ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
939
Bay-Din

၁၀-၆-၂၀၁၉ မှ ၁၆-၆-၂၀၁၉ထိ

တနင်္ဂနွေ

လူငယ်များအတွက် တိုးတက်အောင်မြင်မည့်ကာလ ဖြစ်သည်။ အခွင့်အရေးများစွာ ရလာတတ် သည့်ကာလမို့ အကျိုးရှိစွာ အသုံးချစေချင်သည်။ ပညာရေးကိစ္စ အောင်မြင်မည်။ ပြဿနာ တစ်ခုလည်း ဖြေရှင်းရတတ်သည်။ အမွေအနှစ် ရရှိတတ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုများ ခိုင်ခိုင်တည်ဆောက်စေချင်သည်။


အကျိုးပေးသော အရောင် – အနီရောင်၊ ခရမ်းရောင်


အကျိုးမပေးသော အရောင် – လိမ္မော်ရောင် ၊ အဖြူရောင်


မစားသင့်သော အစားအစာ – မျှစ်၊ ဘဲဥ

ယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ

ပရိဘောဂ ပစ္စည်းများ ၀င်မည်။ ရွှေထည်ပစ္စည်းများ ၀င်မည်။ သင့်မှာ အကြံအစည်တစ်ခုရှိလျှင် ထိုအစီအစဉ်သည် ယခုအချိန် ရှင်သန်ထမြောက်မည်။ မည်သည့်စက်ပစ္စည်းမျှ မ၀ယ်ပါနှင့်။ ကျန်းမာရေးအတွက် ပြဿနာမရှိပါ။ မေတ္တာရေးသည်ကား သင်သည် ချစ်သူကို ဖွင့်ပြောရန် အချိန်မဆွဲပါနှင့်တော့။


အကျိုးပေးသော အရောင် – အ၀ါရောင်၊ အနက်ရောင်


အကျိုးမပေးသော အရောင် – ငွေရောင်၊ ဇီးရောင်


မစားသင့်သော အစားအစာ – ငါးချဉ်၊ ဒန်ပေါက်


ယတြာ – ဘုရားတစ်ဆူဆူ ရင်ပြင်၌ အမှိုက်သန့်ရှင်းခြင်း ကုသိုလ်ယူပါ။

အင်္ဂါ

သတင်းစကားကောင်းများ ကြားရမည်။ မိမိလက်ထဲ ငွေများ စုပုံဝင်မည်။ ပညာရေးကိစ္စ ကောင်းပါသည်။ အင်တာဗျူးဖြေမည့်ကိစ္စများ အောင်မြင်မည်။ ဆေးရုံ၊ ဆေးခန်း တက်ရတတ်သည်။ လူမျိုးကွဲတို့နှင့် တွဲစပ်ရသော ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ ခရီးဝေးများ သွားရတတ်သည်။ မေတ္တာရေးသည်ကား ပျော်ရွှင်အဆင်ပြေမည်။


အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်


အကျိုးမပေးသော အရောင် – အနီရောင်၊ လိမ္မော်ရောင်


မစားသင့်သော အစားအစာ – အုန်းနို့ ၊ ရွှေဖရုံသီး


ယတြာ – ဘုရားတစ်ဆူဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေ လှူဒါန်းပါ။

ဗုဒ္ဓဟူး

ယခုလအတွင်း တယ်လီဖုန်း၊ ယာဉ် မ၀ယ်ပါနှင့်။ အမွေအနှစ်များ ရရှိတတ်သည်။ သားသမီးရတနာ ရရှိမည်။ သွေးမတော် သားမစပ်သူများ၏ ပံ့ပိုးကူညီမှု ရရှိမည်။ လူချစ်လူခင်ပေါများသည်။ လူငယ်များ ပညာရေးပွင့်လန်းမည့်ကာလ ဖြစ်သည်။ မေတ္တာရေးသည်ကား ရင်ထဲမှာ အလွမ်းဝေဒနာများ ခံစားရ တတ်ပေသည်။


