ဘိလပ်မြေဖျော်အိုးနှင့်အတူ လမ်းဘေးသို့ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

0
561

ကော့သောင်းတွင် ဘိလပ်မြေအိုး နှင့်အတူ လမ်းဘေးသို့ ပြုတ်ကျခဲ့သည့် အသက် ၁၄ နှစ်အရွယ်ရှိ လူငယ်တစ်ဦး သေဆုံးသွားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကော့သောင်း-ဘုတ်ပြင်းကား လမ်းတွင် လမ်းလုပ်သားဖြစ်သည့် ဖခင်ဖြစ် သူနှင့် အဖော်လိုက်သွားပြီး လမ်းဘေးရှိ ဘိလပ်မြေအိုးကို မီ၍ ထိုင်နေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုနောက် ဘိလပ်မြေဖျော်အိုးနှင့် အတူ ရုတ်တရက်လမ်းဘေးထိုးကျသွားပြီး လူငယ်၏ ဦးခေါင်းတွင် ဒဏ်ရာများရရှိ ကာ သတိလစ်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဒဏ်ရာရသည့် လူငယ်အား ခမောက် ကြီးပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် ကော့သောင်းပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆေးရုံ၌ ကုသနေစဉ် အဆိုပါ လူငယ်မှာ သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ခမောက်ကြီး နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch