မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ကျင်းပမည်

0
636

မွန်ပြည်နယ်လွှတ်တော် အထူးအစည်း အဝေးကို လာမည့် ဇွန်လ ၁၂ ရက်တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည် နယ် လွှတ်တော်ရုံးထံမှ သိရသည်။

အစည်းအဝေးကို သုံးရက်ကျင်းပမည် ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်တင်အိက ပြောသည်။

“အထူးအစည်းဝေးကို မွန်ပြည်နယ် ရဲ့ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေ သုံးစွဲခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုဖို့ ခေါ်ယူကျင်းပတာ ဖြစ်တယ်”ဟု ဒေါ်တင်တင်အိက ဆိုသည်။

ယခုကျင်းပမည့် လွှတ်တော်အထူး အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ သုံးစွဲခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုခြင်းအပြင် မေးခွန်း မေးမြန်းခြင်း အစီအစဉ်လည်း ရှိမည်ဟု လွှတ်တော်ရုံးထံမှ သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် တွင် ပုံမှန်အစည်းအဝေး ၁၃ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၁ ကြိမ်နှင့် အထူးအစည်းအဝေး နှစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ် သည်။

Dawei Watch