ဝန်ကြီးအသစ်တစ်ဦး တိုးခန့်ရေး တိုင်းလွှတ်တော် အထူးအစည်းအဝေး ခေါ်မည်

0
411

အသစ်ဖွဲ့စည်းမည့် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ၀န်ကြီးဌာနအတွက် ၀န်ကြီးတစ်ဦး တိုးခန့်ရေး တိုင်းလွှတ် တော် အထူးအစည်းဝေးတစ်ရပ် ခေါ်ယူ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

တိုင်းလွှတ်တော်သည် လက်ရှိ    တွင် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပနေပြီး လက်ရှိ အစည်းအဝေးတွင် ၀န်ကြီးအသစ် အမည်စာရင်းတင်ရန် အချိန် မလုံလောက်နိုင်သဖြင့် အထူး အစည်းအဝေး ခေါ်ယူရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက်္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

“ခု(၁၃ ကြိမ်မြောက် ပုံမှန်)အစည်း အဝေးမှာ မမီနိုင်ဘူး၊ အထူးအစည်း အဝေး ခေါ်ဖို့ လုပ်ထားတယ်”ဟု ဦးခင်မောင်အေး က ပြောသည်။

အထက်ပါဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရေးကို ဇွန်လ ၂၄ ရက် တွင် ကျင်းပသော တနင်္သာရီတိုင်းဒေသ ကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံ မှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များ၏ သဘောထားရယူ အတည်ပြုခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်သမ်္မတမှ ဇွန်လ ၁၉ ရက် နေ့ ရက်စွဲဖြင့် ပေးပို့သည့် ၀န်ကြီး ဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းလိုပါသဖြင့် တိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာ ပေးပို့လာမှုကို ဖတ်ကြား ကာ အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

ထိုနောက် နိုင်ငံတော်သမ်္မတမှ တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်တကွ တိုင်းနှင့်ပြည်နယ် ၇ ခုတွင် အထက်ပါ ၀န်ကြီးဌာန အသစ်တစ်ခု တိုးချဲ့ရန် ၀န်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းလိုက် ကြောင်း ဇွန်လ ၂ရ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ တိုင်းဒေသကြီးဝန်ကြီး၏ အမည် စာရင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး လွှတ်တော်သို့ တင် သွင်းလျက် သဘောတူညီချက် ရယူရ မည်ဖြစ်သည်။

ထိုသို့ တင်သွင်းရာတွင် သက် ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ ကိုယ် စားလှယ်မဟုတ်သူများထဲက ဖြစ်စေ ၀န်ကြီးအဖြစ် အမည်စာရင်း တင်သွင်း နိုင်သည်။

ဝန်ကြီးချုပ်က တိုင်းလွှတ်တော်မှ သဘောတူညီချက် ရပြီးသည့် ပုဂ်္ဂိုလ် အား တိုင်းဒေသကြီးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ်္မတ ထံ တင်ပြရမည်ဖြစ်ပြီး သမ်္မတက ခန့် အပ်တာဝန်ပေးရမည် ဖြစ်သည်။

အသစ်ဖွဲ့စည်းမည့် ၀န်ကြီးဌာနနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ထံ ညွှန် ကြားချက် တစ်စုံတစ်ရာ ရောက်မလာ သေးသဖြင့် ၀န်ကြီးနေရာအတွက် လူပုဂ်္ဂိုလ် လျာထားမှု မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

“ပြည်ထောင်စုက ဘာမှ မညွှန် ကြားလာသေးတော့ ၀န်ကြီးနေရာ အတွက် ကြိုတင်လျာထားတာ မရှိသေး ပါဘူး”ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ဇွန်လ ၂၄ ရက်နေ့က ပြောသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့ကို လက်ရှိတွင် ၀န်ကြီးဌာန ၇ ခုဖြင့် ဖွဲ့ စည်းထားပြီး ၎င်းင်းတို့မှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ စိုက် ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ကရင်တိုင်းရင်း သားရေးဝန်ကြီးဌာနတို့ ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးဌာနကို တိုင်း ဒေသကြီးနှင့်ပြည်နယ် အားလုံးတွင် တိုး ချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မန်္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဇွန်လ ၂၁ ရက်နေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။

ထိုဝန်ကြီးဌာနသစ်ကို Job Creation (အလုပ်အကိုင် ဖန်တီးရေး) လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ စည်းမည်ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုထားသည်။

လက်ရှိ တနင်္သာရီတိုင်းအစိုးရ အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဦးစီးဌာနကို လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက ကိုင်တွယ် နေပြီး အလုပ်သမားဦးစီးဌာနကို စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ကိုင် တွယ်နေသည်။                 

Dawei Watch