AA သြဂဲနစ်မြေဆွေးလုပ်ငန်း၏ အဓိကဦးဆောင်သူ ဦးထွန်းဝေနှင့် တွေ့ဆုံခြင်း။

0
2168

သဘာဝအတိုင်းကိုပဲ ဖြစ်စေချင်တယ်ဗျ။ ခေတ်မီပစ္စည်းကို ကျွန်တော်စော်ကားတာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ။

ထားဝယ်မြို့ရှိ အမှိုက်ကန်တွင် ဟင်းသီးဟင်းရွက်၊ သစ်ခက်၊ သစ်ရွက်၊ လွှစာမှုန့် စသည့် စွန့်ပစ်အမှိုက်များမှ သြဂဲနစ်မြေဆွေးကို ထုတ်လုပ်လျက် ရှိသည်။ ဓာတ်မြေသြဇာကိုသာ အဓိက အသုံးပြုနေကြသည့် မျက်မှောက်ခေတ်တွင် သြဂဲနစ်မြေဆွေးကို ထုတ်လုပ်ဖြစ်ခဲ့သည့် အကြောင်းအရင်းနှင့် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ လုပ်ငန်းကို အဓိက ဦးဆောင်နေသည့် ဦးထွန်းဝေအား တနင်္သာရီအပတ်စဉ်မှ တွေ့ဆုံမေးမြန်းထားပါသည်။

တနင်္သာရီ။     ။ ပထမဆုံးအနေနဲ့ အမှိုက်ကနေ သြဂဲနစ်မြေဆွေးလုပ်ဖို့ ဘယ်လို စိတ်ကူးရခဲ့လဲဆိုတာကိုအရင် ပြောပြ ပေးပါ ခင်ဗျား။

ဦးထွန်းဝေ။    ။ သြဂဲနစ်မြေဆွေးကို ကျွန်တော်လုပ်ချင်တဲ့စိတ်ကူးကတော့ ကျွန်တော့်ဘိုးဘွားတွေ၊ ကျွန်တော့်မိဘ တွေ လက်ထက်ကတည်းက။ ရှင်းရှင်းပြောရင် တော်တော်လေး ကျန်းမာရေးကောင်း ကြတယ်ဗျ။ အခုက လူတိုင်းက ကျွန်တော် ကိုယ်တိုင်လည်း သွားဝယ်စားတဲ့အချိန်မှာ ဘာတွေတွေ့လဲဆိုတော့ ရှမ်း(ယိုးဒယား) ခရမ်းချဉ်သီးတို့၊ ရှမ်းလိမ္မော်သီး အဲဒါတွေ ပြောလိုက်ရင် အာလုံးက ဓာတ်ဆား (ဓာတ်မြေသြဇာ)နဲ့ စိုက်ထားတယ်၊ ဘာနဲ့ စိုက်ထားတယ်။ အဲဒီစကားတွေ ကြားရ တယ်။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည် သောက်တဲ့အခါ ပြောတဲ့စကားတစ်ခုက သူငယ်ချင်းတွေက ပြောကြတယ်။ သူ့မှာ ဆီးချို ဘယ်လောက်တက်နေတယ်။ တစ်ယောက်က သွေးတိုးဘယ်လောက်ဖြစ် နေတယ်။ ကျွန်တော် အဲဒါတွေ မေးတယ်။ အရင်တုန်းက ဒီဟာတွေရှိလားလို့။ မရှိဘူး တဲ့။ ဒီအချိန်မှာ ကျွန်တော့်မှာ အသိဆရာဝန် တစ်ယောက်ရှိတယ်။ သူပြောတာ ဒီဟာ တွေက တခြားမဟုတ်ဘူးတဲ့။ ခုနကလိုမျိုး ဓာတ်ဆားတို့၊ ပိုးသတ်ဆေးတို့ ဃ့နာငခေူ (ဓာတုဗေဒပစ္စည်း) ပါတဲ့ ပစ္စည်းတွေ များလာရင် ဖြစ်လာတယ်တဲ့သူက။ ဒီတော့ ဆရာ ဒီဟာတွေက အရင်ကလူ တွေ မဖြစ်ဘူးလားလို့မေးတော့ အရင် တုန်းက လူတွေက ဒီဟာတွေ မရှိဘူးတဲ့။ ဒီတော့ ဆရာပြောပုံအရဆိုရင် ကျွန်တော် တို့ အရင်တုန်းကလိုမျိုး ပြန်လုပ်ရမလိုဖြစ် နေပြီပေါ့လို့ ပြောတော့ ဟုတ်တယ်တဲ့။ အရင်တုန်းက နွားချေးနဲ့ စိုက်သလိုမျိုး၊ မြေပေါင်း(မြေဆွေး)နဲ့ စိုက်သလိုမျိုး ပြန်လုပ်နိုင်ရင် ကောင်းတယ်တဲ့။ ပြီးရင် သူက ကျွန်တော့်ကို ပြောသေးတယ်။ ပြင်ဦးလွင်မှာဆိုလည်း ဒီလိုမျိုးလုပ်နေတာ ကောင်းတယ်တဲ့။ သူတို့က ထွက်တဲ့ ပစ္စည်းမှန်သမျှက ခေါ်တာကတော့ သြဂဲနစ် ပေါ့နော်။ အဲဒါက ကျန်းမာရေးအတွက် အရမ်းကောင်းတယ်ပေါ့။ လူတွေ အဲဒါတွေစားရင် ကျန်းမာရေးကောင်းနိုင် တယ်တဲ့။ အခုကတော့ ဖြစ်ဖို့ အများကြီး ရှိသေးတယ်တဲ့။ ဓာတ်မြေသြဇာတွေနဲ့ စိုက်တာက တစ်နိုင်ငံလုံးစိုက်နေကြတာ။ အခုကျွန်တော်က ကျွန်တော်တို့ဟာ စားနေ တာ မှန်သမျှ လိုက်လေ့လာတော့ ကန်စွန်းရွက် ပဲ စိုက်စိုက် ချဉ်ပေါင်ရွက်ပဲ စိုက်စိုက် ကျွန်တော် လိုက်ကြည့်တယ်။ အားလုံးကို စိုက်နေတဲ့အထဲမှာ ဓာတ်ဆား၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းဆေး၊ အဲဒါတွေ ချည်းပဲဗျ။ ဒီတော့ ခုနက သွေးတိုး ဆီးချိုဖြစ်နေတာ မဆန်းဘူး ပေါ့နော်။ ဆရာဝန်ပြောတာလည်းမှန် တယ်ပေါ့။ ဒီတော့ ဒီဟာတစ်ခုကိုတော့ နည်းနည်း တော်လှန်ချင်နေတာ။ အဓိက ရည်ရွယ်ချက်က အဲဒါပါ။

