တိုင်းလွှတ်တော်အစည်းအဝေး ဇွန်လ ၂၀ ရက် ကျင်းပမည်

0
431

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို ဇွန်လ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ ထံမှ သိရသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းနှင့်အဆို များ မေးမြန်းတင်သွင်းမည့် အရေအတွက် အနည်းအများပေါ် မူတည်၍ အစည်းအဝေး ကျင်းပရက်ကို ၂ ရက်မှ ၃ ရက်အထိ လျာထားကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြောသည်။

ယင်းအစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေကို ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

“ဖြည့်စွက်ရန်ပုံငွေကို အဓိက ဆွေးနွေး အတည်ပြုကြမှာပါ”ဟု ဦးခင်မောင်အေးက ပြောသည်။

ယခုကျင်းပမည့်အစည်းအဝေးသည် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ ၁၃ကြိမ်မြောက် ပုံမှန်အစည်း အဝေးဖြစ်သည်။

Dawei Watch