မြိတ်လူထုစက်ဘီးစီးပွဲ စက်ဘီး အမျိုးအစားမရွေး ၀င်ပါနိုင်

0
432

ကမ္ဘာ့စက်ဘီးစီးသူများနေ့ဖြစ်သည့် ဇွန်လ ၃ ရက်တွင် မြိတ်မြို့၌ လူထုစက် ဘီးစီးနင်းပွဲပြုလုပ်မည်ဖြစ်ရာ စက်ဘီး အမျိုးအစားမရွေး ၀င်ရောက်စီးနင်းနိုင် ကြောင်း မြိတ်အပျော်တမ်းစက်ဘီးအသင်းထံမှ သိရသည်။

စက်ဘီးစီးပွဲကို မြိတ်ခရိုင် အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် မြိတ်အပျော် တမ်း စက်ဘီးအသင်းတို့ ပူးပေါင်းပြီး ပြုလုပ်ခြင်း ဖြစ်သည်။

နံနက် ၆ နာရီတွင် မြို့မအားကစား ဘောလုံးကွင်းရှေ့မှ စတင်ထွက်ခွာမည် ဖြစ်ပြီး ဗဟိုလမ်း၊ ထားဝယ်စုမီးသတ်လမ်း၊ ဘုရားကြီးလမ်း၊ ရေပုန်းလမ်းမကြီးတစ် လျှောက် မြိတ်တက္ကသိုလ်အရှေ့နတ်စင် လမ်းမှ အေးရိပ်ချောင်လမ်း လေယာဉ် ကွင်းလမ်းတစ်လျှောက် စီးနင်းမည်ဖြစ် သည်။

လေယာဉ်ကွင်းလမ်းမှတစ်ဆင့် အဝေး ပြေးကားဝင်းသစ်၊ ရွှေပြည်တန်လမ်း၊ အောင်ဆန်းလမ်းမကြီး၊ ဦးမြတ်လေးလမ်း၊ ပြည်သာယာလမ်း၊ ပိတောက်ရွှေဝါလမ်း တို့အား ဖြတ်သန်းကာ နောက်လယ် ၇ လမ်း၊ ပုလဲလမ်း၊ နောက်လယ်အမှတ် ၁ ဗောတံတားမှတစ်ဆင့် ကမ်းနားလမ်း အဆုံးရှိ သဲကွင်းတွင်အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

စက်ဘီးစီးပွဲတွင် အမျိုးသား/အမျိုး သမီးများနှင့် ကလေးများမည်သူမဆို ပါဝင်စီးနင်းနိုင်ပြီး အမှတ်တရ အင်္ကျီလက် ဆောင်များပေးအပ်မည့်အပြင် အကျွေးအမွေးဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း မြိတ်အပျော် တမ်းစက်ဘီးစီးအသင်းဝင်တစ်ဦးက ဆိုသည်။

ယင်းဇွန်လ ၃ ရက်တွင် မြိတ်မြို့ အပြင် ထားဝယ်၊ သရက်ချောင်း၊ ပုလော နှင့် ကော့သောင်းမြို့တို့တွင်လည်း စီးနင်းမည် ဖြစ်သည်။

မြင့်မိုရ်(မြိတ်)