တနင်္သာရီတိုင်း ကွန်ပျူတာပညာရှင် များအသင်း ဖွဲ့မည်

0
618

တနင်္သာရီတိုင်း ကွန်ပျူတာပညာရှင်များ အသင်းကို ဖွဲ့စည်းရန်စီစဉ်လျက် ရှိကြောင်း အသင်းဖြစ်မြောက်ရေးအဖွဲ့ ထံမှ သိရသည်။

ယင်းအသင်းကို တိုင်းအတွင်း ကွန်ပျူတာပညာရှင်များ အောင်မြင်တိုးတက်ရေး ကူညီနိုင်ရန်၊ ကွန်ပျူတာနည်းပညာ ပြန့်ပွားစေရန်၊ တိုင်းအစိုးရအဖွဲ့ကိုလည်း ယင်းအသင်းဝင်များက ကွန်ပျူတာဆိုင်ရာ ကိစ္စများတွင် ပါဝင်ကူညီနိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့ ထံမှသိရသည်။

အသင်းဝင်လိုသူများအနေဖြင့် ဇွန်လ ၁၄ ရက် နောက်ဆုံးလျှောက်ထား၍ ထားဝယ်၊ မြိတ် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်များနှင့် ၀၉ ၄၁၀၀၄၁၉၉၊ ၀၉ ၄၅၀၉၉၀၇၃၃ ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသင်း ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

ကျော်သူစိုး