ရနောင်းတွင် ပြုလုပ်မည့် မီနီမာရသွန်ပြိုင်ပွဲ ၀င်ပြိုင်ရန် ထိုင်းဖိတ်ခေါ်

0
494

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံချစ်ကြည်ရေး မီနီမာရသွန်ပြေးပွဲကို လာရောက်ယှဉ်ပြိုင် ကစားရန်အတွက် မြန်မာဘက်မှ အပြေး သမားများကို ဖိတ်ခေါ်လျက်ရှိကြောင်း ကော့သောင်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ပြိုင်ပွဲကို ဇွန်လ ၉ရက်တွင် ကျင်းပမည် ဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်က ကော့သောင်းမှာ ကျင်းပတဲ့ မီနီမာရသွန်ပြေးပွဲကို ထိုင်းဘက်က အယောက် ၅၀လောက် လာပြိုင်တယ်၊ ပထမဆုနဲ့ ဒုတိယဆု ရသွားတယ်”ဟု ခရိုင်အား/ကာမှူး ဦးခင်မောင်ဦးက ဆိုသည်။

ယင်းသို့ လာပြိုင်ရန် ပထမဆုံးအကြိမ် ဖိတ်ခေါ်ခြင်း ဖြစ်သည့်အတွက် ၀ါသနာရှင် များပါစေချင်ကြောင်း ၎င်းက ပြောသည်။

ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် ခရိုင် အား/ကာရုံး ကော့သောင်းမြို့ ဖုန်း ၀၅၉ ၅၂၀၁၀ (ရုံးဖုန်း)၊ အားကစားမှူး – ၀၉၅၆၄၅၂၃၈ တို့ထံ ဆက်သွယ် စာရင်း ပေးနိုင်ကြောင်း သိရသည်။

မိုးအိ