ရပ္ကြက္ထဲက EITI

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

စာဖတ်သူအနေနဲ့ အီးအိုင်တီအိုင် EITIလို့ ကြားလိုက်ရင် မျက်စိထဲမယ် ဘယ်လိုများ မြင်ယောင်လာမိပါသလဲ။

ဒါမှမဟုတ် အဲဒီစကားလုံးကို တစ်ခါ မျှ မကြားဖူးတာမျိုးလား။ နောက်ပြီး အဲဒီစကားလုံးက ပြည်သူလူထုအနေနဲ့ သိဖို့လိုတဲ့ စကားလုံးမျိုးလား။ လူထုအများ ရဲ့ နေ့စဉ်လူမှုဘ၀ စားဝတ်နေရေးနဲ့ အနှီ အီးအိုင်တီအိုင်ဆိုတဲ့ စကားလုံးနဲ့ ဘယ်နည်း ဘယ်ပုံများ ဆက်စပ်နေလို့ ခုလိုမျိုး တခုတ် တရ မေးနေရသလဲလို့ စောဒက တက်လို စိတ်များ ဖြစ်မိလေသလား။

Extractive Industries Transparency Initiative EITIလို့ အတိုကောက် ခေါ်တဲ့ ဒီဝေါဟာရကို မြန်မာမှုပြုကြတာ ကတော့ “သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဖော်ဆောင်မှု”တဲ့။ သယံဇာတဆိုတဲ့အသံကြားလို့ စာဖတ်သူ ခေါင်းထောင်ကောင်း ထောင်သွားနိုင် ပါတယ်။ သဘာဝဓာတ်ငွေ့သိုက်တွေ၊ ခဲမဖြူ အဖြိုက်နက်သတ္တုတွင်းတွေ၊ ပုလဲနဲ့သစ် အစရှိတဲ့ အဖိုးတန် သယံဇာတ တွေကို ဖင်ခုထိုင်ထားတဲ့ ကျွန်တော်များ တနင်္သာရီတိုင်းသား သူဆင်းရဲများ အတွက် သယံဇာတဆိုတာ ကျိန်စာလို့များ ထင်ကောင်း ထင်နေကြပေလိမ့်မယ်။

တကယ်တမ်း စိတ်ထဲရှိသမျှပြော ရရင် ကျွန်တော်တို့ဟာ သယံဇာတ ကျိန်စာ သင့်တယ်ဆိုတာထက် ပိုပါတယ်။ ဆုံးရှုံး သွားတဲ့ ကျွန်တော်တို့ရဲ့ရေချို အရင်းအမြစ် တွေ၊ သစ်တောတွေနဲ့ မျက်စိနဲ့မြင်လို့ မကောင်းလောက်အောင် ပျက်စီးသွားပြီ ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ သဘာဝ ပတ်ဝန်းကျင် အကြောင်းကို ပြန်တွေးကြည့်ရင် စိတ်ညစ် ညူး ဖွယ်ရာတွေ ရောပြွမ်းလို့။

ခေတ်အဆက်ဆက် ဆိုးရွားညံ့ဖျင်း လွန်းတဲ့ စီမံအုပ်ချုပ်မှုတွေအောက် အဖတ် ဆယ်လို့ မရလောက်အောင် ပျက်စီးနေတဲ့ အနှီ သယံဇာတကျိန်စာကို ပျက်ပြယ်သွား အောင် ကျွန်တော်တို့ဘယ်လိုများ စွမ်း ဆောင်ကြမလဲ။

