ဘိလပ်မဟာတန်း ကျောင်းသား – ၁၄

0
1284

လီဗာပူးလ် အမြည်း

အင်္ဂလိပ် ပရီးမီးယားလိဂ်နောက်ဆုံး ပွဲတွင် လီဗာပူးလ်တွင် သွားရောက်အား ပေးရန် လပေါင်းများစွာကတည်းက စဉ်းစားပြီးသားဖြစ်သည်။ သို့သော် ကွင်းထဲ ဝင်ကြည့်ရန်ကား သိပ်တော့ မသေချာ။ ကွင်းဝင်ကြေးတွေက ဈေးကြီးနိုင်သည်။

ဘယ်လိုဖြစ်ဖြစ်၂၀၀၀ ပြည့်နှစ် ကျော်ကတည်းက အားပေးလာခဲ့သော ပရိသတ်တစ်ဦးအနေနှင့် အင်္ဂလန်ရောက် မှတော့
လီဗာပူးလ်ကို သွားသင့်သည်။ လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်း ကြီးတွင် တစ်ကြိမ်လောက်တော့ဝင်အား ပေးသင့်သည် မဟုတ်ပါလော။

လီဗာပူးဘောလုံးအသင်း၏ပွဲစဉ်များကို လွန်ခဲ့သော ၁၈ နှစ်ကျော်က စတင် ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ ထားဝယ်မြို့
တစ်ဖက်ကမ်းရှိ ကျေးရွာတစ်ရွာရှိ ဘိလိယက် ခုံလေးတွင် ပြတတ်သော၊ ပုံမှန်အားဖြင့် ရွာဗီဒီယိုရုံတွင်ပြတတ်သော အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲများမှ တစ်ဆင့် ရင်းနှီးခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ထိုအချိန်က လျှမ်းလျှမ်းတောက်ကျော်ကြားနေသည်မှာ မန်ချက်စတာယူနိုက်တက် ဖြစ်သည်။ မန်ချက်စတာယူနိုက်တက်နောက်အင်္ဂလန် တွင် အကောင်းဆုံး ကလပ်အသင်းမှာ အာဆင်နယ်ဟု ဆိုနိုင်သည်။ သို့သော် ထိုစဉ်က
ငှက်မြန်လေးဟု တင်စားခံရ သော လီဗာပူးလ် တိုက်စစ်မှူး မိုက်ကယ် အိုဝင်၏ အသင်းက ကိုယ့်အတွက်ပို ဖမ်းစားစရာ ဖြစ်ခဲ့သည်။

လူကြိုက်များသောအရာများကို သဘောတွေ့လေ့မရှိဘဲ လူကြိုက်သိပ် မများလေ့ရှိသော အခြားရွေးစရာများကို သဘောပိုတွေ့လေ့ရှိသည့်ပင်ကိုစရိုက် အတိုင်း ထိုစဉ်က လျှမ်းလျှမ်းတောက် နေသော မန်ချက်စတာယူနိုက်တက်နှင့် အာဆင်နယ်တို့အစားလီဗာပူးလ်ကို ပိုစွဲ လမ်းစွာ အားပေးဖြစ်ခဲ့လေသည်။

ဘောလုံးအားကစားကိုပုံမှန်စွဲလမ်း နှစ်သက်သူ လူငယ်တို့တွင် အားပေးစရာ လက်စွဲတော်အသင်းကိုယ်စီ ရှိသည့်
နည်းတူ လီဗာပူးလ်အသင်းမှာ ကိုယ်ပိုင် သော၊ အစောပိုင်း လူငယ်ဘဝ၏ တစ် စိတ်တစ်ပိုင်း ဖြစ်လာသည်အထိ
ဖြစ်လာ သော ဘောလုံးကလပ်အသင်း တစ်ခု ဖြစ်လာခဲ့သည။