တနင်္သာရီ။     ။ စိတ်ကူးရပြီးတဲ့ အချိန်မှာ ဘာတွေပြင်ဆင်ခဲ့ရလဲ။

ဦးထွန်းဝေ။    ။ စလုပ်တဲ့အချိန်မှာ တော့ ကျွန်တော်တို့က ဘာပြင်ဆင်ရလဲ ဆိုတော့ အမှိုက်ကန်ကို သွားကြည့်တယ်။ ပြီးတော့ လူကြီးတွေရဲ့ ခွင့်ပြုချက်။ လူကြီး တွေက လုပ်ပါလို့ ပြောတာနဲ့ သြဂဲနစ် မြေဆွေးလုပ်ဖို့အတွက် ကျွန်တော်တို့ မြေနေရာ ရှင်းလင်းရတယ်။ ဘက်ဖိုးတွေ ငှားပြီးရှင်းရတာ။ အမှိုက်ကန်မှာ အမှိုက်ကို လည်း ရှင်းရင်း နေရာလည်း တစ်ခါတည်း လုပ်တာ။ ကန်တွေလုပ်တယ်။ လာတဲ့ ဟင်းသီးဟင်းရွက်ကားတွေကို သွားစောင့် တယ်။ ဒီကန်ထဲမှာထည့်။ တခြားမှာမပစ် နဲ့။ ဒါကျွန်တော်တို့ လုပ်ပေးထားတဲ့ ကန်။ ဒီတော့ သူတို့လည်းပိုပြီးလွယ်သွားတယ်။ သူတို့သွားလို့ရအောင် ကျွန်တော်တို့က လမ်းတွေ လုပ်ပေးတယ်။ ဒီလိုလုပ်ရတယ်။ စလုပ်တုန်းက ကျွန်တော် လွှစာမှုန့်လည်း ၀ယ်ရတယ်။ ဖွဲပြာလည်း ၀ယ်ရတယ်။ ကျွန်တော် မကျွမ်းကျင်သေးတာကြောင့် လည်းပါတာပေါ့။ အခုဆိုတော့ လွှစာမှုန့် လာပစ်တဲ့သူဆိုရင် လွှစာမှုန့်၊ ဒီလိုပေါ့။ အဆင်ပြေလာတယ်။ လာပစ်တဲ့ပစ်္စည်း တွေထဲမှာ ကျွန်တော် သုံးလို့ရတာပါလာ တယ်။ အစတုန်းကဆို လူတွေက လွှစာမှုန့် ဆို အမှိုက်ကန်မှာ ပစ်ချင်တဲ့နေရာပစ်ခဲ့ တာကိုး။ ကျွန်တော်တို့ မသိလိုက်ဘူး။ ဒါကြောင့် ကျွန်တော်တို့က လွှစာမှုန့်တောင် ၀ယ်ခဲ့ရတယ်။ တခြားမှာသွားလေ့လာတာ ကတော့ ကျွန်တော် တော်တော်များများ ရန်ကုန်က မြေပဒေသာကျွန်းကို သွားလေ့လာ တော့ ကိုမင်းဇော်ဦးဆိုတာ ရှိတယ်။ မြေ ပဒေသာကျွန်းမှာ။ သူလည်း ကျွန်တော့် ကို ရှင်းပြတယ်ဗျ။ ပြီးတော့ စာအုပ်တွေ၊ ဒေါက်တာ ခင်မောင်လွင်ရေးထားတဲ့ စာအုပ်တွေ ရှိတယ်တဲ့ ။ အဲဒါကြောင့် ကျွန်တော်လည်း ၀ယ်။ လေ့လာတာပေါ့ နော်။ အဓိကကတော့ ကျွန်တော့်သား။ သူ့ကို ကျွန်တော်က နိုင်ငံခြားမှာ ဒီလိုပုံစံ လုပ်နေတာတွေကို ရှာခိုင်းတယ်။ သူတော် တော်များများ ကျွန်တော့်ကို ရှာထုတ်ပေး ထားတယ်။ ဘယ်နိုင်ငံမှာ သစ်ရွက်နဲ့ လုပ်တဲ့ မြေသြဇာ၊ တီကောင်တွေနဲ့ လုပ်တဲ့ မြေသြဇာတို့ပေါ့နော်။ ဒီဟာတွေနဲ့ စုပေါင်း ပြီးတော့ လုပ်ဖြစ်တာပေါ့။

တနင်္သာရီ။     ။  ဦးပြောသွားတဲ့အထဲ မှာ တစ်ခု စိတ်ဝင်စားလို့ပါ။ အမှိုက်တွေ ထဲမှာ လွှစာမှုန့်တို့၊ သစ်သီးသစ်ရွက် တို့က သီးသန့်လာပစ်ကြတာလားခင်ဗျ။

ဦးထွန်းဝေ။    ။ တော်တော်များများ ကတော့ အဓိကက ကမ်းနားဈေးက ဂေါ်ဖီထုပ်ကားတို့၊ မုန်လာပန်းကားတို့ လာတယ်။ ရောင်းလို့မရတော့ဘူးဆိုရင် တော်တော်များများ လာပစ်ကြတယ်။ အရင်တုန်းကဆိုရင်တော့ အဆင်ပြေ သလို ပစ်ကြတာပေါ့။ စည်ပင်ကော်မတီ တို့ ဘာတို့က နည်းနည်းကြီးကြပ်လိုက် တော့ အမှိုက်ကန်ကို လာတယ်။ ဒီတော့ ဒီဟာတွေက ကျွန်တော့်အတွက်ကတော့ ကုန်ကြမ်းပေါ့။

တနင်္သာရီ။     ။ အမှိုက်သိမ်းကား တွေမှာပါလာတဲ့ ဒီလိုမျိုး ဟင်းသီးဟင်းရွက် အမှိုက်တွေကိုရော ဘယ်လိုလုပ်လဲ ခင်ဗျ။

