ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ထားဝယ်နှင့် ကော့သောင်းအသင်းတို့ ပထမဆု နှစ်ဆုစီ ဆွတ်ခူး

0
683

မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး အသက် ၂၅ နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ထားဝယ်နှင့် ကော့သောင်းမြို့နယ် တို့က ပထမဆု နှစ်ဆုစီ ဆွတ်ခူးခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာန ထံမှ သိရသည်။

အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲနှင့်  အမျိုးသား သုံးယောက်တွဲ ပြိုင်ပွဲတို့တွင် ထားဝယ်မြို့နယ်က ပထမရခဲ့ပြီး အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ကော့သောင်းမြို့ နယ်က ပထမရရှိခဲ့ခြင်း ဖြစ်သည်။

မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အမျိုးသမီးလေးယောက်တွဲ၊ အမျိုးသား နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲပြိုင်ပွဲ စသည့်ပြိုင်ပွဲအမျိုး အစားလေးမျိုး ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အမျိုးသမီးအသင်း ၈ သင်းနှင့် အမျိုးသား အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ပထမဆုကို ကျပ်တစ်သိန်းနှင့် ဒုတိယဆု ကျပ်ငါးသောင်းချီးမြှင့်ခဲ့ကြောင်း တိုင်းအားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းပြိုင်ပွဲကို မေလ ၂၂ ရက်မှ ၂၈ ရက်အထိ ထားဝယ်မြို့ရှိ ရွှေဝယ်သီရီ အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

DaweiI Watch