အနီရောင်ဂျာစီ အင်္ကျီနှင့် ဘောင်းဘီ၊ တစ်ချိန်က သရဖူဆောင်းခဲ့သော တောက်ပသည့် သမိုင်းကြောင်း၊
ပရိသတ် များ၏ သံမြိုင်စွာအားပေးမှု၊ ကလပ် အသင်း၏ မူပိုင် You will never walk aloneသီချင်းတို့က အင်္ဂလိပ်လိဂ်တွင် ၁၉၉၀ ခုနှစ်ကတည်းက ဖလားမရခဲ့ပေမဲ့ နှစ်ခြိုက်စွာ အားပေးခဲ့သောအသင်း ဖြစ်လာခဲ့သည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးဆက် ကျော်သက်အရွယ်က စွဲစွဲလမ်းလမ်း စကြည့်ဖြစ်ခဲ့သော အင်္ဂလိပ် ပရီးမီးယား လိဂ်နှင့်
ဥရောပ လိဂ်တို့မှာ တီဗွီတွင် တိုက်ရိုက်ကြည့်ရသော အခြား ကမ္ဘာမှ အားကစားပြိုင်ပွဲ၊ ဖျော်ဖြေပွဲတစ်ခုထက် ဘာမျှ မပိုခဲ့ပါ။ ရုပ်ရှင်ကားများမှ တစ်ဆင့် တွေ့ရသော အနောက်ကမ္ဘာ၊ တီဗွီအစီအစဉ်များမှ တစ်ဆင့်တွေ့ရသော ဥရောပ ဘောလုံးလိဂ်ပြိုင်ပွဲများမှာ ကိုယ်လက် လှမ်းမမီသောလူ့လောကတွင် ဖြစ်နေ သော အဖြစ်အပျက်များသက်သက်သာ ဖြစ်သည်။

အနောက်ကမ္ဘာရှိ
ချမ်းသာခြင်း၊ ခေတ်မီတိုးတက်ခြင်းနှင့် မြန်မာနိုင်ငံရှိ ဆင်းရဲခြင်းတို့မှာ ကမာ်္ဘကြီးတွင်
ဖြစ်နေ သော သာမန်အဖြစ်အပျက်တစ်ခု အဖြစ်သာ စိတ်တွင်ရှိခဲ့သည်။ အမှန်တိုင်း ဝန်ခံရလျှင်
ဆက်ကျော်သက်အရွယ် နောက်ဆုံးနှစ်ပိုင်းများ အထိ မြန်မာနိုင်ငံ ဆင်းရဲသည်ဟုပင် မထင်ခဲ့။
စစ်အစိုးရက ဂျင်းထည့်ထားသော ဝါဒဖြန့်ချိရေး မှိုင်း လုံးများကြောင့် မြန်မာနိုင်ငံသည်
ဆင်းရဲသည်ဟုပင်မထင်။

သယံဇာတပေါကြွယ်သော၊စုစည်း ညီညွတ်မှုရှိသော၊ အင်အားတောင့်တင်း သော တပ်မတော်ကြီးကို ပိုင်ဆိုင်သော ဂုဏ်ယူဖွယ်ရာပြည်ထောင်စု နိုင်ငံကြီး တစ်ခု အဖြစ် ထင်ယောင်မှတ်မှားခဲ့သည်။ လူမှုပတ်ဝန်းကျင်က မျိုးဆက်ပေါင်းများစွာ
လက်ဆင့်ကမ်းခဲ့သော ထုံးတမ်း အစဉ်အလာအယူအဆများ၊ အစွဲအလမ်း များကလည်း မြန်မာနိုင်ငံကိုနေပျော် သော၊ အခြားသော ဒေသများထက်ပင် မြင့်မြတ်သော လူဘုံနယ်မြေတစ်ခု အဖြစ် ထင်မှတ်စေခဲ့သည်။

ငယ်ငယ်က ရည်မှန်းချက်ကလည်းအထူးအထွေ မရှိလှ။ ရုပ်ရှင်၊ ဗီဒီယိုများတွင် တွေ့ရလေ့ရှိသော ရန်ကုန်မြို့တော် ကြီး
အနည်းဆုံး တစ်ကြိမ် နှစ်ကြိမ်မျှတော့ ရောက်ဖူးလိုသည်။ ကျေးရွာဘောလုံး လက်ရွေးစင် အသင်းတွင်ကစားလိုသည်။ ထိုမျှသာ။

အင်္ဂလန်ပြည်မှလီဗာပူးလ်မြို့  ဆင်ခြေဖုံးရှိ အန်ဖီးလ်ဘောလုံးကွင်းသို့ရောက်ဖို့ဆိုသည်မျှ ငယ်ငယ်က တစ်ခါ မျှပင် ယောင်လို့တောင် မတွေးခဲ့မိသော အခြေအနေ သက်သက်သာဖြစ်သည်။