ဦးထွန်းဝေ။    ။ အမှိုက်ကားတွေက အမှိုက်တွေဆိုရင် ဟင်းသီးဟင်းရွက် များရင် သတ်မှတ်ထားတဲ့နေရာမှာ ပစ်ခိုင်း တယ်။ အမှိုက်ကန်မှာလည်း အမှိုက်ကို ရွေးတဲ့သူတွေ ရှိတယ်။ သူတို့ကိုလည်း ကျွန်တော် ရှင်းပြရတယ်။ သူတို့ကတော့ အဲဒါတွေက သူတို့မလိုတဲ့ ပစ္စည်းဖြစ်နေတာ ကိုး အဲဒါတွေက။ သူတို့စိတ်မ၀င်စားဘူး။ ဒါပေမယ့်လည်း သူတို့မလိုတဲ့ ပစ္စည်း တွေက သူတို့ကို ဒုက်္ခပေးတာလေ။ သူတို့ အနံ့မခံနိုင်ဖြစ်နေရတာလေ။ ကျွန်တော် အခုလိုလုပ်တာလည်း သူတို့ ကျေနပ်တယ်။ အားပေးတယ်။ လမ်းတွေပါ လုပ်ပေးတော့ သူတို့လည်း အရမ်းအဆင်ပြေသွားတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေလည်း လိုက် လုပ်ပေးတယ်။ နောက်ပြီး ရေတွင်းတူးပြီး ရေရလာတော့ သောက်ရေရတယ်။ ဆေး ဖို့ရတယ်။ အရင်တုန်းကဆိုရင် သူတို့မှာ မရှိဘူး။ ဒီတော့ ကျွန်တော် ဘေစင်တွေ ဘာတွေ လုပ်ပေးထားတယ်။ ဒီလိုလုပ်ပေး ထားတော့ သူတို့လည်း ရွေးပြီးလာပေးကြ တယ်။

တနင်္သာရီ။     ။ သြဂဲနစ်မြေဆွေးကို အခုလိုမျိုး စလုပ်တဲ့အချိန်မှာ အကြီးမား ဆုံးစိန်ခေါ်မှုက ဘာလဲ။

ဦးထွန်းဝေ။    ။ အခက်အခဲဆုံး စိန်ခေါ်မှုက ဒီလိုဗျ။ ကျွန်တော်တို့က အရပ်သားကိုးဗျ။ ကျွန်တော်တို့က ဘာမှ မဟုတ်ဘူး။ ၀န်ထမ်းလည်း မဟုတ်ဘူး။ အာဏာပိုင်လည်း မဟုတ်ဘူးဆိုတော့ အမှိုက်က ငါတို့ပစ်ချင်သလိုပစ်မယ်ဆို တာမျိုးတွေရှိတော့ ကျွန်တော်တို့က မေတ္တာရပ်ခံရတယ်။ ဒီလိုမျိုး ဒီနေရာမှာ ပစ်ပေးပါ။ ကျွန်တော်တို့ကတော့ မေတ်္တာ ရပ်ခံတာနဲ့ စခဲ့တာပဲ။ တော်တော်များ များ တချို့ဆိုရင် ဘယ်လူကြီးကို ပြောပြီး ပြီ၊ ဘယ်ရုံးကို ပြောပြီးပြီဆိုပြီးလာကြတယ်။ အဲဒါက ကျွန်တော့်အတွက် အဓိက အခက် အခဲဆုံးပဲ။ ကျန်တာက ပင်ပန်းရင် ပင်ပန်းပါစေ။ ကျွန်တော်လုပ်လို့ ရတယ် အားလုံးကို။ အမြဲတမ်းပြောနေရတယ်။ အခုနောက်ပိုင်းတော့ တော်တော်လေး အဆင်ပြေလာတယ်။ လုပ်လာတာ အချိန် လည်း နှစ်နှစ်ဖြစ်လာပြီ ဆိုတော့ လူတွေ လည်း တော်တော်လေးလည်း သဘော ပေါက်လာပြီဆိုတော့ ကျေးဇူးတင်နေရ တယ်။ ဒီလိုမှ မဟုတ်ရင် အခုကလည်း ဖေ့စ်ဘွတ်ခေတ်ဆိုတော့ အမှိုက်ကန်မှာ ငါတို့ ပစ်ချင်သလိုပစ်လို့မရဘူးဆိုပြီး ပွလာမှာပေါ့။

တနင်္သာရီ။     ။ ဒီလိုမျိုးလုပ်နေတဲ့ အခါမှာ ဘယ်လိုမျိုးအဖွဲ့အစည်း၊ အစုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ တွေမျိုးရော ရှိလား။

