ကျွန်းစုတွင် တပ်မတော်စစ်ရေယာဉ်က သစ်ခိုးလှေ ငါးစီးဖမ်းဆီး

0
479

ကျွန်းစုမြို့နယ်ရေပြင်တွင် တပ်မတော် စစ်ရေယာဉ်က သစ်ခိုးလှေ ငါးစီးကိုဖမ်း ဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မေလ ၂၁ ရက် နံနက် ၁ နာရီခွဲခန့်က ကျွန်းစုမြို့နယ်၊ ဂဏန်းကျွန်း၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ တွင် တရားမ၀င်သစ်များ တင်ဆောင်ထား သည့် သစ်ခိုးလှေ ၄ စီးကို  လှေပေါ် လိုက်ပါလာသူများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တရားမ၀င်သစ်များတင်ဆောင်လာသည့် လှေ ၄ စီးတွင် သစ် ၂၅ တန်ကျော်ကို တင်ဆောင်ထားကြောင်း ရဲမှတ်တမ်း အရ သိရသည်။

မေလ ၂၅ ရက်ကလည်း အထက်ပါ တပ်မတော်ရေယာဉ်ကပင် ဂဏန်းကျွန်း အနီးရှိ ရေပြင်တွင် အမျိုးသားနှစ်ဦးပါပြီး တရားမ၀င်သစ် ၄ တန်ကျော် တင်ဆောင်လာသည့် သစ်ခိုးလှေတစ်စီးကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။          

Dawei Watch