သို့သော်ယခုတော့ နှစ်ပေါင်းများစွာ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်ဝန်းကျင်ကဲ့သို့ ရင်းနှီးကျွမ်းဝင်ခဲ့သောအန်ဖီးလ်ကွင်း၏ အငွေ့အသက်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားရဖို့ အခြေအနေက ပေးလာသည်။

ဘရစ်္စတိုတွင်ပထမလေးလပတ် အတန်းများပြီးချိန်တွင် အန်ဖီးလ်ကွင်းဝင် ကြေး လက်မှတ်ဈေးနှုန်းကို အွန်လိုင်းတွင်
ရှာကြည့်သည်။ တော်တော့်ကို ဈေးကြီး နေလေသည်။ ပွဲအပေါ်မူတည်၍ လက်မှတ် တစ်စောင်လျှင်အနိမ့်ဆုံး ပေါင် ၂၀၀ (မြန်မာငွေ လေးသိန်း) နှင့် အထက်ရှိ သည်။ မေလလယ်တွင် ကစားမည့်ရာသီ နောက်ဆုံးပွဲဆိုလျှင် အနိမ့်ဆုံး ပေါင် ၁၇၀၀ (မြန်မာငွေ ၃၅ သိန်းကျော်) ဈေး ပေါက်နေသည်။

၂၀၁၉ ဘောလုံးရာသီ အလယ်ပိုင်းတွင် လီဗာပူးလ်အသင်း အမှတ်ပေး ဖလား ထိပ်သို့ရောက်နေပြီး
ပရိသတ်စိတ်ဝင်စားမှုကလည်း များနေ သောကြောင့် လက်မှတ်ဈေးများက ခေါင် ခိုက်နေခြင်း ဖြစ်သည်။

ထိုကြောင့်ပင်လျှင်ကွင်းအတွင်းကို တော့ နောက်နှစ်ဘောလုံးရာသီရောက်မှ ကြိုဝယ်ကာ သွားကြည့်တော့မည်။ ဘာပဲ
ဖြစ်ဖြစ် ပရီးယားလိဂ်နောက်ဆုံးပွဲနေ့ကို တော့ လီဗာပူးလ်မြို့သူ မြို့သူများနှင့် အတူတူရုပ်သံမှ ကြည့်မည်ဟု ဆုံးဖြတ်လိုက် သည်။ ကံကောင်းသည်မှာ ပရီးမီးယား လိဂ်နောက်ဆုံးပွဲကန်မည့် မေလ ၁၂ ရက် သည် တက်္ကသိုလ် ဒုတိယလေးလပတ် အပိုင်းအတွက် စာတမ်းများ တင်ပြီး နောက်တွင်မှဖြစ်နေခြင်းဖြစ်သည်။ ထိုကြောင့် စိတ်လွတ်ကိုယ်လွတ် သွားနိုင် သည်။ 

ထိုသို့စဉ်းစားထားလိုက်ပြီးနောက်စာတမ်းများတင်ပြီးချိန်မှ လီဗာပူးလ်သို့ သွားရန် စီစဉ်ရသည်။ ဘောလုံးပွဲရက် မတိုင်မီ
တစ်ပတ်အလိုမှ ကြိုစီစဉ်ခြင်း ဖြစ်သည်။ ကံဆိုးစွာပင် လီဗာပူးလ်မြို့ တွင်းတွင် ဈေးတော်သည့်နေရာမရှိတော့။ မြို့တွင်းသွားရ လာရ အဆင်ပြေမည့် နေရာတွင် နေမည်ဆိုပါက တစ်ရက်ကို ပေါင်၅၀၀ ကျော် (မြန်မာငွေ ၁၀ သိန်းကျော်) ကျသင့်နေသည်။ ထိုအတိုင်းဆို မလွယ်လှ။ အထူးသဖြင့်ဘောလုံးပွဲ ရှိသည့် ရက် မေ ၁၂ ရက်ညတွင် ဈေးတော် သော အခန်း လုံးလုံးမျှ မရှိတော့။

