ဓာတ်တိုင်တွင် မီးရှိသည့်လမ်းက အိမ်များကိုသာ လမ်းမီးကြေး ကောက်ရမည်

0
1163

ထားဝယ်ခရိုင်အတွင်း ဓာတ်တိုင်တွင် မီးရှိသည့် လမ်းက နေအိမ်များကိုသာ လမ်းမီးကြေးကောက်ခံရမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ပြောသည်။

ယခုဇွန်လမှစတင်ကာ လျှပ်စစ် တစ်ယူနစ်လျှင်  ကျပ် ၂၅၀နှင့် လမ်းမီး ကြေးအဖြစ် မီတာတစ်လုံးလျှင် တစ်လ  ကျပ်၂၀၀ ကောက်ခွင့်ပြုထားသည်။

“ကျွန်တော်တို့ကတော့ တစ်ခါတည်း ညွှန်ကြားထားတယ်။ လမ်းမီးရှိတဲ့နေရာ လောက်ကိုပဲ ကောက်ခိုင်းမယ်၊ တကယ် လို့သူတို့ ကောက်ချင်တယ်ဆိုရင် (လမ်း)မီးတပ်ရမှာပေါ့”ဟု ၀န်ကြီးဦးအောင်သူရက ပြောသည်။

 မေလအတွင်း အသုံးပြုထားသည့် လျှပ်စစ်ယူနစ်အတွက် မီတာခတောင်းခံ လွှာကို ဇွန်လ ၁၃ ရက်အထိ ဖြန့်ဝေခြင်း မရှိသေးပေ။

GGS ကုမ္ပဏီတာဝန်ရှိသူကမူ မီတာခ တောင်းခံရန် တိုင်းအစိုးရဘက်မှ ညွှန် ကြားစာ မရောက်သေးသည့်အတွက် မီတာခ တောင်းခံလွှာမဖြန့်သေးကြောင်း ပြောဆိုထားသည်။

လျှပ်စစ်ယူနစ်ဈေးနှုန်းတိုးမြှင့် ကောက် ခံခွင့်ပြုကြောင်းနှင့် လမ်းမီးအတွက် မီတာ တစ်လုံးလျှင်  ကျပ် ၂၀၀  ကောက်ခံခွင့် ပြုကြောင်းကို GGS ကုမ္ပဏီသို့ စာထုတ် အကြောင်းကြားရန် လျှပ်စစ်ဌာနအား ဇွန်လ ၁၃ ရက်တွင် ညွှန်ကြားထားကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုသည်။

မီတာခတောင်းခံလွှာဖြန့်ဝေရန် အချိန် နောက်ကျနေသည့်အတွက် ယခုလတွင် ရက်လွန်ကြေးကောက်ခံခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်အတွင်း မီတာအလုံးရေ ခြောက်သောင်းကျော်ရှိကြောင်း သိရသည်။

ကိုဇော်