အီးအိုင်တီအိုင်EITIကတော့ သယံဇာတစီမံအုပ်ချုပ်မှုတွေကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာမှာ လက်နက် ကိရိယာတစ်ခုအဖြစ် အသုံးပြုဖို့ နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ စံချိန် စံညွှန်းတစ်ခုအဖြစ် တင်စားလိုပါတယ်။ အခြေခံအားဖြင့် အီးအိုင်တီအိုင်ဟာ သယံဇာတတူးဖော်မှုက ရရှိတဲ့ ၀င်ငွေ တွေကို ဖော်ပြတဲ့ နည်းပညာဆိုင်ရာ အစီရင်ခံစာတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အီးအိုင်တီအိုင်အဖွဲ့ကတော့“သဘာဝသယံဇာတ အရင်း အမြစ်များမှ ရရှိသော ၀င်ငွေကို စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှု တိုးတက်လာစေရန် အတွက် အစိုးရ၊ ကုမ်္ပဏီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ချိတ်ဆက်၍ ဆောင်ရွက်ရ သည့် နိုင်ငံတစ်ကာ စံချိန်စံညွှန်းတစ်ခု ဖြစ်သည်”လို့ ပြန်ဆိုထားတယ်။

သယံဇာတထုတ်ယူတဲ့ ကုမ္ပဏီတွေ နဲ့ပတ်သက်တဲ့ လိုင်စင်နဲ့ ကန်ထရိုက်စာချုပ် တွေ၊ ထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ၊ အခွန်ကောက်ယူမှုနဲ့ ခွဲဝေသုံးစွဲမှုတွေ၊ စီးပွားလုပ်ငန်းတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ထည့်ဝင်မှုတွေ အစရှိသည်ဖြင့် များပြားရှုပ်ထွေးလှ တယ်။

ပထမစာပိုဒ်က မေးခွန်းကို ပြန်ကောက် ရရင် အီးအိုင်တီအိုင်လို့ ဆိုလိုက် တာနဲ့ ခုလောက်ဆို ကိန်းဂဏန်းတွေ၊ စာချုပ်စာတမ်းတွေ၊ ရေနံတွင်းတူးစင်တွေ နဲ့ သတ္တုမိုင်းတွင်းတွေကို မြင်ယောင် ကောင်း မြင်ယောင်လာပါလိမ့်မယ်။

ဒုတိယပိုင်းမေးခွန်းအတွက်က ထပ် ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ အနှီ အီးအိုင်တီအိုင်ဆိုသဟာကြီးက ရပ်ကွက် ထဲက ကျွန်တော်တို့နဲ့ ဘယ်ပုံဘယ်နည်း ဆက်စပ်နေပါသလဲ။

ဒီမေးခွန်းက နိုင်ငံတကာ အီးအိုင်တီအိုင်ဘုတ်အဖွဲ့ရဲ့ ဖွင့်ဆိုမှုတချို့ နဲ့ ကိုက်ညီကောင်း ကိုက်ညီနေပါလိမ့် မယ်။ သူတို့အဆိုအရ အီးအိုင်တီအိုင်ကြီးကို အကောင်အထည်ဖော် လိုက်ရင် အောက်မှာ ဖော်ပြထားတာ တွေ ရရှိခံစားရမယ်လို့ဆိုတယ်။

၁) တွင်းထွက်ကဏ္ဍများမှ ရရှိလာ သည့် အခွန်များ နိုင်ငံတော် ဘဏ္ဍာထဲသို့ အပြည့်အ၀ ရောက်ရှိခြင်း ရှိမရှိကို သိနိုင် ပြီး နိုင်ငံတော်၏ ၀င်ငွေများ အများပြည်သူ အကျိုးအတွက် အကျိုးရှိစွာ အသုံးချနိုင် ခြင်း။

၂) အစိုးရ၏ အုပ်ချုပ်မှု ယန္တရား အား ပိုမိုအားကောင်းစေပြီး ကောင်းမွန် သော အစိုးရဖြစ်ပေါ်ရေး အားထုတ်မှုကို အထောက်အကူပြုခြင်း။

၃) သဘာဝ သယံဇာတ တူးဖော် ထုတ်လုပ်ရေးနှင့် ပတ်သက်သော သတင်း အချက်အလက်များကို တစ်နေရာတည်း တွင်ရရှိနိုင်ခြင်း။

