ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
539

၃-၆-၂၀၁၉ မှ ၉-၆-၂၀၁၉ထိ

တနင်္ဂနွေ

သင်တန်းတက်ခြင်း၊ ပညာသင်သည့်ကိစ္စများ အဆင်ပြေမည်။ ၀န်ထမ်းဖြစ်လျှင် အပြောင်းအရွှေ့ ဖြစ်တတ်သော အခါဖြစ်သည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ယခုလအတွင်း ယာဉ် မ၀ယ်သင့်ပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား သင်ချစ်သောသူနှင့် လက်တွဲခွင့်ရမည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ လိမ္မော်ရောင် 

အကျိုးမပေးသော အရောင်       – အနီရောင်၊ ခရမ်းရောင်

မသွားသင့်သော အရပ်   – အရှေ့မြောက်အရပ်

ယတြာ                     – ကြက်မောက်သီးကို အစေ့မပါစေဘဲ ဘုရားဆွမ်းတော် ကပ်လှူပါ။ 

တနင်္လာ

လူငယ်များအတွက် အခွင့်အလမ်းကောင်းများ ပေါ်ထွက်မည်။ ဆိုင်ဖွင့်ခြင်း၊ ဆိုင်တိုးချဲ့ခြင်း ကိစ္စများ အဆင်ပြေမည်။ နာရီများမ၀ယ်ပါနှင့်။ လူကြီးသူမများ၏ ကူညီစောင့်ရှောက်မှုကြောင့် မိမိဆန္ဒများ ပြည့်ဝမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ တုပ်ကွေးရောဂါများ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သင်နှင့်ချစ်သူကြားမှာ အထင်အမြင် လွဲတတ်သည်။

အကျိုးပေးသော အရောင်         – ပန်းရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – တောင်အရပ်  

ယတြာ                     – နာနတ်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော် ကပ်လှူပါ။ 

အင်္ဂါ

အမွေအနှစ်များ ရရှိတတ်သည်။ မြေ၀င်မည်။ သင်၏ကံဇာတာများတက်နေ၍ ဘာလုပ်လုပ် အဆင်ပြေမည်။ မိတ်တွေကောင်းများ မစကူညီမှု ခံရမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ဖူးစာရှင်က သင့်ကို စောင့်ဆိုင်းနေပါသည်။

အကျိုးပေးသော အရောင်         – ပန်းရောင်၊ အဖြူရောင်

အကျိုးမပေးသော အရောင်       – နက်ပြာရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်   – အနောက်တောင်အရပ်

ယတြာ                     – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒ္ဓဟူး

သင့်အိမ်၌ မင်္ဂလာကိန်းတစ်ခု ရှိသည်။ အိုးပိုင်အိမ်ပိုင် ရရှိနိုင်သည့် ကာလဟုလည်း ဆိုနိုင်သည်။ အမျိုးသမီးတစ်ယောက်၏ ပံ့ပိုးကူညီမှုလည်း ရရှိမည်။ ရေကူးခြင်း၊ ရေလမ်းခရီးသွားခြင်း သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်သင် မဝေးရတော့ပါ။

အကျိုးပေးသော အရောင်         – အနီရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်   – တောင်အရပ်

ယတြာ                     – မေမြို့ပန်းတစ်စည်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး

ရွှေထည်ပစ္စည်းများ ရရှိမည်။ သင့်အိမ်သို့ ရပ်ဝေးဧည့်သည်များ လာမည်။ ရေလမ်းခရီး သွားရမည်။ ယာဉ်ဝင်မည်။ လုပ်ငန်းထဲ၌ စိတ်ပင်ပန်းရတတ်သည်။ ခါးနာခြင်း ဖြစ်တတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် ဆုံစည်းရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အနီရောင်

မသွားသင့်သော အရပ်   – အနောက်တောင်အရပ်  

ယတြာ                     – စုံပတတ်သီးကို အစေ့မပါစေဘဲ ဘုရားဆွမ်းတော်ကပ်လှူပါ။ 

သောကြာ

ငွေများစွာဝင်နိုင်၍ ထီထိုးသင့်သော ကာလဖြစ်၏။ သင့်၏အကြံအစည်ကောင်းမှုကြောင့် အခွင့် အလမ်းများ တစ်ခုပြီးတစ်ခု ၀င်လာမည်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပေ။ မြေရောင်းမည့်ကိစ္စ အောင်မြင်မည်။ မေတ္တာရေးသည်ကား ပျော်ရွှင်ကြည်နူးရမည်။ 

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – ဇီးရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်   – အရှေ့တောင်အရပ်

ယတြာ                     – သစ်ခွပန်း ဘုရားပန်းကပ်လှူပါ။

စနေ

နိုင်ငံရပ်ခြား ခရီးသွားရမည်။ လာဘ်လာဘများ တိုးပွားမည်။ မိတ်ဆွေကောင်းများ ရရှိမည်။ ပညာရေးကိစ္စများ အဆင်ပြေတိုးတက်မည်။ ကျန်းမာရေးကောင်းပြီး စိတ်သွားတိုင်းကိုယ်ပါမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်လက်တွဲခွင့်ရရန် လက်တကမ်းသာ လိုတော့သည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ ငွေရောင်

မသွားသင့်သော အရပ်   – အရှေ့တောင်အရပ်

ယတြာ                     – မင်းကွတ်သီးကို အခွံခွာပြီး ဘုရားကပ်လှူပါ။

                                                  လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                  ဝေဒလက္ခဏသုတေသီ