ထားဝယ်တွင် သင်္ဘောသားတစ်ဦး ရေနစ်သေဆုံး

0
529

ထားဝယ်မြို့ ဆိပ်ကမ်းတွင် ရပ် နားထားသည့် သင်္ဘောပေါ်မှ သင်္ဘော သားတစ်ဦး ဇွန်လ ၂၁ ရက်က ရေနစ် သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ကြက်စားပြင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ ဦးကျောက်စိမ်းတံတားတွင် ဆိုက်ကပ်ထားသည့် ကုန်တင်သင်္ဘောမှ အသက် ၃၈ နှစ်အရွယ်ရှိ သင်္ဘောသား သည်  သင်္ဘောပေါ်တွင် မတွေ့သဖြင့် သေဆုံးသူ၏ အစ်ကိုရင်းအပါအ၀င် ကျန်သည့် သင်္ဘောသားများက လိုက်ရှာ ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့လိုက်ရှာရာ အဆိုပါသင်္ဘော သားကို ရေထဲတွင် ပါးပေါက်ပြဲသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသွားသည့် သင်္ဘောသားက အရက်သောက်တတ်သူတစ်ဦးဖြစ်ကာ အရက်မူးပြီး သင်္ဘောပေါ်သို့ ပြန်လာစဉ် ကုန်းဘောင်ပေါ်မှ ပြုတ်ကျကာ ကွန် ကရစ်တန်းဖြင့် ဆောင့်မိပြီး ဒဏ်ရာဖြင့် ရေနစ်သေဆုံးခဲ့ကြောင်း ယူဆသည်ဟု အစ်ကိုဖြစ်သူက ပြောပြကြောင်း ရဲမှတ် တမ်းအရ သိရသည်။

အသက် ၃၈ နှစ်အရွယ်ရှိ သင်္ဘောသားသေဆုံးခြင်းနှင့် ပတ်သက် ၍ ထားဝယ်မြို့မရဲစခန်းတွင် သေမှုသေ ခင်းဖွင့်ကာ စစ်ဆေးနေကြောင်း တိုင်းရဲ   တပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Dawei Watch