တည်းခိုစရာအခန်းဝန်ဆောင်မှု ပေးသည့် လူသိများသော ကြားခံ ကုမ္ပဏီ များဖြစ်သည့် Airbnb, Booking,Expedia စသည့် အင်တာနက်စာမျက်နှာ တွင် အတော်ကြာအောင် မွှေနှောက်ရှာဖွေ ပြီးနောက်မှ အသင့်အတင့်ဈေးသက်
သာသော အခန်းတစ်ခန်းကို မြို့ပြင်တွင် သွားတွေ့သည်။ မနက်စာ အပါ တစ်ရက် ၃၅ ပေါင်တန် ဖြစ်သည်။
သို့သော် မြို့ထဲ မှ တစ်နာရီကျော် ဘတ်စ်ကားစီးရမည် ဖြစ်သည်။ မတတ်နိုင်တော့။

ဘရစ်္စတိုမှလီဗာပူးလ်ကို ဘတ်စ် ကား နှစ်ဆင့်စီးပြီး မေ ၁၁ ရက် ညနေ ပိုင်းတွင် ရောက်သွားသည်။ ရောက်ရောက်
ချင်း မြို့တွင်းတွင် ခဏလမ်းလျှောက် ပတ်ကြည့်သည်။

တစ်ချိန်တစ်ခါကကမ္ဘာကျော် ဆိပ်ကမ်းမြို့ကြီးဖြစ်ခဲ့သော လီဗာပူးလ် မှာ ခေတ်ဟောင်း ဆိပ်ကမ်း ကုန်သွယ်ရေး
မြို့တော်တစ်ခု၏ ခြေရာလက်ရာများ ကျန်သလောက်ကျန်သေးသည်။ သို့ သော်လည်း ခေတ်သစ်အဆောက်အအုံ
များကလည်း ထိုးထိုးထောင်ထောင်ဖြင့် ရောပြွမ်းတည်နေသည်။ ကမ္ဘာပေါ်ရှိ ငွေ ကြေးကြွယ်ဝသောသာမန်မြို့ကြီးတစ်ခု နှင့် ဘာမှ မခြားလှတော့။ ဈေးဝယ်စင်တာ များ၊ မြို့လယ် အပန်းဖြေနေရာများ၊ဗြိတိသျှဟန် ဘားဆိုင်များ၊ စားသောက် ဆိုင်များဖြင့် စည်ကားသလောက် စည်ကားနေသည်။

ထိုနောက်ထိုနေ့ညနေတွင်ပင် မြို့တွင်းမှ နာရီဝက်ကျော်မျှ လိုင်းကား စီးကာ လီဗာပူးလ်မြို့စွန်အန်ဖီးလ်ရပ်မှ အန်ဖီးလ် ဘောလုံးကွင်းကို သွားသည်။ ကိုယ်တွေကဲ့သို့ပင် အန်ဖီးလ်ခရီးသည်တရုတ်လေးငါးဦးကလည်း လိုင်းကား ပေါ်ပါလာသည်။

ကွင်းကိုရောက်တော့ကွင်းဘေး ပန်းခြံနှင့် နီးသော မှတ်တိုင်တွင်ဆင်း သည်။ ကွင်းကို တစ်ပတ်ပတ်သည်။ တီဗွီမှ တစ်ဆင့် နှစ်ပေါင်းများစွာ မြင်နေကြမို့ ကွင်း၏ ဝန်းကျင်မှာ များစွာအသစ်မဟုတ် လှသော်လည်းကိုယ်တိုင်ကိုယ်ကျရောက် သွားသော ခံစားမှုကတော့ တစ်မျိုးတစ် ဘာသာ ထူးဆန်းနေသည်။

ညနေအတန်ငယ်စောင်းနေသော်လည်း လီဗာပူးလ်အသင်း၏ အမှတ်တရ ပစ်္စည်းအရောင်းဆိုင်ကတော့ ဖွင့်သေး သည်။ အမှတ်တရ ပစ်္စည်းအရောင်းဆိုင်ဟုသာ ဆိုသော်လည်း နှစ်ထပ်ကုန် တိုက်ကြီး ဖြစ်သည်။ မနက်ဖြန်တွင် ၂၀၁၈-၁၉ ဘောလုံးရာသီနောက်ဆုံးကို လာကြည့်သော ပရိသတ်များလို့လား တော့ မသိ၊ ကုန်တိုက်တွင် ဝယ်သူ ကြိတ် ကြိတ်တိုး
နေသည်။ အများစုမှာ အာရှသား များဖြစ်သည်။ ထိုင်းနှင့် တရုတ်ကို အများ ဆုံး တွေ့ရသည်။

