H1N1ရာသီတုပ်ကွေးရောဂါ

0
873

ရာသီတုပ်ကွေးရောဂါလက္ခဏာ များ

(၁) နှာရည်ယိုခြင်း။

(၂) နှာချေခြင်း။

(၃) ချောင်းခြောက်ဆိုးခြင်း။

(၄) လည်ချောင်းနာခြင်း။

(၅) ခေါင်းကိုက်ခြင်း။

(၆) ကိုယ်လက်ကိုက်ခဲခြင်း။

(၇) နုံးခွေခြင်း။

(၈) အဖျားရှိခြင်း(အပူချိန်၃၈ံC နှင့်အထက်)

ရာသီတုပ်ကွေးရောဂါကို မိမိကို စ၍ ကာကွယ်ပါ။

ရာသီတုပ်ကွေးရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်ပါသည်။ အဆိုပါရောဂါ လက္ခဏာများ ပိုမိုပြင်းထန်နိုင်ပါသည်။

နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ် နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ပါ။ (လက်ကိုင်ပုဝါ၊ တစ်ရှူး၊ တစ်ခါသုံး ပါးစပ်/  နှာခေါင်းစည်းတို့ကို အသုံးပြုနိုင်ပါသည်။

မိမိအနီးတွင် နှာချေ၊ ချောင်းဆိုးခြင်း ရှိပါကလည်း အထက်ပါနည်းအတိုင်း ကာကွယ်ပါ။ 

နှာချေ၊ ချောင်းဆိုးပြီးချိန်နှင့် ရောဂါ လက္ခဏာရှိသူများအား ထိတွေ့ကိုင်တွယ် ပြီးချိန်တိုင်း ရေနှင့်ဆပ်ပြာတို့ဖြင့် သေချာစွာ လက်ဆေးပါ။

မိမိတွင် တုပ်ကွေးရောဂါ ဖြစ်ပွား သည်ဟု သံသယရှိပါက အခြားသူများသို့ ကူးစက်မှုမှ ကာကွယ်ရန် – မိသားစုနှင့် နီးကပ်စွာ နေထိုင်ခြင်း။ ကျောင်း၊ ဈေး၊ လုပ်ငန်းခွင်နှင့်လူထူထပ်သော နေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ်ပါ။

ရာသီတုပ်ကွေးရောဂါ သံသယရှိသူ များတွင် အောက်ပါပြင်းထန်လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာဆေးရုံ/ ဆေးခန်းသို့ချက်ချင်းသွားရောက်၍ ကုသမှုခံယူပါ။

(၁) အဖျားကြီးလွန်းခြင်း။

(၂) အသက်ရှူကြပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း။

(၃) သတိလစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း။

မိမိတွင် အထက်ပါရာသီတုပ်ကွေး ရောဂါလက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန နှင့် ဆေးရုံ/ဆေးခန်းများတွင် သတင်း ပေးပို့၍ ကုသမှုခံယူပါ။

ရင်းမြစ် – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန