ထားဝယ်တက္ကသိုလ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးအဖွဲ့ ဖွဲ့စည်း

0
1170
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်တက္ကသိုလ်တွင် ဆေးလိပ် ငွေ့ကင်းစင်းသည့် တက္ကသိုလ်ဖြစ်မြောက် ရေးအဖွဲ့ကို ဇွန်လ ၃ ရက်က စတင်ဖွဲ့ စည်းလိုက်သည်။

ယင်းအဖွဲ့ကို ကထိက ဌာနမှူးတစ်ဦး က ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ မော်ကွန်းထိန်းတစ်ဦး၊ ဆရာ၊ဆရာမ ၅ ဦး၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ကျောင်းသူ၊ကျောင်းသား ၁၄ ဦး စုစုပေါင်း ၂၂ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ယင်းတက္ကသိုလ် ထံမှ သိရသည်။

ယင်းအဖွဲ့သည် တက္ကသိုလ်အတွင်းရှိ ဆေးလိပ်မသောက်ရ သတ်မှတ်ဧရိယာတို့ တွင် ဆေးလိပ်သောက်သုံးသူများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို စောင့်ကြည့် မည်ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းလေးက ပြောသည်။

ဆေးလိပ်သောက်သုံးသူများ တွေ့ရှိပါက တနင်္သာရီတိုင်း ရဲတပ်ဖွဲထံသို့ သတင်း ပို့မည်ဖြစ်ပြီး အရေးယူမှုအနေဖြင့် ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ထပ်မံတွေ့ရှိပါက ကျောင်းသားမိဘကို ခေါ်ယူဆွေးနွေးမည်ဖြစ်ပြီး တတိယအကြိမ် ထပ်မံတွေ့ရှိပါက ဥပဒေအရ ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးသန်းထွန်းလေးက ပြောသည်။

“သတ်မှတ်ထားတဲ့နေရာတွေမှာ ဆေးလိပ်မသောက်ရဆိုတဲ့ဟာအပြင် ဆေးလိပ်လည်း မရောင်းရဘူးဆိုတဲ့ဟာ လည်း ပါတယ်။ တကယ်သောက်ချင်သပ ဆိုရင်လည်း နေရာတွေ သတ်မှတ်ပေး မှာပေါ့။ ဘယ်နေရာမှာ ဆေးလိပ်သောက် ခွင့်ပေးမလဲ ဆိုတာတော့ ပြန်ဆွေးနွေးရဦး မှာပေါ့” ဟု ၎င်းက ဆိုသည်။

ထားဝယ်တက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်သည့် တက္ကသိုလ်အဖြစ် လုပ်ဆောင်ရန် ပထမနှစ်ဝက်ပညာသင်ကာလ ကတည်းကစတင်အကောင်အထည်ဖော် နေပြီး ဆေး လိပ်မသောက်ရနေရာများတွင် သတိပေးစာများ ကပ်ထားသည်။

Dawei Watch