ပစ္စည်းများကလည်းဈေးကြီးလှ သည်။ ပြင်ပဈေးကွက်တွင် ပေါင် ၂၀ မျှသာ ရှိသော အင်္ကျီတစ်ထည်ကို လီဗာပူးလ်
တံဆိပ် တပ်လိုက်သည်နှင့် ၃၅ ပေါင်ခန့် ဖြစ်သွားသည်။ ဘောလုံး ဂျာစီအင်္ကျီတစ် ထည်ဆိုလျှင်၇၅ ပေါင်အထိ ဈေးပေါက်နေသည်။ ဘောလုံးသမားများ ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ပစ္စည်းဆိုလျှင်တော့ ပေါင် ရာကြီးဂဏန်း အထိရှိသည်။ သို့သော် အာရှသား ပရိသတ် များကတော့ မမှုလှ။

သာမန်ကုန်တိုက် တွင် ဈေးဝယ်သလိုပင် ပစ္စည်များကို ခြင်း တောင်းအတွင်း အများအပြား ထည့်ကာ
ဈေးဝယ်နေသည်။

တိုးတက်သောကမ္ဘာတွင်တော့ ဘောလုံးသည် အားကစားနည်း သက်သက် မဟုတ်တော့ဘဲ စီးပွားရှာရာ ဈေးကွက် ကြီး
တစ်ခု ဖြစ်နေလေပြီ။ အထူးသဖြင့် ဥရောပအခြေစိုက်ဘောလုံးပြိုင်ပွဲများမှာ ယခုဆယ်စုနှစ်ပိုင်းအတွင်းချမ်းသာလာ သော အာရှသားများကို ဦးတည်ပစ်မှတ် ထား ငွေရှာသော ဈေးကွက်ကြီး ဖြစ်နေ လေပြီ။

လွန်ခဲ့သော
နှစ်သုံးလေးဆယ်ခန့် က ပြည်တွင်း လိဂ်ပြိုင်ပွဲလေးတစ်ခုသာ ဖြစ်ပြီး ကွင်းဝင်ကြေး လေးငါးပေါင်ခန့်
သာ ရှိခဲ့သော အင်္ဂလန်ပရီးမီးယားလိဂ်မှာ ယခုအခါ နိုင်ငံတကာလိဂ်ပြိုင်ပွဲကြီး ဖြစ်လာသည်။
ကွင်းဝင်ကြေးကလည်း ပေါင် ထောင်ချီကျသင့်လာသည်။ သို့သော် ကွင်းဝင်ကြေးထက် တစ်ကမာ်္ဘလုံးမှ
ရုပ်သံ ဝင်ငွေမှ ရရှိသော ဝင်ငွေက ပိုများလာ သည်။ ဆက်သွယ်ရေးနည်းပညာတိုးတက်လာခြင်းကလည်း
အင်္ဂလန်အပါ အဝင် ဥရောပ ပြည်တွင်း ဘောလုံးလိဂ် များကို နိုင်ငံတကာပြိုင်ပွဲ ဆန်လာစေသည်။

ဘောလုံးသားများသည်လည်း
လက်ဖျား ငွေပဒေသာပင်သီးလာသည်။ အင်္ဂလန်ရှိ လူလတ်တန်းစား ပညာတတ် တစ်ဦး၏ တစ်နှစ်စာ ဝင်ငွေကို
ဘောလုံးသမားက တစ်ရက်စာဖြင့် ရနိုင်သည် အထိ ဝင်ငွေမညီမျှမှုက များလာသည်။

လီဗာပူးလ်အမှတ်တရပစ္စည်း     အရောင်း ကုန်တိုက်မှ ပစ္စည်းများမှာ သွားရည်ကျစရာ
ဖြစ်သော်လည်း ဈေးကြီး လွန်းသဖြင့် မဝယ်ခဲ့။ နောက်တစ်ခေါက် သွားဖြစ်တော့မှ ဈေးတော်သည့်
ပစ္စည်း တစ်ခုခု အမှတ်တရ ဝယ်မည်ဟု စိတ်မှန်း ကာ တည်းခိုရာနေရာသို့ လိုင်းကား အဆင့်ဆင့်စီးကာ
ပြန်ခဲ့သည်။