၎) အစိုးရ၏ သဘာဝ သယံဇာတ နှင့်ဆက်စပ်သော အခွန်ကောက်ယူမှု အရည် အသွေးအား ပိုမိုမြင့်မားစေပြီး အခွန်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အား ကောင်းစေခြင်း။

၅) အစိုးရ၊ ကုမ္ပဏီများနှင့် လူထု အခြေပြုအဖွဲ့များအကြားတွင် တည်တံ့ခိုင် မြဲသော နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရန် အထောက်အကူပြုစေခြင်း။

၆) ကုမ္ပဏီများအတွက် တည်ငြိမ် သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ဖန်တီး ပေးပြီး လက်ခံကျင့်သုံးသော နိုင်ငံ အတွင်းသို့ အရည်အသွေးမြင့်မားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် အထောက်အကူပြုနိုင်ခြင်း။

၇) အစိုးရနှင့် ကုမ္ပဏီများ၏ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသော စနစ်များကို အားကောင်းစေခြင်း။

၈) ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန် ခံမှုရှိခြင်းအပေါ် နိုင်ငံတကာ၏ လက်ခံ၊ ထောက်ခံမှုကို ရရှိနိုင်ခြင်း။

အပေါ်က အချက်တွေကို ဖတ်ကြည့် လိုက်ရင် စာဖတ်သူအနေနဲ့ “ကောင်းလိုက် လေခြင်း”လို့ ဆိုကောင်းဆိုနိုင်ပါမယ်။ နှစ်ပေါင်းများစွာ လူထုတင်မြှောက်တဲ့ အစိုးရမဟုတ်သူတွေ အုပ်ချုပ်ခဲ့ကြတော့ တိုင်းပြည်ဝင်ငွေကို အာဏာရှင်တွေ သွန် လိုသွန် မှောက်လိုမှောက် လုပ်ခဲ့ကြတာ အများအသိပေပဲမို့လား။

အထူးသဖြင့် တနင်္သာရီတိုင်းသား တွေအတွက် ရင်နာစရာ ဇာတ်လမ်းပေါင်း သောင်းခြောက်ထောင်။ ပုံမှန်အားဖြင့် နိုင်ငံ တစ်နံတစ်လျားက ရရှိတဲ့ဝင်ငွေကို အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်အတိုင်း အစိုးရက တိုက်ရိုက်စီမံအုပ်ချုပ်ခွင့် ရှိသင့် ရဲ့ မဟုတ်တုံလော။

သို့သော်ငြား လက်ရှိ မြန်မာနိုင်ငံ မှာက အားလုံးသိပြီးဖြစ်တဲ့အတိုင်း သယံဇာတထုတ်ယူမှုနဲ့ ပတ်သက်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အားလုံး နီပါးဟာ သက်ဆိုင်ရာလုပ်ငန်းက ရရှိတဲ့ အခွန်ဘဏ္ဍာတွေကို တိုက်ရိုက် ကောက်ယူ စီမံခွင့်ရရှိနေတာဟာ စိတ်ဝင်စားဖွယ် ကောင်းလွန်းလှပါတယ်။

ဒါကြောင့်ပဲ အီးအိုင်တီအိုင်အစီရင်ခံစာတွေ ထွက်လာပြီးနောက်ပိုင်း မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းအစရှိတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်း ကဏ္ဍကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွား ဖို့အရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာ ခဲ့ကြတယ်။

ဒီမှာအလျဉ်းသင့်လို့ ပြောရရင် အီးအိုင်တီအိုင်မှာ ပါဝင်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ပါ။ နိုင်ငံတကာ စံချိန်စံညွှန်း တစ်ခုဖြစ် တဲ့ အီးအိုင်တီအိုင်မှာ မူအရ  သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ ဖွဲ့ရပါတယ်။ ညွန့်ပေါင်း အဖွဲ့မှာ ပြည်ထောင်စုအဆင့်အစိုးရကိုယ် စားလှယ်တွေ၊ သယံဇာတ ထုတ်ယူတဲ့ ကုမ်္ပဏီတွေက လုပ်ငန်းရှင်ကိုယ်စားလှယ် တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စား လှယ်တွေ ပါဝင်ရပါတယ်။

