ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1024
Bay-Din

၁၇-၆-၂၀၁၉ မှ ၂၃-၆-၂၀၁၉ထိ

တနင်္ဂနွေ

ယခုလအတွင်းလုပ်ငန်းများ ပိုမိုတိုးတက်အဆင်ပြေမည်။ ပရိဘောဂပစ္စည်းများ ၀င်မည်။ မင်္ဂလာကိန်းများ လည်း ပေါ်ပေါက်မည်။ ၀န်ထမ်းဖြစ်က ရာထူးတိုးနိုင်မည်။ ယခုလ၌ မီးဖို၊ မီးပူအိုးများ မ၀ယ်ရပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ကျီစားသန်လွန်း၍ မေတ္တာပျက်တတ်သည်မို့ သတိထားသင့်သည်။

အကျိုးပေးသော အရောင်       – အ၀ါရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ ကာကီရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၄၊ ၅ ပါသော ဂဏန်းများ

ယတြာ                     – သီလရှင်တစ်ပါးအား ငွေလှူဒါန်းပါ။

တနင်္လာ

အဝေးရောက်နေသော မိသားစုများရှိလျှင် ပြန်လည်ရောက်လာမည်။ TV ၊ ရေခဲသေတ္တာစသော ပစ္စည်းများ ၀င်မည်။ ရေလမ်းခရီး သွားရတတ်သည်။ မိတ်ဆွေကောင်းများ၏ အကျိုးပြုမှု ခံရတတ်သည်။ ရွှေထည်ပစ္စည်းများ ထွက်တတ်သည်။ မေတ္တာရေးသည်ကား ယခုချစ်လိုက် ယခုမချစ်လိုက် ဖြစ်နေတတ်၏။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၄၊ ၅၊ ၁ ပါသော ဂဏန်းများ

ယတြာ                     – သီမွှေးငှက်ပျောသီးကို အခွံနွှာ၍ ဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

ထီ(သို့) ထီနှင့်အလားတူ ငွေဝင်မည်။ ကျန်းမာရေးမကောင်းသူများ ကျန်းမာရေးကောင်းလာမည်။ လယ်ယာ၊ ခြံမြေ ရောင်းမည့်သူများ အဆင်ပြေမည်။ ပြဿနာ ဖြေရှင်းရတတ်၏။ မေတ္တာရေးသည်ကား ချိုမြိန် သာယာသော ဘ၀တစ်ခု တည်ဆောက်နိုင်မည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ ကာကီရောင်

အကျိုးပေးသော ဂဏန်းများ      – ၄၊ ၅၊ ၆ ပါသော ဂဏန်းများ

ယတြာ                     – ငါးအရှင် ၁၀ ကောင်အား ဈေးမှဝယ်ပြီး ဘေးမဲ့လွှတ်ပါ။

ဗုဒ္ဓဟူး

ပညာရေးကိစ္စများ အဆင်ပြေမည်။ ဥစ္စာစည်းစိမ် တိုးပွားမည့်ကာလ ဖြစ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ မျက်စိအာရုံကြောများ ဒုက္ခပေးတတ်သည်။ ရေလမ်းခရီး သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် သဘောထားကွဲလွဲတတ်သည်မို့ သတိထားသင့်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၆၊ ၄၊ ၁ပါသော ဂဏန်းများ

ယတြာ                     – မုန့်ဖက်ထုပ်ကို ဘုရားဆွမ်းတော် ကပ်လှူပါ။

ကြာသပတေး

မြေ၀င်မည်။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ မဟူရာ ကျောက်မျက် အနက်ရောင်အထည်များ ၀င်မည်။ လူမျိုးကွဲတို့ ကူညီ မစမည်။ အစာအိမ်ရောဂါ၊ အအေးပတ်ခြင်း ဝေဒနာများ သတိထားပါ။ ငွေကြေး အထွက်များတတ်သည်။ မေတ္တာရေးသည်ကား ဆန္ဒစော၍ အလောတကြီး ပြုမူခြင်းမျိုး ဂရုစိုက်ပါ။

အကျိုးပေးသော အရောင်         – အနီရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၄၊ ၇ပါသော ဂဏန်းများ

ယတြာ                     – လုပ်ငန်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ အထမြောက်မည်။

သောကြာ

အိုးသစ်အိမ်သစ်များ ပိုင်ဆိုင်ရတတ်သည်။ ရပ်ဝေး၊ မြေခြား ခရီးသွားရတတ်သည်။ ဗိုက်အောင့်၊ ဗိုက်နာဝေဒနာများ သတိထားပါ။ ပညာရေးကိစ်္စ ကြိုးစားရမည်။ မေတ္တာရေးသည်ကား အဆင်ပြေပါမည်။

အကျိုးပေးသော အရောင်         – ပြောက်ကျားရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အနက်ရောင်

အကျိုးမပေးသော ဂဏန်းများ     – ၆၊ ၉၊ ၁ပါသော ဂဏန်းများ

ယတြာ                     – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

စနေ

ပုလဲ၊ ကျောက်မျက်ဝင်မည်။ သင်တန်းတက်ခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စ အဆင်ပြေမည်။ သတင်းစကား ကောင်းကြားရခြင်း၊ မင်္ဂလာကိန်းများ ဖြစ်ပေါ်မည်။ သံစူးခြင်း၊ သွားကိုက်ခြင်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူက မိမိမေတ္တာကို လက်ခံပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – လိမေ်္မ်ာရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၃၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – နှင်းဆီအ၀ါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

                                                    လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                    ဝေဒလက္ခဏသုတေသီ