ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
648

၁-၇-၂၀၁၉ မှ ၇-၇-၂၀၁၉ထိ

တနင်္ဂနွေ

လူမျိုးကွဲတို့ ကူညီမစမှု ခံရမည်။ ကျောင်းသား၊ ကျောင်းသူများ ပညာရေး အခြေအနေကောင်းပါမည်။ တန်ခိုးကြီးဘုရားဓာတ်ပုံများ လက်ဆောင်ရမည်။ ယခုလအတွင်း တယ်လီဖုန်း ပျက်လျှင် ပြန်ပြင်ပါ။ အသစ်မ၀ယ်ပါနှင့်။ မိတ်ဆွေကောင်းများနှင့် ပြန်လည်ဆုံစည်းရမည်။ မေတ္တာရေးသည်ကား စိတ်အလိုမကျတတ်သော ကာလမျိုး ဖြစ်၏။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ အညိုရောင်

မစားသင့်သော အစားအစာ       – စပျစ်သီး၊ ကြက်ဥ

ယတြာ                     – ပန်းတိမ်ငိုပန်း ဘုရားကပ်လှူပါ။

တနင်္လာ

မြေ၀ယ်ရန် ဆန္ဒရှိလျှင် သင့်တော်သော ကာလဖြစ်၏။ သားသမီးရတနာ ရရှိမည်။ ငွေကြေးများ စုမိဆောင်းမိမည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ စိတ်တိုင်းမကျ ဖြစ်နေရတတ်၏။မေတ္တာရေးသည်ကား သင်သည် ပန်းခင်းလမ်းကို လျှောက်လှမ်းနေရမည့်အခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစားအစာ       – မှို၊ ဘဲသား

ယတြာ                     – သာကူမုန့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

ပညာရေးကိစ္စများ အဆင်ပြေမည်။ အိုးအိမ်သစ်များ ဆောက်လုပ်ခြင်း၊ ၀ယ်ခြင်းများ ကောင်း၏။ အလှူအတန်းများ ပြုရမည်။ အလေးအပင် မခြင်းများ သတိထားပါ။ မေတ္တာရေးသည်ကား အချစ်သည် သင့်အတွက် အိုအေစစ်တစ်ခု ဖြစ်ပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – အုန်းထမင်း၊ ချဉ်ပေါင်

ယတြာ                     – ရွှေရင်အေးမုန့်ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

မိမိထက်အသက်အရွယ်ကြီးသူ သိက္ခာကြီးသူများ၏ ကူညီမစမှု ခံရမည်။ စက်ပစ္စည်းများ ၀င်မည်။ သင်တန်းတက်ခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများ အောင်မြင်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ အဆင်ပြေမည်။ မေတ္တာရေးသည်ကား အချစ်ကြီးလျှင် အမျက်ကြီးတတ်သည်မို့ အထူးဂရုပြုစေချင်သည်။

အကျိုးပေးသော အရောင်         – ရွှေရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အညိုရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – ဒူးရင်းသီး၊ ဆိတ်သား

ယတြာ                     – ပန်းတိမ်ငိုပန်း ကပ်လှူပူဇော်ပါ။

ကြာသပတေး

သင်သည် လုပ်ငန်းကြီးများ တာဝန်ကြီးများ ထမ်းဆောင်ရမည့်ကာလ ဖြစ်သည်။ ပရိဘောဂ ပစ္စည်းများ ၀င်မည်။ သင်၏ ပြောစကားများ ထိရောက်အောင်မြင်မည်။ ခြေထောက် အနာတရ ဖြစ်တတ်၏။ မေတ္တာရေးသည်ကား ချစ်သူနှင့် မဝေးရတော့ပါ။

အကျိုးပေးသော အရောင်         – အနီရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – ငွေရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစားအစာ       – ဒန်ပေါက်၊ ရွှေဖရုံသီး

ယတြာ                     – ပန်းသစ်တော်သီး(၂)လုံးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

ရွှေထည်ပစ္စည်းများ ၀င်မည်။ ရေခဲသေတ္တာစသော ပစ္စည်းများဝင်မည်။ သတင်း စကားကောင်းများ ကြားရမည်။ ကျန်းမာရေး အညံ့မရှိပါ။ စက်ပစ္စည်းများ ခဏခဏပျက် တတ်သည်။  မေတ္တာရေးသည်ကား အစကောင်း၍ အနှောင်းသေချာမည် ဖြစ်၏။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အညိုရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစားအစာ       – ချဉ်ပေါင်၊ ကြက်ဥ

ယတြာ                     – သရက်သီးမှည့်ကို အစိတ်စိတ်ပြု ၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

ငွေကြေးများစွာ ၀င်လာမည်။ သတင်းစကားကောင်းများ ကြားရမည်။ နိုင်ငံရပ်ခြား ခရီးများ သွားရမည်။ အရေးကြီးကိစ္စ ပြောရမည်ဆိုလျှင် ထိုကိစ္စမုချ အဆင်ပြေမည်။ မိတ်ဆွေသူငယ်ချင်းတို့နှင့် စိတ်ဝမ်းကွဲရတတ်သည်။ မေတ္တာရေးသည်ကား သူများမနာလို လောက်အောင် သင်ကံကောင်းပါမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       -အ၀ါရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – ရွှေဖရုံသီး၊ ကလီစာအမျိုးမျိုး

ယတြာ                     – ဒူးရင်းသီးကို အစေ့မပါစေဘဲ အသားသက်သက် ဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

ဝေဒလက္ခဏသုတေသီ