ဇဟာရွာရှိ သုသာန်တွင် အလှူခံပုံး သုံးလုံး ဖောက်ခံရ

0
704

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံသုသာန်တွင် အလှူခံပုံး သုံးလုံးဖောက်ထွင်းခံခဲ့ရကြောင်း နာရေးကူညီမှုအသင်း(ထားဝယ်)နှင့် ဇဟာကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇွန်လ ၁၁ ရက်က ဖောက်ထွင်းခံခဲ့ရ ခြင်းဖြစ်ပြီး အလှူခံပုံးဖောက်သူသည် နာရေးကူညီမှုအသင်းရုံးခန်းနှင့် အလှူခံ ပုံးတို့ကို ၀က်အူလှည့်အသုံးပြုကာ ဖောက် ထွင်းခိုးယူခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးအောင်စိန်က ပြောသည်။

ယင်းရုံးခန်းအတွင်း တရားဟောရာ တွင် အသုံးပြုသည့် စပီကာပုံးနှင့် အခြား ပစ္စည်းများရှိသော်လည်း အလှူခံပုံးအတွင်း ရှိ ငွေကိုသာ ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်စိန်က ပြောသည်။

“လကုန်ရက်က အဲဒီအလှူခံပုံးထဲက ပိုက်ဆံတွေသွားသိမ်းထားလို့တော်သေးတယ်။ မဟုတ်ရင်အကုန်လုံးပါမှာ။ ဖောက်တဲ့သူကတော့ အတွင်းသိတွေထဲကပဲဖြစ် ဖို့များတယ်လို့ သုံးသပ်မိတယ်”ဟု ၎င်းက ဆိုသည်။

အလှူခံပုံးများအတွင်းရှိ ငွေကျပ်ငါးသောင်းခန့်ခိုးယူခံခဲ့ရကြောင်း ၎င်းင်းက ပြော သည်။

မည်သည့်အချိန်တွင် ဖောက်ထွင်းခဲ့ သည်ကိုမသိသော်လည်း ညဘက်ဖောက် ထွင်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ဦးအောင်စိန်က ဆိုသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်ကလည်း ယင်းသုသာန်တွင် အလှူခံပုံးများဖောက် ထွင်းခံခဲ့ရဖူးပြီး လက်ရှိတွင် အလှူခံပုံး ဖောက်ထွင်းမခံရစေရန် လုပ်ဆောင်ထား ကြောင်း နာရေးကူညီမူအသင်း(ထားဝယ်)ထံမှသိရသည်။

Dawei Watch