၂၄-၆-၂၀၁၉ မှ ၃၀-၆-၂၀၁၉ထိ
တနင်္ဂနွေ
သင်သည် အလုပ်လျှောက်ထားခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းကိစ္စများရှိက မုချအဆင်ပြေမည်။ နိုင်ငံရပ်ခြား ခရီးများ သွားရမည်။ ဥစ္စာဓန တိုးပွားမည်။ ပညာရေးကိစ္စ ကောင်းမွန်မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် သဘောထားကွဲလွဲတတ်သည်မို့ သတိထား သင့်သည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ ရွှေအိုရောင်
အကျိုးမပေးသော အရောင် – ပန်းရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အနောက်ရပ်
ယတြာ – ငှက်ပျောသီး ၂ လုံးကို အခွံနွှာ၍ ဘုရားဆွမ်းတော် ကပ်လှူပါ။
တနင်္လာ
ပရိဘောဂ ပစ္စည်းများဝင်မည်။ ယာဉ်တစ်ခုခု ၀င်မည်။ လာဘ်လာဘများဝင်မည်။ မိတ်ဆွေများနှင့် ပတ်သက်၍ စိတ်ဝမ်းကွဲရတတ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍ ခပ်အေးအေးနှင့် ဘ၀င်မကျ ဖြစ်ရတတ်သည်။ အသွားအလာ သတိထားပါ။ မေတ္တာရေးသည်ကား ဖြစ်ချင်တာနဲ့ဖြစ်လာတာ ထပ်တူမကျ ဖြစ်ရတတ်၏။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – ကာကီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အနောက်ရပ်
ယတြာ – သစ်ခွပန်း ဘုရားကပ်လှူပါ။
အင်္ဂါ
ရပ်ဝေးဧည့်သည်များ မိမိထံရောက်လာမည်။ ကံကြမ္မာ ပွင့်လန်း၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်ရမည့်ကာလဖြစ်၏။ ထီ(သို့) ထီနှင့် အလားတူ ငွေဝင်မည်။ ဗိုက်အောင့်၊ ဗိုက်နာ ဝေဒနာများ ဖြစ်တတ်သည်။ ပညာရေးကိစ္စများ ရုန်းကန်ရမည်။ မေတ္တာရေးသည်ကား ချစ်သူထံမှ အဖြေရမည့် ကာလ ဖြစ်၏။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – အရှေ့ရပ်
ယတြာ – ဘိုးဘွားရိပ်သာများ၌ အလှူငွေများ လှူဒါန်းပါ။
ဗုဒ္ဓဟူး
ဘုရားဖူးခရီးများ သွားရတတ်သည်။ လူချစ်လူခင် ပေါများမည်။ ကျောင်းသား/ကျောင်းသူများ ပညာရေး အခွင့်အလမ်းများ ရရှိအောင်မြင်မည်။ သူခိုး၊ သူဝှက် ဒုက္ခပေးတတ်သည်။ လုပ်ငန်းထဲ၌ စိတ်နှစ်မရ၊ စိတ်မပျော် ဖြစ်ရတတ်၏။ မေတ္တာရေးသည်ကား ချစ်သူက အထင်လွဲတတ်သော ကာလဖြစ်၏။
အကျိုးပေးသော အရောင် – အ၀ါရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အနီရောင်
မသွားသင့်သော အရပ် – အနောက်တောင်အရပ်
ယတြာ – ဘုရားတစ်ဆူဆူ၌ (သို့) မိမိအိမ်ဘုရား၌ ကိတ်မုန့် ဆွမ်းတော် ကပ်လှူပါ။
ကြာသပတေး
လူမျိုးကွဲတို့နှင့် ပတ်သက်သော ကိစ္စများ အဆင်ပြေမည်။ ပစ္စည်းဥစ္စာများ စုမိဆောင်းမိမည်။သိုက်ပေးသည့် အလားဝင်မည်။ ပညာရေးကိစ္စများ အောင်မြင်မည်။ စက်ပစ္စည်းများ ၀င်မည်။ ရေကူးခြင်း၊ ရေချိုးခြင်း ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ခုတ်ရာတစ်ခြား၊ ထစ်ရာတစ်ခြား ဖြစ်နေတတ်၏။
အကျိုးပေးသော အရောင် – အ၀ါရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊အဖြူရောင်
မသွားသင့်သော အရပ် – အနောက်ရပ်
ယတြာ – သစ်ခွပန်းတစ်ခက် ဘုရားကပ်လှူပါ။
သောကြာ
စိန်ထည်ပစ္စည်းများ ၀င်မည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ အဆင်ပြေမည်။ အိမ် ပြုပြင်သည့် ကိစ္စများ အဆင်ပြေမည်။ မြေကိစ္စ၊ အမွေကိစ္စ ပြဿနာ ဖြစ်တတ်သည်။ အရေးကြီးသောကိစ္စများကို တစ်ပါးသူအား တိုင်ပင်ခြင်း သည်းခံပါ။ မေတ္တာရေးသည်ကား နီးလျက်နဲ့ ဝေးနေရတတ်သည်။
အကျိုးပေးသောအရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – အရှေ့ရပ်
ယတြာ – သီလရှင်တစ်ပါးအား ငွေကြေးလှူဒါန်းပါ။
စနေ
ပညာရေး လွန်စွာကောင်း၏။ ကုန်ကျထားသော ငွေများ ပြန်ဝင်မည်။ စီးပွားရေး ကိစ္စများ အဆင်ပြေမည်။ ခရီးဝေးများ သွားရတတ်သည်။ ဒူးနာ၊ ဒူလာရောဂါများ သတိပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ထာဝရလက်တွဲခွင့်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသောအရောင် – အညိုရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အ၀ါရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ငါးများကို ဘေးမဲ့လွှတ်ပါ။
လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