ဦးထွန်းဝေ။    ။ လက်ရှိ ကျွန်တော် တို့ကတော့ စည်ပင်ကိုပဲ ပူးပေါင်းရတယ်။

တနင်္သာရီ။     ။  ဘယ်လိုပူးပေါင်း ပြီးလုပ်ဆောင်နေလဲ။

ဦးထွန်းဝေ။    ။ စည်ပင်ကလည်း အမှိုက်ကန်ကို ဒီလိုမျိုးသန့်ရှင်းအောင်လုပ်ပေးတာကို လိုချင်တယ်။ ကျွန်တော်တို့ ကလည်း ဒီလိုလုပ်မယ်ပေါ့နော်။ စည်ပင် ကိုလည်း ဘယ်လိုမေတ္တာရပ်ခံလဲဆိုတော့ စည်ပင်ကားတွေကို ခုနကလို စနစ်တကျ ပစ်ဖို့ ကိစ္စတွေ၊ နောက်ပြီး အမှိုက်ကန်မှာ လုပ်ပိုင်ခွင့်ပေါ့ဗျာ။ ပြီးတော့ မြေယာကိစ်္စ တွေလည်း နည်းနည်း ရှိတယ်ဗျ။ အစတုန်းက ကျွန်တော်မသိဘူး။ သွားလုပ်တဲ့အချိန်မှာ သီဟိုတောက ဘယ်သူပိုင်တယ်ဆိုပြီး လာသေးတယ်။ စည်ပင်တွေ ဘာတွေကို တော့ ကျွန်တော် ပြောရတာပေါ့ဗျာ။ သူတို့ပဲ လာရှင်းပေးတယ်။ အုပ်ချုပ်ရေးမှူး တို့စည်ပင်တို့က။ ဦးထွန်းဝေ ဒီလိုမျိုး စမ်းသပ်လုပ်နေတာကို မနှောင့်ယှက် ကြပါနဲ့ဆိုပြီး လာပြောပေးတာမျိုးတွေရှိ တယ်။ ဒီလိုမျိုးအပိုင်းလေးတွေတော့ ရှိတယ်။

တနင်္သာရီ။     ။ အမှိုက်ကို ခွဲပြီး ပစ်ဖို့အတွက် စည်ပင်ကနေ လာပြီးလုပ် ဆောင်ပေးတာတွေမျိုးရှိလား။

ဦးထွန်းဝေ။    ။ ဒီလိုမျိုးတော့ မရှိဘူး။ အမှိုက်ခွဲတာက သက်သက်ရှိ တယ်။ အမှိုက်သိမ်းတဲ့သူတွေကို အကန့် လိုက်အကန့်လိုက် တာဝန်ပေးလိုက် တယ်။ သူတို့ကို ပြန်အကူအညီပေးထားတဲ့ အပိုင်းတွေရှိတော့ သူတို့လည်း အမှိုက်တွေကို ခွဲပြီး လာပေးကြတယ်။

တနင်္သာရီ။     ။ လက်ရှိမှာ ဈေး ကွက်အခြေအနေက ဘယ်လိုရှိပါသလဲ။

ဦးထွန်းဝေ။    ။ ကျွန်တော်တို့ ကတော့ မဖြန့်သေးဘူး။ ကျွန်တော်တို့ ထုတ်ပြီး ထားထားချိန်မှာ တော်တော် များများက ဒီလိုမျိုးပေါ့ သတင်းကြားလို့ လာပြီးတော့ စိတ်ဝင်စားလို့ လာအားပေး တာတွေ ရှိတယ်ဗျ။ စိတ်ဝင်စားလို့ လာအားပေးတဲ့ သဘောလောက်ပဲ ရှိသေးတယ်။ တကယ့်တကယ် အဲဒီဟာ နဲ့ စိုက်ရင် ကျန်းမာရေးကောင်းမယ်ဆိုတဲ့ အသိတော့ မရသေးဘူးဗျ။ ဘာကြောင့် ဒီလိုပြောလဲဆိုရင် ကျွန်တော် ဖြစ်စေချင်တာ ဒီသြဂဲနစ်မြေဆွေးနဲ့ ဟင်းသီးဟင်းရွက် စိုက်မယ်။ ထွက်လာတဲ့ ဟင်းသီးဟင်းရွက် ကို စားမယ်။ ဒါဆို ကျန်းမာရေးနဲ့ ညီမယ်။ ကျွန်တော့် ဦးတည်ချက်က အဲဒီဟာ။ ဒီတော့ ဒီဦးတည်ချက်အတွက် ကျွန်တော် အိမ်ရှေ့ပြင်မှာ စိုက်နေတဲ့ ဟင်းရွက်၊ ကျန်းမာရေးလမ်းမှာ စိုက်နေတဲ့သူတွေ ကို သွားစည်းရုံးတယ်ဗျ။ ဘယ်လို စည်းရုံးလဲဆိုတော့ ကျွန်တော်မြေသြဇာ ပေးမယ်။ ပြီးတော့ ခင်ဗျားတို့ စိုက်နေတဲ့ တစ်နေ့ ကုန်ကျငွေကို ကျွန်တော်ပေး မယ်။ ရေစုပ်စက်လိုရင် ရေစုပ်စက် ကျွန်တော်လုပ်ပေးမယ်။ ဒီလိုမျိုးဟာတွေ ကူညီမယ်။ ပြီးရင် ထွက်လာတဲ့ ဟင်းသီး ဟင်းရွက်ကို ကျွန်တော်ဝယ်မယ်။ သဘောက ဈေးမှာ ၁၀၀ နဲ့ ရောင်းရင် ကျွန်တော့်ကို ၁၀၀ နဲ့ရောင်း။ ကျွန်တော် လုပ်ချင်တာက ကျွန်တော် ၁၀၀ နဲ့ ၀ယ်မယ်။  ၁၀၀ နဲ့ ၀ယ်ပြီးရင် ကျွန်တော် ၁၅၀ နဲ့ ဆိုင်ဖွင့်ပြီးရောင်းမှာ။ သြဂဲနစ်စစ်စစ် ဆိုပြီး။ ဓာတ်မြေသြဇာလုံးဝမပါဘူး ဆိုပြီး။ ကျွန်တော်က အဓိက အဲဒါကို လုပ်ချင် တယ်။ ကျွန်တော့် ရည်ရွယ်ချက်က။ ဒါပေမယ့်လည်း မအောင်မြင်သေးဘူး။ သွားလိုက်တဲ့အချိန်မှာ ကျွန်တော့် ဖုန်းနံပါတ်ကို ယူခဲ့ကြတယ်။ ပြန်ဆက် လိုက်မယ်ပေါ့နော်။ အစ်ကိုနဲ့ တိုင်ပင် ဦးမယ်။ အစ်မနဲ့ တိုင်ပင်ဦးမယ်ဆိုပြီး နောက်ဆုံး ကျွန်တော် ပြန်ကြားရတာက သူ့ရဲ့ မြေသြဇာက ဘာမှန်းမသိသေးဘူး ပေါ့နော်။ ဓာတ်ဆားက မြန်တယ်ပေါ့။ အဓိက အဲဒီစကားက ကျွန်တော့်ကို အထိခိုက်ဆုံးပဲ။ ဒီတော့ သူတို့က ဓာတ်ဆား နဲ့ စိုက်လာပြီးတော့ တခြားဟာနဲ့မလုပ် ချင်ဘူးပေါ့နော်။ အရမ်းခင်မင်တဲ့သူတွေ ကိုလည်း ဒီ သြဂဲနစ်မြေဆွေးသွားပေး ရင်လည်း သူက ဓာတ်ဆားထည့်ထားပြီး ပြီဆိုရင် ကျွန်တော် ပေးလို့မရတော့ဘူး။ တကယ်တော့ ဓာတ်ဆားက မြန်တယ်ဗျ။ ဘယ်လိုပြောရမလဲဆိုတော့ သင်္ဘော သကြားစားတာနဲ့ ဆေးသကြားစား သလိုဖြစ်နေတာပေါ့။ အဲဒါလေးတစ်ခု တော့ အားလုံးပေါ့နော် နည်းနည်းလေး စည်းရုံးဖို့ လိုနေတယ်။

တနင်္သာရီ။     ။ ဒီလိုမျိုးဖြစ်နေတဲ့ အပေါ် ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွား ဖို့ရှိလဲ။

ဦးထွန်းဝေ။    ။ ကျွန်တော်တို့က ပြောပြတယ်။ လူတွေကလည်း ရောဂါ တွေ များလာတော့နည်းနည်းတော့ သိလာကြပြီဗျ။ ဒီကြားထဲမှာ ကျန်တဲ့ နေရာတွေမှာ ဆရာဝန်တွေလည်း ပြော တယ်။ ရန်ကုန်တွေ၊ မကွေးတွေမှာလည်း အောင်မြင်နေတယ်။ မေမြို့မှာလည်း အောင်မြင်နေတယ်။ သူတို့ ရောင်းရင် ကျန်တဲ့သူ ၁၀၀ နဲ့ရောင်းလည်း သူတို့ ဟာက ၂၀၀ နဲ့ ရောင်းရင် သူတို့ဟာပဲ ၀ယ်ကြတယ်။ ဒီတော့ ကျွန်တော်တို့ ထားဝယ်လည်း တစ်နေ့ဖြစ်လာလိမ့် မယ်လို့ ကျွန်တော်တွက်ထားတယ်။

တနင်္သာရီ။     ။ စိုက်ပျိုးရေးဌာန နဲ့ရော ပူးပေါင်းပြီးလုပ်ဆောင်နေတာတွေ ရှိလား။

ဦးထွန်းဝေ။    ။ လယ်စိုက်ရှင်းကို ကျွန်တော်သွားတယ်။ ဌာနနဲ့ သွားပူးပေါင်းတယ်။ ကျွန်တော့်ကို ဘယ်လယ် ထဲမှာ စိုက်ခိုင်းမယ်။ လာယူမယ်ဆို ပြောပြီး မလာသေးဘူး။ သူတို့လည်း ကျွန်တော့်ကို အားပေးရင် တော်တော်လေး ကောင်းမယ်။ သူတို့တွေ တောင်သူတွေကို ပြောပေးမယ် လို့ ပြောတယ်။ ပြောပေးမယ်ဆိုတဲ့ စကားတော့ရှိတယ်ဗျ။ တကယ်ပြော/ မပြောတော့ မသိရဘူး ပေါ့နော်။

တနင်္သာရီ။     ။ တကယ်လို့သာ ဒီလုပ်ငန်းကို စိတ်ဝင်စားတဲ့ တောင်သူ တွေကိုရောနည်းပညာဖြန့်ဝေပေးဖို့ရှိလား။

ဦးထွန်းဝေ။     ။ ရှိတယ်ခင်ဗျ။ ကျွန်တော်ပြောတယ် မြိတ်မှာ။ လုပ် မယ်ဆိုရင်ခေါ်။ ကျွန်တော် လာလုပ် ပေးမယ်။ တတ်သလောက် ပေါ့ဗျာ။ ကျွန်တော်က ဆရာတော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်က အခုလုပ်နေ တော့။ တချို့ကလည်း ဗီဒီယိုရိုက်မယ် ပြောတယ်။ ရတယ်။ ရိုက်သာရိုက်။ နည်းတွေမေးရင် စိတ်ရှည်လက်ရှည်ပဲ ရှင်းပြတယ်။ ကျွန်တော်ကတော့ လုပ်စေ ချင်တယ်။ တော်တော်များများတော့ လာ ကြတယ်။ ဆယ်မြို့နယ်လုံး လာလေ့လာ ကြတယ်။ လာတဲ့သူမှန်သမျှ ခင်ဗျားတို့ လုပ်ထားတာ ကောင်းတယ်လို့ပြော ကြတယ်။ အဲဒီလိုပြောတာနဲ့ပဲ ကျွန်တော် ပျော်နေတယ်။ ခင်ဗျားတို့လုပ်ထားတာ ကောင်းတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီလိုလုပ်မယ်ဆိုပြီး ပြောခဲ့တဲ့သူတွေ ချည်းပဲ။

တနင်္သာရီ။     ။ သြဂဲနစ်မြေဆွေးကို လိုချင်သူတွေ၊ ဒါမှမဟုတ် နည်းပညာ လိုချင်တဲ့သူတွေအနေနဲ့ ဦးလေးတို့ကို ဘယ်လို ဆက်သွယ်လို့ရမလဲ။

ဦးထွန်းဝေ။    ။ ဖုန်းနံပါတ်က ၀၉ ၂၅၄၇၀၀၈၈၉။    နေရာကတော့  ထားဝယ်မြို့၊ ၀ဲကျွန်းအမှိုက်ကန်မှာပါ။