ပြီးခဲ့တဲ့ သမ်္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အီးအိုင်တီအိုင်အဖွဲ့ဝင်အဖြစ် စတင် လျှောက်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်အပေါ်မှာ လျှောက်လှမ်း နေပြီဖြစ်ကြောင်း ကမ္ဘာကို သက်သေပြ လိုတာကြောင့် အီးအိုင်တီအိုင်လိုမျိုး နိုင်ငံတကာစာမျက်နှာမှာ မြန်မာ ပြည် ၀င်ဆံ့လာအောင် စတင်ခြေလှမ်းပြင် တယ်လို့ဆိုလိုက ဆိုနိုင်ပါမယ်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့အတူ တစ်နွယ်ငင်တစ်စင်ပါ ယခင်ထက် ပိုမို လှုပ်ခတ်လာတဲ့ အရပ်ဘက်လှုပ်ရှားသူ တွေကြားမှာ အီးအိုင်တီအိုင်မှာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပါဝင်ရေးဟာ အဲဒီတုန်းက အတော်ကလေး ခေါင်းကိုက် စရာ ဖြစ်ခဲ့ရတယ်။

ပြည်ထောင်စုအဆင့် ညွန့်ပေါင်း အဖွဲ့မှာပါရမယ့် အရပ်ဘက်ကိုယ်စား လှယ်အစုအဖွဲ့ဟာ တစ်သင်း တစ်ဖွဲ့ကို ကိုယ်စားပြု ပါဝင်လို့ မရသလို ကိုယ်ကျိုး စီးပွားယှက်နွှယ်မှုတွေလည်း ရှိလာနိုင် တာကြောင့် သယံဇာတအရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေအနေနဲ့ အတော်ကလေး ခေါင်းချင်းရိုက် တိုင်ပင်ခဲ့ကြရတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန် ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability)  ( အဆိုကောက်ဆိုရင် မာတာ (MATA)) လို့ခေါ်တဲ့ မြန်မာနိုင်ငံတစ်နံတစ်လျားက သယံဇာတအရေး လှုပ်ရှားဆောင်ရွက် ကြတဲ့ လူပုဂ်္ဂိုလ်တွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ စုပေါင်းပြီး ပြည်ထောင်စု အဆင့် ကွန်ရက်ကြီးတစ်ခုကို ဖွဲ့စည်း နိုင်ခဲ့တယ်။ တိုတိုပြောရရင် မြန်မာနိုင်ငံ အီးအိုင်တီအိုင်ရဲ့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှာ အထက်ပါ မာတာကွန်ရက်က ရွေးချယ်တာဝန်ပေးအပ်သူကိုသာ ပါဝင်စေရမယ်ဆိုတဲ့ အချက်ကို အစိုးရက သဘောတူခဲ့ရတယ်။

သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့မှာ ပါဝင် ရတဲ့ အရပ်ဘက်ကိုယ်စားလှယ်တွေဟာ အစိုးရနဲ့ကုမ်္ပဏီတွေဆီက သယံဇာတ ထုတ်ယူမှုဆိုင်ရာ အချက်အလက်တွေ တတ်နိုင်သမျှ အများဆုံး ထုတ်ဖော်ပြောဆို လာအောင်၊ ပေးပို့လာတဲ့ သတင်းအချက် အလက်တွေ မှန်ကန်မှုရှိပြီး သယံဇာတ ကဏ္ဍပြုပြင်ပြောင်းလဲရေးမှာ ပိုမိုပွင့်လင်း မြင်သာမှုရှိအောင် တာဝန်ယူ ဆောင်ရွက် ကြရတယ်။ အင်မတန်ခေါင်းရှုပ်ဖွယ် အလုပ်ဖြစ်ပါတယ်။