မေလ ၁၂ ရက်ဘောလုံးပွဲရက်တွင် တော့ ကွင်းအနီးမသွားဖြစ်တော့။ ရာသီသိမ်းပွဲကို လီဗာပူးလ်မြို့လယ်ကဘားဆိုင်ကြီး တစ်ခုတွင် ရုပ်သံမှ တစ် ဆင့်သာ ကြည့်လိုက်သည်။ ပွဲမစမီ တစ်နာရီခန့်ကြိုရောက်သည့်တိုင်ထိုင် စရာနေရာပင်မရ။ ရာချီသော လူအုပ်နှင့် အတူ ဘားဆိုင်အတွင်း ရပ်ကြည့်ခဲ့ရ သည်။

လူများလွန်းသဖြင့်အချို့လူများမှာ ဘားဆိုင် အဝမှ လှည့်ပြန်ခဲ့ရသည်။

လီဗာပူးလ်မှာရာသီသိမ်းပွဲတွင် အနိုင်ရသော်လည်း လီဗာပူးလ်ထက် တစ်မှတ်သာနေသော မန်ချက်စတာ စီးတီး အသင်းမှာလည်းအနိုင်ရသဖြင့် လီဗာပူးလ်မှာ ယခုရာသီတွင် ဒုတိယဖြင့် သာ ကျေနပ်လိုက်ရသည်။ မန်ချက်စတာစီးတီးတော့ ဗိုလ်စွဲသွားသည်။ လီဗာပူးလ် မှာ နှစ်ပေါင်း ၃၀ အတွင်း အင်္ဂလန်ပြည်တွင်း လိဂ်ဗိုလ်မစွဲဖူးသေးသော စံချိန် ကို နာကျင်စွာပင် ဆက်လက်ထိန်းထား လိုက် ရသည်။

ပွဲမတိုင်မီကမြို့တွင်းတွင် အော်ဟစ် ဆူညံ သီချင်းသီနေသော ပရိသတ်အုပ် ကြီးမှာ ပွဲပြီးတော့ တီးတိုးသဖန်းပိုးသာ
စကားပြောနိုင်တော့သည်။ ပရိသတ် အချို့ကတော့ မန်ချက်စတာစီးတီးကို ရှုတ်ချသရော်သော သီချင်းများသီဆိုကြ သည်။

မြို့ပြင်မြစ်ကမ်းဘေးမှ ဟိုတယ် လေးကို ပြန်ရောက်တော့ ဟိုတယ် စားသောက်ဆိုင်တွင် တီးဝိုင်းတစ်ခုကဖျော်ဖြေနေသည်။ လီဗားပူးလ် ယခုနှစ် အကောင်းဆုံး ကစားနိုင်သော်လည်း တစ်မှတ်ဖြင့် ကပ်ကာဒုတိယရသည့် အရေးကို ဟိုတယ် စားသောက်ဆိုင် လေးတွင် ပြောဆိုငြင်းခုံနေကြသည်။

လီဗာပူးလ်သို့ရက်တိုခရီးတွင် အန်ဖီးလ်ကွင်းအတွင်းအထိ ဝင်ရောက် ခွင့် မကြုံလိုက်နိုင်သော်လည်း ကျောင်းမ
ပြီးမီတော့ ရအောင်သွားရဦးမည်။ ယခု တစ်ခေါက်တော့ အမြည်းခရီးစဉ် အဖြစ် သာ သဘောထားလိုက်သည်။

အင်္ဂလန် ပြည်တွင်းလိဂ်တွင်ဒုတိယဖြင့် ကျေနပ်လိုက်ရသော်လည်း ဥရောပရှိ နိုင်ငံအသီးသီးမှ ထိပ်တန်းအသင်း များသာ ယှဉ်ပြိုင်နိုင်သောဥရောပ ချန်ပံလိဂ်တွင် ဗိုလ်စွဲဖို့ လီဗာပူးလ်တွင် အခွင့်အလမ်းကျန်သေးသည်။

ဗိုလ်လုပွဲကိုတော့တင်ဟမ်စပါး အသင်းနှင့် စပိန်မြို့တော် မက်ဒရစ်တွင် ဇွန်လ ၁ ရက်တွင် ကစားရမည်ဖြစ်
သည်။

ပြည်တွင်းလိဂ်တွင် ဖလားလက်မဲ့ ဖြစ်သွားသော်လည်း လက်မလျှော့ လေနှင့်ဦး။ မက်ဒရစ်မှာ ဆုံကြပါစို့။

ဖစု