တနင်္သာရီ။     ။ ဒီမြေဆွေးနဲ့ ပတ်သက်ပြီး ဦးလေးရဲ့ အိပ်မက်က ဘာလဲ။

ဦးထွန်းဝေ။    ။ ကျွန်တော်ဖြစ်ချင်တဲ့ အိပ်မက်က ကျွန်တော် အွန်လိုင်းမှာ ကြည့်ရတာ။ နိုင်ငံခြားအမှိုက်ကန်တွေ ကိုကြည့်လိုက်ရင် အမှိုက်ကန်နဲ့တောင် မတူဘူး။ အမှိုက်တောင်မမြင်ရဘူး။ သူတို့ဟာက။ တကယ့်စက်ရုံတွေနဲ့။ အမှိုက်ကို လာတာနဲ့ ရှင်းလိုက်တာ။ မြေသြဇာလုပ်တာတွေလည်း လုပ်တယ်။ နောက်ဆုံး လမ်းခင်းတာကအစလုပ်တာ။ အကျိုးပြုတာတွေ အားလုံး လုပ်ပစ်လိုက် တယ်။ အမှိုက်ကို။ ကျွန်တော်တော့ မရောက်ဖူးဘူးပေါ့နော်။ ဒါပေမယ့် လည်း ကျွန်တော့်ဖုန်းထဲမှာ အများကြီး။ နိုင်ငံပေါင်းစုံက အမှိုက်ကန်တွေ။ သူတို့မှာ ဒီလိုလုပ်နေတာတွေ ရှင်းပြထားတာတွေ ရှိတယ်ဆိုတော့ အဲဒါကို ကျွန်တော် တော်တော်လေး အားကျတယ်ဗျ။ ဆိုတော့ ဒီမှာလည်း ဒီလိုမျိုး ဖြစ်စေချင်တယ်။ မြေသြဇာလုပ်လို့ရတာ မြေသြဇာလုပ်မယ်။ ကုန်ကြမ်းလုပ်လို့ရတာ ကုန်ကြမ်း လုပ်မယ်။ အကျိုးပြုတာအားလုံး လုပ်မယ် ပေါ့ခင်ဗျ။  လမ်းခင်းလို့ရတာ လမ်းခင်း မယ်ပေါ့နော်။ နောက်ဆုံးအဆင့်အနေနဲ့။ အခုက ကြွပ်ကြွပ်အိပ်ပြဿနာ။ ကျွန်တော် အဲဒါကို ထွင်နေတယ်။ လမ်းခင်းလို့ ရအောင်။ နိုင်ငံခြားလိုင်းတွေမှာ ကြည့် တော့ ကြွပ်ကြွပ်အိပ်ကို မီးမရှို့ဘူး။ ပျော် ခိုင်းတယ်။ ပျော်ခိုင်းပြီး ကျောက်မှုန့်နဲ့ ရောပြီးလမ်းခင်းတယ်။ အဲဒါတွေရှိနေ တယ်။ သူများမှာရှိနေပြီဆို ဘာပဲပြော ပြော ကျွန်တော်တို့ လုပ်လို့ရပါတယ်။ စွန့်စားဖို့ပဲ လိုတယ်။ ရှင်းရှင်းပြောရင် တစ်ယောက်မှ မလုပ်ရင်တောင်မှ ကိုယ်က စွန့်စားပြီးလုပ်ရမှာပေါ့ဗျာ။ ကိုယ်စွန့် စားပြီးလုပ်ရင် နောက်ဆို ကျန်တဲ့သူတွေ လုပ်လို့ရအောင်လို့ပေါ့။

တနင်္သာရီ။     ။ ဒါဆို မြေဆွေးကို လုပ်ရင်းနဲ့ အမှိုက်ကန်ကို ရှင်းမယ့် ကိစ္စတွေကို လုပ်မယ့် သဘောမျိုးလို့ပြောလို့ ရမလား။

ဦးထွန်းဝေ။    ။ ဟုတ်တယ်။ ဒီလို မျိုးဖြစ်သွားတာပေါ့။ အမှိုက်ကန် တစ်ကန်လုံးကို ရှင်းမယ့်သဘောမျိုးဖြစ် သွားတာပေါ့။ ရှင်းရှင်းပြောရင် အမှိုက်ကန် တစ်ကန်လုံးကို ခေါင်းပေါ်မှာ တင်လိုက် တဲ့သဘောဖြစ်သွားတာပေါ့။ အစတုန်း ကတော့ မြေဆွေးလုပ်ဖို့အတွက်ပဲ စိတ်ကူးရတာ။

တနင်္သာရီ။     ။ နောက်ဆုံးအနေနဲ့ တခြားဘာပြောချင်တာရှိသေးလဲခင်ဗျ။

ဦးထွန်းဝေ။    ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တကယ့် အရင်တုန်းကလို မျိုး ကိုယ့်အိမ်မှာကိုယ် မြေပေါင်းလုပ်၊ မြေဆွေး လုပ်ပြီးတော့ စိုက်တာမျိုးဖြစ် လာစေချင်တယ်ဗျ။ ကျွန်တော်ကတော့ လက်ရှိ သဘာဝအတိုင်း အစားအစာတွေ Chemical မပါဘဲ ဖြစ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာစေချင်လို့ အဓိကက။  ဆရာဝန်တွေကလည်း အဲလိုပဲ ပြောတယ်။  ကျွန်တော်ကတော့ သဘာဝအတိုင်းကိုပဲ ဖြစ်စေချင်တယ်ဗျ။ ခေတ်မီပစ္စည်းကို ကျွန်တော်စော်ကား တာတော့ မဟုတ်ပါဘူး။ ကျန်းမာရေး အတွက်ပါ။

တနင်္သာရီ။       ။ စိတ်ရှည်လက် ရှည်ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်ခင်ဗျား။