသူက အမျိုးသမီးက ပြော သည်။

စွပ်စွဲခံထားရသည့် အမျိုးသား ကိုယ်တိုင်က ၎င်းင်းကျူးလွန်ခဲ့ခြင်းမရှိ၍ အမှန်အတိုင်းသိနိုင်ရန် မိန်းကလေးငယ် နှင့် အုပ်ထိန်းသူကို ခေါ်ကာ ဆေးစစ်ရန် ခေါ်သွားခဲ့သော်လည်း ထားဝယ် ဆေးရုံကြီးမရောက်မီ လမ်းခုလတ်တွင် သုံးဘီးပေါ်မှ ပြန်ဆင်းသွားခဲ့သည်ဟု စွပ်စွဲခံရသူ၏ ဇနီးဖြစ်သူက ဆိုသည်။

““ကျွန်မယောက်ျားက မတရားစွပ်စွဲ ခံနေခြင်းသာ ဖြစ်တယ်””ဟု စွပ်စွဲခံရသူ ၏ ဇနီးက ပြောသည်။

လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် အချက်များနှင့် သတင်းအချို့မှာ အမှန် တရားအတွက် အမှုရင်ဆိုင်နေချိန်တွင် မဟုတ်မမှန် တိုက်ခိုက်ခံနေရခြင်းသာ ဖြစ်သည်ဟု ၎င်းင်းက တုံ့ပြန်သည်။

မုဒိမ်းမှုကျူးလွန်သည်ဆိုသည့် အမျိုးသားကို ဇွန်လ ၂၄ ရက်နေ့က တရားရုံးထုတ်ပြီး ချုပ်မိန့်ရမန်ယူခဲ့ သည်။

Dawei Watch