အမျိုးသမီး နိုင်ငံရေး စွမ်းရည်မြှင့်သင်တန်း ထားဝယ်တွင် ဖွင့်မည်

0
529

သင်တန်းကာလ ၄ လကြာမြင့်မည့် အမျိုးသမီးနိုင်ငံရေး စွမ်းရည်မြှင့်သင်တန်း ကို ထားဝယ်မြို့တွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂထံမှ သိရသည်။

ယင်းသင်တန်းကို ဇွန်လ တတိယ အပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ထားဝယ်ခရိုင် အတွင်းရှိ အသက် ၂၀ မှ ၃၀ နှစ်အကြားရှိ အမျိုးသမီးများလျှောက် ထားနိုင်ကြောင်း အထက်ပါ သမဂ္ဂအထွေထွေ အတွင်းရေးမှူး ဒေါ်နုနုလှိုင်က ပြောသည်။

ယင်းသင်တန်းတက်မည့်သူများကို မေလ ၃၀ ရက်မှ စတင်လျှောက်လွှာများ ခေါ်ယူလျက်ရှိပြီး လျှောက်လွှာများကို ထားဝယ်အမျိုးသမီး သမဂ္ဂရုံးတွင် ထုတ်ယူ နိုင်မည် ဖြစ်သည်။

 သင်တန်းကာလအတွင်း ထားဝယ်မြို့ တွင်နေထိုင်မည့် နေအိမ်စီစဉ်ပေးမည့် အပြင် သင်တန်းသူတစ်ဦးကို အသေးသုံးငွေ တစ်လ ငါးသောင်းကျပ်စီနှင့် နေ့စဉ် စားစရိတ်များ ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဒေါ်နုနု လှိုင်က ပြောသည်။

ယင်းသင်တန်းတွင် အင်္ဂလိပ်စာ၊ အခြေခံကွန်ပြူတာ၊ အမျိုးသမီးအခွင့် အရေးနှင့် အမျိုးသမီးခေါင်းဆောင်မှု အတတ် ပညာ၊ ရုံးလုပ်ငန်းလုပ်ဆောင်ခြင်း အတတ် ပညာ၊ သုတေသန၊ သတင်းနှင့် မှတ်တမ်း နည်းပညာ၊ အများပြည်သူရှေ့တွင် စကား ပြောနည်း စသည့် သင်ခန်းစာ ၁၄ မျိုးကို သင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီသင်တန်းပြီးသွားရင် အနည်းဆုံး တော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ အုပ်ချုပ်ရေး အဖွဲမှာပဲဖြစ်ဖြစ်၊ ပရဟိတအဖွဲ့တွေမျိုး မှာဖြစ်ဖြစ် ခေါင်းဆောင်လုပ်တတ်တဲ့ သူတွေ ဖြစ်လာမယ်လို့တော့ မျှော်လင့် တယ်” ဟု ၎င်းက ဆိုသည်။

 ကျော်သူစိုး