ခုလောက်ဆိုရင် စာဖတ်သူအနေနဲ့ အီးအိုင်တီအိုင်ဟာ အမြီးနဲ့လား အမောက်နဲ့လားဆိုတာ တီးခေါက်မိသ လောက်ရှိသွားပြီလို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ သတ္တုတူးဖော် ရေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်လုပ် ရေး၊ ပုလဲနဲ့ကျောက်စိမ်းကျောက်မျက် အစရှိတဲ့ ၀င်ငွေသောက်သောက်လဲ ရတဲ့ သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ် ငန်းတွေဆီကနေ နိုင်ငံတော်ရှယ်ယာ အတွက် ရရှိမယ့်ဝင်ငွေတွေ၊ လက်မှတ် ထိုးကြေး၊ မြေငှားရမ်းခ၊ အခွန်နဲ့အခြား သက်ဆိုင်ရာ ၀င်ငွေခေါင်းစဉ်မျိုးစုံကို အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအစ ရှိတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက အစိုးရကိုယ်စား တိုက်ရိုက်ကောက်ခံပါ တယ်။

ရရှိလာတဲ့ဝင်ငွေတွေထဲကနေမှ ၀င်ငွေခွန် ၂၀ ရာခိုင်နှုန်းနဲ့ အမြတ်ဝေစု ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၄၅ ရာခိုင်နှုန်း ကို နိုင်ငံတော်ကို ပေးသွင်းပြီး ကျန် ၅၅ ရာခိုင်နှုန်းသော ၀င်ငွေတွေကို သက်ဆိုင်ရာ လုပ်ငန်းရဲ့  သီးခြား ဘဏ်စာရင်းတွေထဲကို ထည့်သွင်းထား တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတဲ့ စာရင်းတွေအရ နိုင်ငံပိုင်စီးပွားရေးလုပ် ငန်း ၂၅ ခု ရဲ့ သီးခြားဘဏ်စာရင်းတွေထဲမှာ ကျပ် ဘီလီယံ ပေါင်း ၁၁၅၀၀ ကျော် ရှိတယ်လို့ ဆိုထား ပါတယ်။ ဒါဟာ အလွန်မှပဲ မြောက်မြား လွန်းတဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။

အီးအိုင်တီအိုင်ကဲ့သို့သော လုပ်ငန်းစဉ်တွေကြောင့် လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်ရလာ တဲ့ သယံဇာတက ရရှိတဲ့ ၀င်ငွေနဲ့နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံအုပ်ချုပ် မှုပုံစံတွေဟာ ကောင်းတဲ့အပြောင်းအလဲ တွေဖြစ်လာဖို့ တွန်းအားတွေ ဖြစ်လာစေ ပါတယ်။ ဒါဟာ ရပ်ကွက်ထဲ နေထိုင်တဲ့ လူထုအများနဲ့သက်ဆိုင်တဲ့ နိုင်ငံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က နေပြည် တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာတော့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ သီးခြားဘဏ်စာရင်းတွေကို ပိတ်သိမ်းပြီး သယံဇာတထုတ်ယူမှုက ရရှိတဲ့ဝင်ငွေ တွေ အားလုံးကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေထဲကို ထည့်သွင်းသွားတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံခေါင်း ဆောင်တွေ ချမှတ်လိုက်ပါပြီ။

အီးအိုင်တီအိုင်လို လုပ်ငန်း စဉ်တွေကနေတဆင့် ပိုမိုကောင်းမွန်တဲ့ သယံဇာတစီမံအုပ်ချုပ်မှုစနစ်ပေါ်ထွန်းလာပြီး ရပ်ကွက်ထဲက ပြည်သူလူထုတွေ အထိ ပြုပြင်ပြောင်းလဲရေးရဲ့ ကောင်းတဲ့ အကျိုးရလဒ်တွေ ဖြစ်ထွန်းပါစေကြောင်း ဆန္ဒပြုပါတယ်။

အောင်လွင်(ကံပေါက်သား)