လမ်း၊ တံတားများ စံမမီဟု သံသယရှိကတိုင်းလွှတ်တော်ဥက္ကဋ္ဌထံ တိုင်ပါ

0
461

တည်ဆောက်နေသည့် လမ်း၊ တံတားများ စံချိန်စံညွှန်းမမီကြောင်း သံသယရှိပါ က ဓာတ်ပုံရိုက်ပြီး Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

တိုင်ကြားမှုရောက်လာပါက သက်ဆိုင်ရာဌာနသို့ အကြောင်းကြားကာ ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း ဦးခင်မောင်အေးက ဆိုသည်။

နိုင်ငံတော်ဘတ်ဂျက် အလေအလွင့် မရှိစေရေး ထိန်းသိမ်းသည့်အနေဖြင့် ယင်း သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်း၏ မဲဆန္ဒနယ်တွင် Viber ဖုန်းနံပါတ်ကို ၂၀၁၈ ခုနှစ်နှောင်း ပိုင်းက ထုတ်ပြန်ထားပြီး တိုင်းအတွင်းရှိ ကျန်သည့် မဲဆန္ဒနယ်မှ ပြည်သူများလည်း တင်ပြတိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။

အခြားမဲဆန္ဒနယ်မြေမှ ပြည်သူများ တိုင်ကြားလာပါက သက်ဆိုင်ရာတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံ လွှဲပေးမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

“လွှတ်တော်က အတည်ပြုထားတဲ့ ပြည်သူ့ဘတ်ဂျက်ကို အလွဲသုံးစားမဖြစ်ဘဲနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်နေရဲ့လား ဆိုတာကို စောင့်ကြည့်ထိန်းညှိတဲ့သဘောနဲ့ပါ”ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

လမ်း၊ တံတားကိစ္စများအပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တာဝန်အလွဲသုံးခြင်းများ ကိုလည်း တိုင်ကြားနိုင်ပြီး တိုင်ကြားမှုရှိပါ က ထွေအုပ်ဌာနနှင့် ညှိနှိုင်းပြောဆိုမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါကိစ္စများကို တိုင်ကြား လိုပါက ဖုန်း ၀၉၉၆၂၄၈၇၂၇၁ ထံ Viber ဖြင့် ပေးပို့နိုင်ကြောင်း ၎င်းက ဆိုသည်။

Dawei Watch