အကျိုးပေးသော အရောင် – အ၀ါရောင်၊ ပြောက်ကျားရောင်


အကျိုးမပေးသော အရောင် – အညိုရောင်၊ အနက်ရောင်


မစားသင့်သော အစားအစာ – မှို၊ ဇီးသီး


ယတြာ – ဆွမ်းခံဘုန်းတော်ကြီးတစ်ပါးအား ငှက်ပျော်သီးနှင့် မုန့်လှူဒါန်းပါ။

ကြာသပတေး

နိုင်ငံရပ်ခြား ခရီးများသွားရမည်။ တရားဘာဝနာအားထုတ်က ထူးထူးခြားခြား အောင်မြင်မည်။ သင်၌ ငွေကြေးဥစ်္စာများစွာရ မည့်ကာလ ဖြစ်သည်။ ဆိုင်ဖွင့်ခြင်း လုပ်ငန်းများ ကောင်းသည်။ သင့်အိမ်၌ စက်ပစ္စည်းများ ထွက်မည်။ လည်ချောင်းနာခြင်း အစာအိမ်နှင့် ပတ်သက်၍ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား သင်သောက ကင်းစေ၍ ပျော်ရွှင်ရမည့်ကာလ ဖြစ်သည်။


အကျိုးပေးသော အရောင် – အ၀ါရောင်၊ အနီရောင်


အကျိုးမပေးသော အရောင် – အပြာရောင် ၊ ပြောက်ကျားရောင်


မစားသင့်သော အစားအစာ – ဘဲသား၊ မှို


ယတြာ – ဂန္ဓမာအဖြူ ၁၅ပွင့် ဘုရားပန်းကပ်လှူပါ။

သောကြာ

ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ကွန်ပျူတာ ၊ TV ၊ Air con စသော စက်ပစ္စည်း တစ်မျိုးမျိုးဝင်တတ်သည်။ သင့်အိမ်၌ အလှူမင်္ဂလာကိန်းတစ်ခု ရှိသည်။ ရွှေထည်ပစ္စည်းတစ်ခု ပျောက်ရှ တတ်သည်ဖို့ သတိထားသင့်သည်။ သူငယ်ချင်းများ အထင်အမြင်လွဲမှု ဖြစ်ရတတ်သည်။မေတ္တာရေးသည်ကား နီးလျက်နှင့် ဝေးရတတ်သည်။


အကျိုးပေးသော အရောင် – အပြာရောင်၊ အနီရောင်


အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ ဇီးရောင်


မစားသင့်သော အစားအစာ – မုန့်ဟင်းခါး၊ မျှစ်ချဉ်


ယတြာ – ဆီထမင်း ဘုရားဆွမ်းတော် ကပ်လှူပါ။

စနေ

အိပ်မက်ကောင်းများ မက်မည်။ သင်သည် လုပ်ငန်းတိုးချဲ့ခြင်း၊ အိမ်ပြုပြင်ခြင်းကိစ္စများ အဆင်ပြေမည်။ ငွေကြေးအလုံးအရင်း ၀င်မည်။ မြေ၀ယ်လျှင် ကောင်းပါ သည်။ မောင်နှမသားချင်းများ နှင့်ပတ်သက်၍ အထင်အမြင်လွဲမှု ကြုံရတတ် သည်။ မေတ္တာရေးသည်ကား ချစ်သူကြင်သူများ အဆင်ပြေမည့်ကာလ ဖြစ်သည်။


အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်


အကျိုးမပေးသော အရောင် – အ၀ါရောင်၊ အနီရောင်


မစားသင့်သော အစားအစာ – ၀က်သား၊ အာလူး


ယတြာ – နှင်းဆီအ၀ါ (၇)ပွင့် ဘုရားပန်းကပ်လှူပါ။

                                                      လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
                                                     ဆရာရွှေစင်မြတ်(Geology)
                                                       ဝေဒလက္ခဏသုတေသီ