မြိတ်တွင် လောင်းကစားပြုလုပ်သည့်နေရာများအား သတင်းပေးရန် နယ်လုံဝန်ကြီးပြော

0
954

မြိတ်မြို့နယ်အတွင်း နှစ်လုံး၊ သုံးလုံး ထီဒိုင်များနှင့် ဘောလုံးဒိုင်များရှိသည့် နေရာများကို သတင်းပေးရန် တနင်္သာရီ တိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

မေလ ၂၃ ရက်က တိုင်းအစိုးရအဖွဲ့ နှင့် ဒေသခံများ မြိတ်မြို့ရှိ ပုလဲရတနာ ခန်းမတွင် တွေ့ဆုံစဉ် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့တွင်တရားမ၀င်ထီဒိုင်နှင့် ဘောလုံးပွဲလောင်းကစားဒိုင်များရှိနေကြောင်း တွေ့ဆုံပွဲတွင် ဒေသခံတစ်ဦး၏ ပြောဆိုမှု အပေါ် ဗိုလ်မှူးကြီး ကျော်ဇေယျက အထက်ပါ အတိုင်း ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ရှိတဲ့နေရာတွေကို လက်ညိုး ထိုးပြပါ။ ပြည်သူတွေရဲ့ သတင်းပေးမှုနဲ့ အားလုံး ရှင်းလင်းပေးပါ့မယ်”ဟု နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ရပ်ကွက်နေ ပြည်သူများအနေဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နယ်ထိန်းရဲများနှင့် တာဝန်ရှိသူများထံ သတင်းပေးတိုင်ကြားပါက ရှင်းလင်းပေး မည်ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

လောင်းကစားခြင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့အင်အား လုံလောက်မှု မရှိသည့်အတွက် ပြည်သူ များအနေဖြင့် ပူးပေါင်းပါဝင်ပေးပါရန် ၎င်းက တိုက်တွန်းခဲ့သည်။

ကိုဆန်း