ကမ်းနားလမ်းဆက်ခင်းပြီးပါက လမ်းပေါ်ရောင်းနေသည့် ဈေးသည်များဖယ်ရှားမည်

0
1511
ထားဝယ်မြို့ ကမ်းနားဈေးတွင် ဈေးဝယ်နေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့ ကမ်းနားလမ်းတွင် ကွန်ကရစ်နှစ်လမ်းသွားလမ်းဆက်ခင်းပြီးပါက လမ်းပေါ်ရောင်းချနေသည့် ဈေးသည် များကို ဖယ်ရှားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ထားဝယ်ကမ်းနားလမ်း အဆင့်မြှင့်ခြင်းကို မြောင်းပုလဲတံတားမှ ကမ်းနားဈေးအနီးထိ လုပ်ဆောင်ထားသည်။

ယခုနှစ်တွင် ကွန်ကရစ်လမ်း၊ ပလက် ဖောင်းနှင့် လမ်းလယ်ကျွန်းကို လက်ရှိ ပြီးနေသည့်နေရာမှ သင်္ဘောဆိပ်ချောင်း (ကမ်းနားဈေးအနီး)အထိ လုပ်မည်ဖြစ် ကြောင်း စည်ပင်အဖွဲ့မှ အမှုဆောင်အရာ ရှိက ဆိုသည်။

ပြီးစီးသွားပါက လမ်းမပေါ် ဈေး (ညဈေး)ရောင်းချခွင့်ပြုမည်မဟုတ်တော့ ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဈေးသည်အချို့က အဆင့် မြှင့်ထားသည့် လမ်းမပေါ်တွင် ဈေးရောင်းချ ခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်နေသည်။

“ဒီနေရာတွေသည် အမှန်တစ်ကယ် တော့ အများပြည်သူ အပန်းဖြေဖို့နေရာတွေ အတွက်ကို လုပ်နေတာ၊ ဈေးရောင်းဖို့ မဟုတ်ဘူး”ဟု အမှုဆောင်အရာရှိက ပြောသည်။

လမ်းခင်းပြီးပါက လမ်းမပေါ် ရောင်းချ နေသည့် ဈေးသည်များကို အခြားနေရာ တစ်ခုတွင် ရောင်းချရန် စီစဉ်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ညဈေးကို ကားလမ်းနှင့် နီးသည့် နေရာတွင် ရောင်းခွင့်ပြုထားပါက လမ်း ပိတ်ဆို့နေမည်သာဖြစ်သည့်အတွက် လမ်းမနှင့် လွတ်ကင်းသည့်နေရာတွင် စီစဉ်ပေးသင့်ကြောင်း ထားဝယ်မြို့ ပိန္နဲတော ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

Dawei Watch