ပြင်ခဏ

0
785

ပြီးခဲ့သည့် အပတ်က ထားဝယ်မြိ့ ၀န်ကြီးအိမ်ရာရှေ့ရှိလမ်းတွင် ဆိုင်ကယ်စီးရင်း တစ်ခုခု ထူးသလို ခံစားရသည်။

သေသေချာချာ သတိထားကြည့်တော့ ယင်းလမ်းတွင် နှစ်ပေါက်အောင် ရှိနေသည့် လမ်းလယ်မျဉ်းဖြူ နှစ်ကြောင်းတွင် တစ်ကြောင်းသာ ရှိတော့သည်။

အတော့်ကို ၀မ်းသာ သွားမိသည်။

နှစ်နှင့်ချီ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည့်၊ မည်သည့်မျဉ်းသည် ကိုယ့်ယာဉ်ကြောနှင့် သက်ဆိုင်သည့် လမ်းမှန်း ဝေခွဲမရ ခဏခဏ ဖြစ်ရသည့် လမ်းလယ်မျဉ်းဖြူ နှစ်ကြောင်းသည် ခဏလေးအတွင်း တစ်ကြောင်းတည်း ဖြစ်သွားသည်။

ယင်းလမ်းလယ်မျဉ်းဖြူသည် ပြုပြင်ပြောင်းလဲမှုလုပ်ချင်သည့်ကိစ္စရပ်များ နှင့် ပတ်သက်ပြီး သာဓက ဖြစ်သည်။

ယင်းမျဉ်းဖြူ ၂ ကြောင်းကိစ်္စ ပြန်သုံးသပ်ပါက

(၁) အစိုးရ ၀န်ကြီးများ အိမ်ရာရှေ့ရှိ အဓိက လမ်းမကြီး ဖြစ်သည်။

(၂) လွှတ်တော် အဆောက်အဦ၏ ရှေ့ရှိ အဓိက လမ်းမကြီးဖြစ်သည်။

(၃) တိုင်းအစိုးရ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ နေ့တဓူဝ ဖြတ်သန်းသွားလာ

နေသည်။

(၄) လွှတ်တော်ကိုယ်စားလှယ်များလည်း လွှတ်တော်တက်သည့်အခါ ဖြတ်သန်းသွားရသည်။

(၅) ထားဝယ်နှင့် လောင်းလုံး အဓိက ကူးလူးသည့် လမ်းများအနက်လည်း တစ်ခုဖြစ်သည်။

(၆) ယင်းမျဉ်းဖြူ ၂ ကြောင်းကို တစ်ကြောင်းဖြစ်အောင်လုပ်ရန် ကိစ္စမှာ

ပြည်ထောင်စုကို တင်စရာမလိုသလို လွှတ်တော်အဆင့်ဆင့်ကိုလည်း ဖြတ်သန်း

ရသည်မျိုးမဟုတ်။

(၇) သို့သော် နှစ်ပေါက်အောင် မပြုမပြင်ထားထားသည်။

အနှစ်ချုပ် သုံးသပ်ရသော်

ပြင်ချင်စိတ်က အတော်အဓိက ကျပါသည်။

အချို့ကိစ္စရပ်များသည် အမှတ်စဉ် (၆)တွင် ပြောခဲ့သလိုပင် ယင်းကိစ္စမှာ ပြည်ထောင်စုကို တင်စရာမလိုသလို လွှတ်တော် အဆင့်ဆင့်ကိုလည်း ဖြတ်သန်းရ သည်မျိုး မဟုတ်ပေ။

လုပ်ရကောင်းမှန်း သိပါက ခဏလေးအတွင်း ရက်ပိုင်းအတွင်း ပြီးနိုင်ပါသည်။

ပြဿနာများနှင့် ပတ်သက်ပြီး အမြဲလိုလို ကြားနေရသည့် ဆင်ခြေများသည် မျဉ်းဖြူ ၂ ကြောင်းကိစ္စနှင့် ဆင်တူပါသည်။

 (အယ်ဒီတာ ၁၅၊ ဇွန် ၂၀၁၉)