ဘီးလင်းတွင် ရှေးဟောင်း၊ သယံဇာတနှင့် လူမှုစီးပွားဆိုင်ရာ သုတေသန ပြုလုပ်မည်

0
520

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု၊ သယံဇာတနှင့် လူမှုစီးပွားဆိုင်ရာ သုတေသနပြုလုပ်မည် ဟု မွန်ပြည်နယ်လွှတ်တော်ထံမှ သိရ သည်။

အဆိုပါ သုတေသနကို မွန်ပြည်နယ် လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ အငြိမ်းစားဆရာ၊ ဆရာမများ၊ ပြင်ပပညာရှင်များ၏ ပူးပေါင်းပါဝင်မှုနှင့် National Enlightenment Institute ၏ ဘဏ္ဍာရေး ကူညီပံ့ပိုးမှုဖြင့် နိုဝင်ဘာလတွင် စတင်ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

“သုတေသနပြုမှုမှာ ချုပ်လိုက်ရင် ခေါင်းစဉ် ၃ ခုနဲ့ လုပ်သွားမယ်။ ရှေးဟောင်း အမွေအနှစ်လည်း ပါတယ်။ နောက်တစ်ခုက သယံဇာတ ရေမြေတောတောင်လည်း ပါတယ်။ နောက်တခုက လူမှုစီးပွားလည်း ပါတယ်။ ဒီမြို့နယ်မှာ ရှိနေတဲ့အခြေအနေ ကို သီးခြားအချက်အလက်ဖြစ်ဖို့အတွက် လုပ်တာ၊ နောင်လွှတ်တော်တွေအတွက်လည်း သုံးသပ်လို့ရမယ်” ဟု မွန်ပြည် နယ်လွှတ်တော် ဒု – ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

အဆိုပါသုတေသနပြုမှုအရ ဘီးလင်း ဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ကူညီအားပေးသွားနိုင်မည်ဟုလည်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

သုတေသနပြုလုပ်ငန်းကို ဇူလိုင်လ မှစပြီး ၂၀၁၉ ခုနှစ်အကုန်အထိ  အပြီးလုပ်ဆောင်သွားမည်ဟု သုတေသနပြုသူ တို့ထံမှ သိရသည်။

သုတေသနပြုမှုမှ ရရှိလာမည့် အချက်အလက်များကို စာတမ်းအဖြစ် ပြုစုသွား မည်ဖြစ်သည့်အပြင် စာတမ်းဖတ်ပွဲတစ်ရပ်ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သုတေသနပြုသူတို့က ပြောသည်။

မွန်ပြည်နယ်လွှတ်တော်အနေဖြင့် လွှတ်တော်ပထမသက်တမ်းတွင် ရွှေအဆင်း ၀င်းသော သုဝဏ္ဏဘူမိမြေနှင့် ၀ါခရူမြို့ ဟောင်းသုတေသနလုပ်ငန်း၊ ဒုတိယသက် တမ်းတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုများနှင့် ထုံးကျောက်တောင်၊ လှိုဏ်ဂူ၊ ရေပူစမ်းများသုတေသန လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

Dawei Watch